ဗုဒ္ဓဘာသာထုံးတမ်းစဉ်လာတွင် ကျေးဇူးဆပ်၍မကုန်နိုင်သော ပုဂ္ဂိုလ်ငါးယောက်ရှိသည်ဟု ဖော်ပြ ထားပါသည်၊၊
(၁) ဘုရားရှင်၊
(၂) တရား၊
(၃) သံဃာ၊
(၁) ဘုရားရှင်၊
(၂) တရား၊
(၃) သံဃာ၊
(၄) မိဘ၊
(၅) ဆရာ တို့ဖြစ်ကြပါသည်၊၊
ဗုဒ္ဓဘာသာဝင်တို့တွင်မက လူသားတိုင်းတွင်လည်း သက်ဆိုင်ရာဘာသာရေးမှ ဘုရား၊ သင်ပြချက်၊ ဘာသာရေးခေါင်းဆောင်များနှင့် ၊ မိဘ၊ ဆရာဟူ၍နည်းတူပင်ရှိကြပါသည်၊ ၊
ဖော်ပြထားသည့် ပုဂ္ဂိုလ်ငါးယောက်တို့၏ကျေးဇူး သည် များလွန်းသဖြင့်ရေတွက်ရန် မတတ်သာသော ကြောင့် ပါဠိစာပေတွင် “အနန္တကျေးဇူးရှင်များ”ဟူ၍ အထူးပြုသုံးနှုံးထားပါသည်၊၊
လူတစ်ယောက်အတွက် နေ့စဉ်ဘ၀ရောက်ပြီးချိန်တွင် မည်မျှခက်ခဲသည်ဆိုစေကာမူ ဘ၀ရပ်တည်မှု အခက်ခဲဆုံးအချိန်သည် မိခင်၏၀မ်းတွင်သန္ဓေနေရချိန် ဖြစ်ပါသည်၊၊ သန္ဓေသားအတွက်တင်မက ထိုအချိန်သည် မိခင်လောင်း၏ဘ၀ရှင်သန်ရပ်တည်မှုသည်လည်း အခက်ခဲဆုံးနှင့်သေဆုံးရန်အနီးဆုံး အချိန်ဟုဆိုလျင် မမှားနိုင်ပါ၊၊
မိခင်များသည် ရင်သွေးငယ်အတွက် အဆင်အပြေဆုံးနှင့်သက်သာမှုအဖြစ်စေဆုံး နည်းလမ်းများကို လေ့လာစုံစမ်း၍ နေထိုင်စားသောက်ကြရပါသည်၊၊ ဤသို့ဖြင့် ရင်သွေးငယ်လူသားမျိုးဆက်များကို မိဘတို့မွေးဖွားပေးကြရပါသည် ၊၊
မိဘများသည် သားသမီးများအတွက် လက်ဦးဆရာဖြစ်ကြပါသည်၊၊ ရင်သွေးများအတွက် ဘာသာစကားနှင့်
ဗုဒ္ဓဘာသာဝင်တို့တွင်မက လူသားတိုင်းတွင်လည်း သက်ဆိုင်ရာဘာသာရေးမှ ဘုရား၊ သင်ပြချက်၊ ဘာသာရေးခေါင်းဆောင်များနှင်
ဖော်ပြထားသည့် ပုဂ္ဂိုလ်ငါးယောက်တို့၏ကျေးဇူး သည် များလွန်းသဖြင့်ရေတွက်ရန် မတတ်သာသော ကြောင့် ပါဠိစာပေတွင် “အနန္တကျေးဇူးရှင်များ”ဟူ၍ အထူးပြုသုံးနှုံးထားပါသည်၊၊
လူတစ်ယောက်အတွက် နေ့စဉ်ဘ၀ရောက်ပြီးချိန်တွင်
မိခင်များသည် ရင်သွေးငယ်အတွက် အဆင်အပြေဆုံးနှင့်သက်သာမှုအဖြစ်စေဆုံး နည်းလမ်းများကို လေ့လာစုံစမ်း၍ နေထိုင်စားသောက်ကြရပါသည်၊၊ ဤသို့ဖြင့် ရင်သွေးငယ်လူသားမျိုးဆက်မျာ
မိဘများသည် သားသမီးများအတွက် လက်ဦးဆရာဖြစ်ကြပါသည်၊၊ ရင်သွေးများအတွက် ဘာသာစကားနှင့်
နေ့စဉ်ဘ၀ပြုမူနေထိုင်ပုံများကို မိဘများမှသင်ပေးကြရပြီး၊ လူလားမြောက်သော် စာသင် ကျောင်းများသို့ ပိုပြီးပညာများကိုသင်စေကြရပါသည်၊၊
ကလေးများအတွက် ကျောင်းများသည်မည်မျှအသင်အြ ပကောင်းစေကာမူ အိမ်ပြန်ရောက်ချိန်တွင် မိဘများမှ ပံ့ပိုးသင်ပြမှုမရှိလျင် သားသမီးများ၏ပညာရေး ထက်မြက်တိုးတက်လာနိုင်မည် မဟုတ်ပါ ချေ၊၊
