မေတ္တာပို့နည်း => ( ကိုယ်စောင့်နတ် အမည် ) =>> ကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာပါစေ။
ဥပမာ။။ (၁) သတ္တပါလ - ဖူးစာရေးနတ် ကိုယ်စိတ်နှစ်ပါးကျန်းမာချမ်းသာပါစေ။
(၁) သတ္တပါလ => ဖူးစာရေးနတ်
(၂) ဝါမေသူရ => စည်းစိမ် ကိုစောင့်သောနတ်
(၃) ဇလသညာ => အလှူဒါန ကိုစောင့်သည့် နတ်(၄) ဃရပါလေ => အိုးအိမ် ကိုစောင့်သည့်နတ်
(၅) စန္ဒီ => ကျက်သရေမင်္ဂလာရှိသောနတ်
(၅) စန္ဒီ => ကျက်သရေမင်္ဂလာရှိသောနတ်
(၆) ကလျာဏီ => အသက်စောင့်နတ်
(၇) ဗလီရာဇာ => အိပ်မက်ပေးသောနတ်
(၈) လက်ချမီးဒေဝီ => ဥစ္စာပေးသည့်နတ်
(၉) သူရဿတီ => ပညာဥာဏ်ကို စောင့်သောနတ်
(၁၀) ဝကပါလ => ခရီးသွားလျှင်စောင့်သောနတ်
(၁၁) နရိန္ဒဒေဝီ => အိပ်စက်လျှင် စောင့်သောနတ်
(၁၂) မဟာပိန္နဲ => အခါခပ်သိမ်းစောင့်သောနတ်
ကိုယ်စောင့်နတ် (၁၂) ပါး မေတ္တာပို့ပွါးနည်း
(၁) သတ္တပါလနတ်ကို (၉) ရက်တိတိ နံနက်တိုင်း (၃၇) ကြိမ် မေတ္တာပို့လျှင် အချစ်ရေးမှန်သမျှ အဆင်ပြေလိမ့်မည်။
(၂) ဝါမေသူရနတ်ကို (၉) ရက်တိတိ နံနက်တိုင်း (၉) ကြိမ် မေတ္တာပို့လျှင် အလုပ်အကိုင်အားလုံး အဆင်ပြေလိမ့်မည်။
(၃) ဇလသညာနတ်ကို နေ့စဉ် (၇) ရက်တိတိ နံနက်တိုင်း (၃၇) ကြိမ် မေတ္တာပို့လျှင် အလှူဒါနကြီးများပြုလုပ်ရလိမ့်မည်။
(၄) ဃရပါလနတ်ကို နေ့စဉ် (သို့မဟုတ်) လိုအပ်သည့်အခါ နံနက်တိုင်း (၃၇) ကြိမ်မေတ္တာပို့လျှင် မိမိ၏ တိုက်တာအိုးအိမ်ခြံမြေများ ရန်သူမျိုးငါးပါး ဘေးမှကင်းလွတ်မည်။
(၅) စန္ဒီနတ်သမီးကို နေ့စဉ်နံနက်တိုင်း (၁၇) ကြိမ်မေတ္တာပို့လျှင် ကျက်သရေမင်္ဂလာအပေါင်းနှင့်ပြည့်စုံမည်။
(၆) ကလျာဏီနတ်ကို အမြဲတမ်း နံနက်တိုင်း (၃၇) ကြိမ်မေတ္တာပို့လျှင် အသက်အန္တရာယ်ထိခိုက်မှုမှ ကင်းဝေးမည်။
(၇) ဗလီရာဇနတ်ကို (၇) ရက်တိတိ နံနက်တိုင်း (၇) ကြိမ်မေတ္တာပို့လျှင် မိမိအလိုဆန္ဒ များ ပြည့်ဝလာမည်။
(၈) လက်ချမီးဒေဝီနတ်ကို နေ့စဉ်နံနက်တိုင်း (၉) ကြိမ်မေတ္တာပို့လျှင် မိမိပြောသမျှ စကားများအောင်မြင်မည်။
(၉) သူရဿတီနတ်သမီးကို (၇) ရက်တိတိ နံနက်တိုင်း (၉) ကြိမ်မေတ္တာပို့လျှင် ပညာရေးအောင်မြင်မှုရမည်။
(၁၀) ဝကပါလနတ်ကို ခရီးမသွားခင် ကြိုတင်၍ (၉) ကြိမ်မေတ္တာပို့လျှင် လမ်းခရီးဘေးအန္တရာယ် မှကင်းဝေးမည်။
(၁၁) နာရိန္ဒာဒေဝီနတ်ကို အိပ်ရာဝင်ခါနီး ညစဉ်ညတိုင်း (၉) ကြိမ်မေတ္တာပို့လျှင် မကောင်းသောအိပ်မက်များ မမြင်မက်နိုင်။
(၁၂) မဟာပိန္နဲနတ်ကို နေ့စဉ်နေ့တိုင်း (၉) ကြိမ်မေတ္တာပို့လျှင် ကျက်သရေမင်္ဂလာ နှင့်ပြည်စုံမည်။
ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ
No comments:
Post a Comment