မိဘနှစ်ဦးတို့သည် သားသမီးဆယ်ဦးခန့်ကို သန္ဓေဘ၀တာဝန်ယူရခြင်း၊ ပညာရေးတာဝန်ယူရခြင်း၊ စီးပွားရေးတွင် အရင်းအနှီးပေး၍ဖြစ်စေ၊ လမ်းပြ၍ဖြစ်စေပျိုးထောင်ပေး ရခြင်း၊ အိမ်ထောင်ပြုရာတွင် တာဝန်ယူပေးရခြင်းနှင့် တစ်သက်တာကိုယ်ပိုင်ပစ္စည်းများကို “အမွေ”ဟူသောအမည်ဖြင့် လွှဲအပ်ရ ခြင်းတာဝန်များကိုကျေပွန်အောင် ထမ်းဆောင်နိုင်ကြလေသည်၊၊
သားသန္ဓေကိုဝမ်းတွင် ထားရချိန်နှင့်မွေးဖွားရချိ န်တွင် မိခင်၏ခန္ဓာဗေဒဆိုင်ရာပျက်စီးမှုများစွာရှိသည် ကိုအသိအမှတ်ပြုမိသည့် သားသမီးအလွန်နည်းပါးလှပါသည် ၊၊ ထို့ကြောင့် သားသမီးမမွေးဖွားရသည့် အပျိုကြီးများနှင့် သားသမီးများစွာမွေးဖွားရသည့်  မိခင်များအရွယ်တင်ပုံခြင်း ကွာခြားခြင်းဖြစ်ပါသည်၊၊
မိဘတို့သည် ရင်သွေးရရှိပြီးလျင် သူတို့ဘ၀အတွက်ဟူ၍ မည်သည့်အရာကိုမျှသိမ်းပိုက် မှုမရှိကြ တော့ဘဲ သားသမီးများအတွက်သာ ဘ၀ကိုမြှုပ်နှံလိုက်ကြတော့သ ည်ကို တွေ့ပါသည်၊၊ ထိုကဲ့သို့ပင် ဘ၀ကိုစတေး၍ ရင်သွေးများကိုပြုစုပျိုးထောင်သူများဖြစ်သောကြောင့် “ကျေးဇူးဆပ်မကုန်သူများ”စာ ရင်းတွင်ပါဝင်ရခြင်း ဖြစ်ပါသည်၊၊
ဗုဒ္ဓဘာသာစာပေနှင့် သင်ပြချက်များအရလေ့လာသုံးသပ်လျင် သာမန်လူများကိုမဆိုထားဘိ၊ မိဘ ကျေးဇူးကိုမြတ်စွာဘုရားရှင် သော်မှ ကျေပွန်အောင်ဆပ်မသွားနိုင်ဟူ၍ နောက်ပိုင်းသီဟိုဠ်ခေတ်များ တွင်ရေးသားသည့် ပါဠိစာပေကျမ်းများတွင် ဖော်ပြထားပါသည်၊၊
မိဘများကို ပါဠိစာပေတွင် “လက်ဦးဆရာများ”ဟူ၍၄င်း၊ “ဗြဟ္မာကြီးများ”ဟူ၍၄င်း အထူးဂုဏ်ပြုခေါ်ဆို ထားသည်ကို လေ့လာရပါသည်၊၊ လက်ဦးဆရာဟူသည်မှာ မိဘတို့သည်သားသမီးတို့အား အဦးဆုံး လူ့ဘ၀အခြေခံပညာရပ်များကို သင်ပေးသောကြောင့်ဖြစ်ပါသည်၊ ၊
ဗြဟ္မာကြီးများဟူသည် မှာ မိဘတို့သည်သားသမီးများနှင့် ပတ်သက်လျင် “ဗြဟ္မ၀ိဟာရတရားလေးမျိုး” ကို ကျင့်သုံးလေ့ရှိသောကြောင့် ဖြစ်ပါသည်၊၊ ဗြဟ္မ၀ိဟာရတရားလေးမျိုးဟူသည် မှာ---
(၁) မေတ္တာ၊
(၂) ကရုဏာ၊
(၃) မုဒိတာ၊
(၄) ဥပေက္ခာတို့ဖြစ်ကြပါသည်၊၊
ချစ်ခြင်း၊ စောင့်ရှောက်ခြင်း၊ အကျိုးလိုလားခြင်း၊ အကျိုးပြုခြင်းများကို “မေတ္တာ”ဟုခေါ်ပါသည်၊၊ မိဘတို့သည် သားသမီးများအပေါ်တွင် မေတ္တာစိတ်မည်မျှကြီးမားသည်ကို လက်တွေ့ဘ၀များတွင်၎င်း၊ စာပေများတွင်လည်း သာဓကများစွာတို့ဖြင့်ဖော်ပြ ထားပါသည်၊၊
သုဒ္ဓေါဓနမင်းကြီးသည် သားတော်ဖြစ်သည့် မြတ်စွာဘုရားရှင်ကို“သားတော်ဘုရားရှင် မိဘတို့၏ သား သမီးများကိုချစ်သည့်စိတ်သည် အရေထူ၊ အရေပါး၊ အသား၊ အကျော၊ အရိုးတို့ကိုဖောက်ထွင်းပြီး ရိုးတွင်းချင်ဆီကိုစွဲ၍ တည်ရှိပါသည်”ဟု လျောက်တင်ခဲ့ဖူးပါသည်၊၊
သနားခြင်း၊ ယုယခြင်း၊ ကြင်နာခြင်းများကို “ကရုဏာ”ဟုခေါ်ပါသည်၊၊ သားသမီးများ၏အလေးအပေါ့ များများကို ရွံရှာခြင်းမရှိဘဲပြုစုနိုင်ခြင်းမှာ ကရုဏာကြောင့်ဖြစ်ပါသည်၊၊ မိဘများ အိုမင်းမစွမ်းရှိသော အခါသားသမီးများမှ အလေးအပေါ့မနိုင်တော့၍ ချောင်ထိုးထားပြီးရွံရှာကြသ ည်ကို တွေ့ရပါသည်၊၊
အမေတို့၏ပါးစပ်တွင်းသို့ သားသမီးတိုင်း၏အလေးအပေါ့ မစင်ဘူးသူဟူ၍မရှိကြောင်း သိရပါသည်၊၊ မိဘတို့သည် သားသမီးတို့၏အလေးအပေါ့ကို မရွံရုံမျှမကအရသာကို စူးစမ်း၍ပင်ကြည့်ပြီး၊ လိုအပ် သည့်ဆေးဝါးများကို သားငယ်သမီးငယ်များကို တိုက်ကျွေးလေ့ရှိပါသည်၊၊
သားသမီးများ၏တိုးတက်မှုကို ၀မ်းမြောက်ခြင်း၊ ကျေနပ်အားရခြင်းများကို “မုဒိတာ”ဟုခေါ်ပါသည်၊၊ မှန်ပါသည်၊၊ တချို့မိဘများသည် ကိုယ်တိုင်စာမတတ်ကြပါ၊ သားသမီးများကိုမူ ပညာတတ်အောင် သင်ပေးကြလေသည်၊၊
ပညာစုံသောအခါ အလုပ်ကောင်းများဖြင့် သားသမီးအချို့သည်မိဘများထက်
ချမ်းသာကြွယ်ဝတတ် ကြပါသည်၊၊ အိမ်ထောင်ကျကောင်းလျင်
ပိုမိုချမ်းသာကြရပါသည်၊၊ မိဘများသည် သားသမီး၏ချမ်း သာမှုကို
မည်သည့်အခါတွင်မှမနာလိုသည်မ ရှိဘဲ ကျေနပ်အားရကြသည်ချည်းသာ ဖြစ်ပါသည်၊၊
ချစ်ခြင်းမေတ္တာကြီးမားသည့်တိုင် သားသမီးတို့၏စီးပွားဥစ္စာများနှင့်၊ ခွဲခွါမှုဒဏ်ကိုသည်းခံနိုင်ြ ခင်းကို “ဥပေက္ခာ”ဟု ခေါ်ပါသည်၊၊ ဤနေရာတွင်အချို့က “လျစ်လျူရှုခြင်းကို-ဥပေက္ခာ” ဟု ပြောလေ့ရှိကြပါ သည်၊၊
သဘာဝယုတ္တိဖြင့် လေ့လာကြည့်လျင်မိဘတို့သည် သားသမီးများကိုမည့်သည့်အချိ န်တွင်မှ လျစ် လျူရှုလေ့မရှိဘဲ သားသမီးတို့၏ပိုင်ဆိုင်မှုကို လိုလားတပ်မက်ခြင်းမှဝေးခြင်းကိုသာ မိဘတို့၏ဥပေက္ခာ သဘောတရားဟူ၍ မှတ်သားသင့်ပါသည်၊၊
ထို့ထက်ပို၍ မိဘများသည် သားသမီးတို့၏ကိုယ်ရေးကိုယ်တာကိစ္စများကို ၀င်ရောက်စွတ်ဖက်မှု မရှိခြင်းများနှင့်၊ သားသမီးများကို လွပ်လပ်စွာဆုံးဖြတ်ပိုင်ခွင့်ပေးခြင်းများကိုလည်း မိဘတို့၏ဥပေက္ခာ သဘောတရားများဟူ၍ မှတ်သားနိုင်ပါသည်၊၊
ဗြဟ္မ၀ိဟာရတရားလေးမျိုးသည် နာမည်အားဖြင့်သီးခြားစီဖြစ် သော်လည်း တစ်မျိုး၏အထဲတွင် အခြား တစ်မျိုး၏ အနှစ်သာရနှင့်သဘောတရားများပါဝင်ပြီးဖြစ်၍၊ ခွဲခြားမရကောင်းသော မိဘတို့၏သား သမီးများအပေါ်ထားရှိသည့် စိတ်ဓာတ်အခြေခံစွမ်းရည်များ ဖြစ်ကြောင်း မှတ်သားရပါမည်၊၊
ဤတရားလေးမျိုးသည် ဘာသာအယူအဆမတူသည်ဖြစ်စေ တူသည်ဖြစ်စေ မိဘတိုင်းတွင်ရှိကြပါ သည်၊၊ ချွင်းချက်အားဖြင့် သားသမီးကိုစွန့်ပြစ်သည့်မိဘ အချို့နှင့် သားသမီးနှင့်အဆင်မပြေသည့် မိဘအချို့လည်းရှိတတ်ပါသေးသည်၊၊ ထိုသို့ဖြစ်ရခြင်းမှာ မိမိ၏ဘ၀ကံကြမ္မာ မကောင်းခဲ့ခြင်းကြောင့် သာ ဖြစ်ရပါသည်၊၊
ထိုသို့ဖြစ်ရခြင်းအပေါ်တွင် မိဘအပေါ်စော်ကားမိသူများနှင့်  ကျေးဇူးမဲ့ကိုပြုမိသူများသည်
ဘ၀အ ဆက်ဆက် ဆိုးသည်ထက်ဆိုးသည့် မိသားစုပတ်ဝန်းကျင်နှင့်သာ
တွေ့ရတတ်သောကြောင့် မိဘများ အပေါ် သားသမီးများအနေဖြင့်
ကျေသင့်သည့်တာဝန်ကိုကျေပွန် စေရန် ကြိုးစားသင့်လှပါသည်၊၊
“မိဘများသည် သားသမီးတို့အိမ်တွင် အမြဲတန်းဧည့်သည်ဖြစ်ခွင့်ရှိသူများ ဖြစ်ကြပါသည်၊၊ သားသမီး များအနေဖြင့် မိဘများမိမိတို့အိမ်သို့ လာရောက်ခဲ့သော်လက်မခံခဲ့လျင် သားသမီးတာဝန်ပျက်ကွက် ခြင်းသာဖြစ်ပါသည်၊၊”
“ပရာဘ၀သုတ်”တွင် “သားသမီးများသည် စီးပွားပြည့်စုံနေပါလျက် အရွယ်လွန်ပြီးသည့် မိဘများ ကို
ကလေးများအတွက် ကျောင်းများသည်မည်မျှအသင်အြ
မိဘနှစ်ဦးတို့သည် သားသမီးဆယ်ဦးခန့်ကို သန္ဓေဘ၀တာဝန်ယူရခြင်း၊ ပညာရေးတာဝန်ယူရခြင်း၊ စီးပွားရေးတွင် အရင်းအနှီးပေး၍ဖြစ်စေ၊ လမ်းပြ၍ဖြစ်စေပျိုးထောင်ပေး
သားသန္ဓေကိုဝမ်းတွင် ထားရချိန်နှင့်မွေးဖွားရချိ
မိဘတို့သည် ရင်သွေးရရှိပြီးလျင် သူတို့ဘ၀အတွက်ဟူ၍ မည်သည့်အရာကိုမျှသိမ်းပိုက်
ဗုဒ္ဓဘာသာစာပေနှင့် သင်ပြချက်များအရလေ့လာသုံးသပ
မိဘများကို ပါဠိစာပေတွင် “လက်ဦးဆရာများ”ဟူ၍၄င်း၊ “ဗြဟ္မာကြီးများ”ဟူ၍၄င်း အထူးဂုဏ်ပြုခေါ်ဆို ထားသည်ကို လေ့လာရပါသည်၊၊ လက်ဦးဆရာဟူသည်မှာ မိဘတို့သည်သားသမီးတို့အား အဦးဆုံး လူ့ဘ၀အခြေခံပညာရပ်များကို သင်ပေးသောကြောင့်ဖြစ်ပါသည်၊
ဗြဟ္မာကြီးများဟူသည် မှာ မိဘတို့သည်သားသမီးများနှင့်
(၁) မေတ္တာ၊
(၂) ကရုဏာ၊
(၃) မုဒိတာ၊
(၄) ဥပေက္ခာတို့ဖြစ်ကြပါသည်၊၊
ချစ်ခြင်း၊ စောင့်ရှောက်ခြင်း၊ အကျိုးလိုလားခြင်း၊ အကျိုးပြုခြင်းများကို “မေတ္တာ”ဟုခေါ်ပါသည်၊၊ မိဘတို့သည် သားသမီးများအပေါ်တွင် မေတ္တာစိတ်မည်မျှကြီးမားသည်က
သုဒ္ဓေါဓနမင်းကြီးသည် သားတော်ဖြစ်သည့် မြတ်စွာဘုရားရှင်ကို“သားတော
သနားခြင်း၊ ယုယခြင်း၊ ကြင်နာခြင်းများကို “ကရုဏာ”ဟုခေါ်ပါသည်၊၊ သားသမီးများ၏အလေးအပေါ့ များများကို ရွံရှာခြင်းမရှိဘဲပြုစုနိုင
အမေတို့၏ပါးစပ်တွင်းသို့ သားသမီးတိုင်း၏အလေးအပေါ့ မစင်ဘူးသူဟူ၍မရှိကြောင်း သိရပါသည်၊၊ မိဘတို့သည် သားသမီးတို့၏အလေးအပေါ့ကို မရွံရုံမျှမကအရသာကို စူးစမ်း၍ပင်ကြည့်ပြီး၊ လိုအပ် သည့်ဆေးဝါးများကို သားငယ်သမီးငယ်များကို တိုက်ကျွေးလေ့ရှိပါသည်၊၊
သားသမီးများ၏တိုးတက်မှုကို ၀မ်းမြောက်ခြင်း၊ ကျေနပ်အားရခြင်းများကို “မုဒိတာ”ဟုခေါ်ပါသည်၊၊ မှန်ပါသည်၊၊ တချို့မိဘများသည် ကိုယ်တိုင်စာမတတ်ကြပါ၊ သားသမီးများကိုမူ ပညာတတ်အောင် သင်ပေးကြလေသည်၊၊
ပညာစုံသောအခါ အလုပ်ကောင်းများဖြင့် သားသမီးအချို့သည်မိဘများထက်
ချစ်ခြင်းမေတ္တာကြီးမားသည့်တ
သဘာဝယုတ္တိဖြင့် လေ့လာကြည့်လျင်မိဘတို့သည် သားသမီးများကိုမည့်သည့်အချိ
ထို့ထက်ပို၍ မိဘများသည် သားသမီးတို့၏ကိုယ်ရေးကိုယ်တ
ဗြဟ္မ၀ိဟာရတရားလေးမျိုးသည် နာမည်အားဖြင့်သီးခြားစီဖြစ်
ဤတရားလေးမျိုးသည် ဘာသာအယူအဆမတူသည်ဖြစ်စေ တူသည်ဖြစ်စေ မိဘတိုင်းတွင်ရှိကြပါ သည်၊၊ ချွင်းချက်အားဖြင့် သားသမီးကိုစွန့်ပြစ်သည့်မိဘ
ထိုသို့ဖြစ်ရခြင်းအပေါ်တွင် မိဘအပေါ်စော်ကားမိသူများနှင်
“မိဘများသည် သားသမီးတို့အိမ်တွင် အမြဲတန်းဧည့်သည်ဖြစ်ခွင့်ရှ
“ပရာဘ၀သုတ်”တွင် “သားသမီးများသည် စီးပွားပြည့်စုံနေပါလျက် အရွယ်လွန်ပြီးသည့် မိဘများ ကို
ထောက်ပံ့မှုပျက်ကွက်ခဲ့လျင် ဘ၀နှင့်သံသရာကျရှုံးခြင်း၏အေ ကြာင်း ဖြစ်သည်”ဟု မြတ်စွာဘုရားရှင် ညွန်ပြ ထားပါသည်၊၊
“မိဘကိုပြုစုမှုမရှိဘဲ စွန့်ပြစ်သည့်သားသမီးများသည် လက်ရှိဘ၀တွင်အများကဲ့ရဲ့ခြင်းကို ခံရတတ်ပြီး၊၊ အကုသိုလ်ပွားများလျက်ရှိသည် ၊၊ သေလွန်သော် အပါယ်ငရဲသို့ကျရသည်”ဟုပါဠိေ တ်ာတွင်
ဖော်ပြ ထားပါသည်၊၊ ဆန့်ကျင်ဘက်အားဖြင့် “မိဘများကို ပြုစုလုပ်ကျွေး
သည့်သားသမီးသည်ကို ပညာရှိသူ၊ သူတော်ကောင်း”ဟုခေါ်ကြောင်း ဖော်ပြထားပါသည်၊၊
မင်္ဂလသုတ်တွင် “မိဘကိုလုပ်ကျွေးပြုစုခြင်း သည် မင်္ဂလာတစ်မျိုးဖြစ်သည်”ဟု ဆိုပါသည်၊၊ “သားသမီး သည် တိုးတက်လာသောစီးပွားရေးဖြင့်  မိဘကိုနှစ်သက်စေ၏၊ ပြုစုလုပ်ကျွေး၏၊ ထိုစီးပွားဥစ္စာကို ရန် သူမျိုးငါးပါးတို့ကမဖြက်ဆီး နိုင်ဘဲ ထာဝရတည်တန့်သည်”ဟု အခြားသောပါဠိတော်တနေရာတွင် ဖော် ပြထားပါသည်၊၊
သိင်္ဂါလောဝါဒသုတ်တွင် “မိဘတာဝန်”နှင့်“သားသမီးတာဝ န်”များကိုလည်း မြတ်စွာဘုရားရှင်သည် တိ ကျစွာ လမ်းညွန်ထားပါသည်၊၊ မိဘများနှင့် သားသမီးများတို့သည် မြတ်စွာဘုရားရှင်ညွန်ပြတော် မူ သည့်တာဝန်များကိုကျေပွန်ကြလျင် မိဘနှင့်သားသမီး ချစ်မငြီးဘဲပျော်ရွှင်ဖွယ် သားသမီးနှင့်မိဘ ဆက်ဆံရေးကိုရရှိမည် ဖြစ်ပါသည်၊၊
မိသားစုတစ်စုတွင် မိဘနှစ်ဦးတို့သည် သားသမီး(၁၀)ခန့်ကို ပြုစုပျိုးထောင်နိုင်ကြသော် လည်း မိဘ နှစ်ဦးကို သားသမီး(၁၀)ဦးတို့မှ ၀မ်းဝအောင်မကျွေးမွေးနိုင်သ ဖြင့် မိဘအချို့လမ်းဘေးရောက်ရသည် ကို အရှင်ကိုယ်တိုင်တွေ့ရဘူးပါသ ည်၊ သားသမီးများအနေဖြင့် သတိပြုသင့်လှပါသည်၊၊
အရှင်“ဦးထွန်းလင်ခြံလမ်းရှိ ကျေးဇူးရှင်‘ဆရာကြီးဦးမြကြိုင်’၏
အင်္ဂလိပ်သင်တန်း”တွင် တက်နေစဉ်က ဖြစ်ပါသည်၊၊ သင်တန်းနှင့်
ကိုက်တစ်ရာခန့်လမ်းဘေးတွင် နေ့စဉ်အဘွားအိုတစ်ဦး မြေနှင့်ဦးခေါင်းကို
ထိထားပြီး တနေကုန်ပိုက်ဆံတောင်းနေသည်ကို တွေ့ရသည်၊၊
ဆရာကြီးမှ မိဘကျေးဇူးနှင့်ဆက်စပ်ပြီး သင်တန်းပို့ချရင်းပြောဆိုနေ ရာမှ အဘွားအိုအကြောင်းကို ပြောပြပါသည်၊၊ နံနက်မိုးမလင်းခင်တွင် ကားတစ်စီးနှင့်သမီးဖြစ်သူမှ မိခင်အိုကြီးကို လမ်းဘေးတွင် ခွက်တစ်လုံးနှင့်ချထားခဲ့ပြီး ညနေမိုးချုပ်မှပြန်လာခေါ်သည် ဟု ပြောပြပါသည်၊၊
ထိုအကြောင်းကို သင်တန်းတက်သည့်ကျောင်းသားများ သိသွားကြသည်ကိုသိသောအခါတွင် အဘွား အိုကို ကျောင်းအနီးသို့လာမချတော့ဘဲ အခြားနေရာတွင်ချထားပြီး တောင်းစေပါသည်၊၊ ဤသည်မှာ အရှင်ကိုယ်တိုင်တွေ့ခဲ့ရသည့်  ဖြစ်စဉ်လေးဖြစ်ပါသည်၊၊
နေ့စဉ်ဘ၀တွင် မိဘနှင့်သားသမီးအဆင်မပြေမှုများစွာကိုလည်း တွေ့ရပါသေးသည်၊၊ ထိုသို့ဖြစ်ရခြင်း မှာမိဘအချို့သည် ဗြဟ္မ၀ိဟာရတရားလေးမျိုးမှ “ဥပေက္ခာစွမ်းရည်”မရှိမှုကြော င့်ဖြစ်ရပြီး၊ အသားသမီး များဘက်မှမူလေးမျိုးလုံးကို သတိမမူသောကြောင့်ဖြစ်ရကြောင်း သုံးသပ်မိပါသည်၊၊
ဆိုလိုသည်မှာ မိဘများအနေဖြင့် သားသမီးများအသက်(၂၅)ကျော်ပြီးလျင် ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ကို ပေးရမည်ဖြစ်ပါသည်၊၊ အများအားဖြင့် မိဘများသည်သားသမီးတို့၏ အိမ်ထောင်ရေးကိုဝင်ရောက်စွပ် ဖက်လေ့ရှိကြပြီး၊ မိဘနှင့်သမီးအကြားပြဿနာများ ဖြစ်ပေါ်လာရခြင်း ဖြစ်ပါသည်၊၊
ပညာရေးနှင့် အလုပ်အကိုင်ရွေးချယ်ရာတွင်လ ည်း သားသမီးများ၏ ၀ါသနာနှင့်သီးခြားစီဖြစ်သော အလုပ်အကိုင်နှင့် ပညာရေးလမ်းကြောင်းများကို အတင်းအကြပ်စီစဉ်ပေးကြရာမှ မလိုအပ်သည့်မိဘ နှင့် သားသမီးပြဿနာများဖြစ်ပေါ်လေ့ ရှိကြပါသည်၊၊
လူဟူသည် ကံအလျောက်လူ့ဘ၀ဟူသည်ကို ရရှိလာကြခြင်းဖြစ်ပါသည်၊၊ သားသမီးတို့အပေါ် ဗြဟ္မ၀ိ ဟာရတရားလေးမျိုးထားနိုင်လျင်ပင် မိဘတို့၏တာဝန်ကျေပွန်ပြီဖြစ်ပါသည်၊၊ အိမ်ထောင်ရေးစသည် များကို ပူပန်စိုးရိမ်ပြီးစီမံပေးခြ င်းကိုမိဘများအနေဖြင့် သတိပြုသင့်လှပါသည်၊၊
“ဗြဟ္မ၀ိဟာရတရားလေးမျိုးကို စာပေတွင်မိဘများကျင့်ရသည်”ဟုသာ ဖော်ပြထားသောကြောင့် သား သမီးများသည် အမှုမဲ့အမှတ်မဲ့သာနေလေ့ရှိကြ ပါသည်၊၊ မိဘနှင့်သားသမီးကြားမှ ပြဿနာအချို့ သည် ဗြဟ္မ၀ိဟာရတရားလေးမျိုးကို သားသမီးများမကျင့်သုံးသေြာေ ကာင့်ဖြစ်ပေါ်လာရသည်ကို သတိပြုမိ သူ အလွန်နည်းပါသည်၊၊
မှန်ပါသည်၊၊ မိဘများသည်လည်း သာမန်လူများသာဖြစ်ကြ၍ သားသမီးများနည်းတူ အခွင့်အရေးရ သင့်ပါသည်၊၊ ဆိုလိုသည်မှာ သားသမီးများအနေဖြင့် မိဘများကိုနေရာတိုင်းတွင် ချုပ်ချယ်ရန်မသင့်ပါ၊၊ ဥပမာအားဖြင့် မိခင်သေဆုံးသဖြင့် ဖခင်များအိမ်ထောင်သစ်ပြုခြင်းနှင့်၊ ဖခင်သေဆုံးသဖြင့် မိခင်များ အိမ်ထောင်သစ်ပြုခဲ့လျင် လက်ခံရမည်ဖြစ်ပါသည်၊၊
အခြားသော မိဘများရသင့်သည့် နေ့စဉ်ဘ၀လွတ်လပ်ခွင့် အခွင့်အရေးများစွာလည်း ရှိပါသေးသည်၊၊ မိဘများသည် သားသမီးများနည်းတူ ပုထုဇဉ်များသာဖြစ်သည်ကို သတိပြုရပါမည်၊၊ လောကီရေး ရာပျော်ရွှင်မှုများနှင့် လူသားဆန်သည့်အပြုအမူများမိဘ များပြုမူခဲ့သော် သားသမီးများမှ နားလည်ပေး ရမည် ဖြစ်ပါသည်၊၊
ဤသည်မှာ ဗြဟ္မ၀ိဟာရတရားလေးမျိုးမှ ဥပေက္ခာတရားကို သားသမီးများမှမိဘများအပေါ် ကျင့်သုံး ခြင်းဖြစ်ပါသည်၊၊ ဗြဟ္မ၀ိဟာရတရားလေးမျိုးကို ဆွေးနွေးခဲ့တင်ပြခဲ့သည့်အတိုင်း မိဘများတွင်မက သားသမီးများပါကျင့်သုံးလိုက်နာကြလျင် မိဘသားသမီး ပြဿနာမီးများမပွားတော့ဘဲ ပျော်ရွှင်ဖွယ် ဆက်ဆံရေးကို ရရှိမည်ဖြစ်ပါသည်၊၊
မိဘကျေးဇူးကို ဆပ်ပုံနှင့်ဆက်စပ်၍ ပါဠိတော်နေရာများစွာတွင် ဖော်ပြထားပါသည်၊၊ မိဘကျေးဇူးများ ကို လောကီနည်းဖြင့်မည်မျှကျေပွန်စေရန်ကြိုးပမ်းစေကာမူ မကျေနိုင်ဟူ၍ဖော်ပြထားပြီး၊ တရားဓမ္မ နည်းအားဖြင့်သာ ကျေပွန်စေနိုင်သည်ဟု ဖော်ပြထားပါသည်၊၊
မိဘများတွင် “သဒ္ဓါ သီလ ပညာစသည့် သူတော်ကောင်းတရား”များနည်းေ နသေးလျင် ပြည့်ဝစေရန် ကျိုးစားပေးခြင်းနှင့်၊ ပြည့်ဝပြီးသည့်မိဘများဖြစ်လျင် ပိုမို၍သူတော်ကောင်းတရား တည်တန့်စေရန် အထောက်အပံ့ပြုပေးခြင်းဖြင့် သာ မိဘများ၏ကျေးဇူးကို ဆပ်နိုင်သည်ဟုဆို ညွန်ပြထားပါသည်၊၊
မြတ်စွာဘုရားရှင်သည် တာဝတိံသာနတ်ပြည်သို့တက်၍ မယ်တော်မာယာနတ်သားကို ပိဋကတ်သုံး ပုံမှ တစ်ပုံဖြစ်သည့်အဘိဓမ္မာပိဋကတ်ကို ဟောပြော၍ကျေးဇူးဆပ်တော်မူသည်ကို
တွေ့ရပါသည်၊၊ ခမည်းတော်ဖြစ်သည့် သုဒ္ဓေါဓနမင်းကြီးကိုလည်း အနာဂါမ်တည်သည်အထိ
တရားတော်များဟော ပြော၍ မိဘကျေးဇူးဆပ်တော်မူသည်ကို
စာရှုသူတို့အတုယူသင့်လှပါသည် ၊၊
ဤတွင် မိဘကျေးဇူးစာတမ်း အတိုင်းအတာတစ်ခုမျှပြီးပြည့် စုံပြီဟု ယူဆပါသည်၊၊ “အလင်းစက်စာပေ မြတ်နိုးသူများ” မိဘကျေးဇူးကိုသိတတ်ပြီး ကျေပွန်စွာဆပ်နိုင်စွမ်းရှိ ကြသည့် လူလိမ္မာ၊ အနာဂတ်၏ အဖိုးတန်၊ လူ့ယဉ်ကျေးများဖြစ်ကြပါစြေေ ကာင်း ဆန္ဒပြုလျက်စာတမ်းကို အဆုံးသတ်အပ်ပါသည်၊၊ ၊၊
အရှင်ကေ၀လ(အလင်းစက်)
{မဟာဝိဇ္ဇာ-သီရိလင်္ကာ}
မကုဋာရာမမြန်မာကျောင်းတိုက် ၊
ကိုလံဘိုမြို့၊ သီရိလင်္ကာနိုင်ငံ
“မိဘကိုပြုစုမှုမရှိဘဲ စွန့်ပြစ်သည့်သားသမီးများသည
မင်္ဂလသုတ်တွင် “မိဘကိုလုပ်ကျွေးပြုစုခြင်း
သိင်္ဂါလောဝါဒသုတ်တွင် “မိဘတာဝန်”နှင့်“သားသမီးတာဝ
မိသားစုတစ်စုတွင် မိဘနှစ်ဦးတို့သည် သားသမီး(၁၀)ခန့်ကို ပြုစုပျိုးထောင်နိုင်ကြသော်
အရှင်“ဦးထွန်းလင်ခြံလမ်းရှ
ဆရာကြီးမှ မိဘကျေးဇူးနှင့်ဆက်စပ်ပြီး သင်တန်းပို့ချရင်းပြောဆိုနေ
ထိုအကြောင်းကို သင်တန်းတက်သည့်ကျောင်းသားမျ
နေ့စဉ်ဘ၀တွင် မိဘနှင့်သားသမီးအဆင်မပြေမှုမ
ဆိုလိုသည်မှာ မိဘများအနေဖြင့် သားသမီးများအသက်(၂၅)ကျော်ပြ
ပညာရေးနှင့် အလုပ်အကိုင်ရွေးချယ်ရာတွင်လ
လူဟူသည် ကံအလျောက်လူ့ဘ၀ဟူသည်ကို ရရှိလာကြခြင်းဖြစ်ပါသည်၊၊ သားသမီးတို့အပေါ် ဗြဟ္မ၀ိ ဟာရတရားလေးမျိုးထားနိုင်လျင
“ဗြဟ္မ၀ိဟာရတရားလေးမျိုးကို စာပေတွင်မိဘများကျင့်ရသည်”ဟ
မှန်ပါသည်၊၊ မိဘများသည်လည်း သာမန်လူများသာဖြစ်ကြ၍ သားသမီးများနည်းတူ အခွင့်အရေးရ သင့်ပါသည်၊၊ ဆိုလိုသည်မှာ သားသမီးများအနေဖြင့် မိဘများကိုနေရာတိုင်းတွင် ချုပ်ချယ်ရန်မသင့်ပါ၊၊ ဥပမာအားဖြင့် မိခင်သေဆုံးသဖြင့် ဖခင်များအိမ်ထောင်သစ်ပြုခြင
အခြားသော မိဘများရသင့်သည့် နေ့စဉ်ဘ၀လွတ်လပ်ခွင့် အခွင့်အရေးများစွာလည်း ရှိပါသေးသည်၊၊ မိဘများသည် သားသမီးများနည်းတူ ပုထုဇဉ်များသာဖြစ်သည်ကို သတိပြုရပါမည်၊၊ လောကီရေး ရာပျော်ရွှင်မှုများနှင့် လူသားဆန်သည့်အပြုအမူများမိဘ
ဤသည်မှာ ဗြဟ္မ၀ိဟာရတရားလေးမျိုးမှ ဥပေက္ခာတရားကို သားသမီးများမှမိဘများအပေါ် ကျင့်သုံး ခြင်းဖြစ်ပါသည်၊၊ ဗြဟ္မ၀ိဟာရတရားလေးမျိုးကို ဆွေးနွေးခဲ့တင်ပြခဲ့သည့်အတု
မိဘကျေးဇူးကို ဆပ်ပုံနှင့်ဆက်စပ်၍ ပါဠိတော်နေရာများစွာတွင် ဖော်ပြထားပါသည်၊၊ မိဘကျေးဇူးများ ကို လောကီနည်းဖြင့်မည်မျှကျေပွန
မိဘများတွင် “သဒ္ဓါ သီလ ပညာစသည့် သူတော်ကောင်းတရား”များနည်းေ
မြတ်စွာဘုရားရှင်သည် တာဝတိံသာနတ်ပြည်သို့တက်၍ မယ်တော်မာယာနတ်သားကို ပိဋကတ်သုံး ပုံမှ တစ်ပုံဖြစ်သည့်အဘိဓမ္မာပိဋကတ
ဤတွင် မိဘကျေးဇူးစာတမ်း အတိုင်းအတာတစ်ခုမျှပြီးပြည်
အရှင်ကေ၀လ(အလင်းစက်)
{မဟာဝိဇ္ဇာ-သီရိလင်္ကာ}
မကုဋာရာမမြန်မာကျောင်းတိုက်
ကိုလံဘိုမြို့၊ သီရိလင်္ကာနိုင်ငံ


No comments:
Post a Comment