ဗုဒ္ဓမြတ်စွာဘုရား

ဗုဒ္ဓမြတ်စွာဘုရား
ဤ ဘလော့ပိုင်ရှင်သည် မြတ်ဗုဒ္ဓ၏ အရိပ် အောက်တွင် တည်ရှိပါသော ကြောင့် ဝင်ရောက်ကြည့်ရှု့သူအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေ

Wednesday, 31 October 2012

အမျိုးသားတွေအတွက် ကိန်းဂဏန်း တွေကပြောပြမဲ့ မြန်မာရိုးရာဗေဒင်နည်း

ယောက်ကျာင်္လေးများ ဖတ်ဖြစ်အောင်ဖတ်ပါ ဒီဗေဒင်ဟောကိန်းလေးက အမျိုးသားတွေအတွက် သီးသန့်ဟောကိန်းလေးပါ။ ဘယ်လိုမိန်းမမျိုးရမလဲဆိုတဲ့ မေးခွန်းလေးက အမျိုးသား လူလွတ်တို့ အသိချင်ဆုံး မေးခွန်းလေးပါ။

ကြီးမှာလား၊ ငယ်မှာလား၊ စစ်၊ မစစ်။ ဒါလေးတွေ သိချင်တာပေါ့။ မြန်မာရိုးရာနည်းလေးတစ်ခု ရှိပါတယ်။ လက်ဆင့်ကမ်း ဖော်ပြလိုက်ပါတယ်နော်။ ပထမဆုံး မွေးသက္ကရာဇ်ကို

တော့ သိဖို့လိုတယ်။

မြန်မာခုနှစ် မွေးသက္ကရာဇ် ဖြစ်ရမယ်။ ၄င်းကိုတည်ပြီး (၄) နဲ့ မြှောက်၊ ရလာတဲ့ ကိန်းဂဏန်းကို (၇)နဲ့စား၊ အကြွင်းကို ကြည့် ပြီးဟောကိန်း ထုတ်ထားတာကို ဖတ်ကြည့်ပါ။ လိုချင်တဲ့ အဖြေကိုရပါလိမ့်မယ်။

ဆိုလိုတာက ၁၃၄၀ မှာမွေးတဲ့ အမျိုးသားတစ်ဦး ဘယ်လိုမိန်းမမျိုးနဲ့ ရမလဲဆိုပါစို့။

၁၃၄၀ x ၄ = ၅၃၆၀ ရပါတယ်။

၅၃၆၀ / ၇ (အကြွင်း ကိုရှာရမယ်) အကြွင်း (၅) ရပါတယ်။ အကြွင်း (၅) ဆိုတဲ့နေရာ ဖတ်ရုံပေါ့။

မွေးနှစ်တူတွေ အားလုံးအတွက် တစ်ပုံစံတည်း ဖြစ်နေမှာပေါ့ဆိုတဲ့ မေးခွန်းမေးသင့်တယ်။ ဟုတ်ပါတယ်။ ကိန်းခြင်းအတူတူပါပဲလို့ ပြန်ဖြေပါမည်။ တကယ်တန်း လက်တွေ့ အခြေံတူတာ ချင်းကိုလည်းတွေ့ ရပါတယ်။

အကြွင်း (၁) ။ ရခဲ့ရင် အတော် ကံကောင်းပါပေတယ်။ ကိုယ်ရမယ့် မိန်းကလေးက အလွန်သန့်စင် တဲ့မိန်းကလေးပါ။ ကိုယ်ကျင့်သိက္ခာလုံအောင် ထိန်းတဲ့သူ။ အတွေ့အကြုံကလည်း မရှိသလောက် ပါဘဲ။ရည်းစားတောင်မှ ထားဖူးရဲ့လား မသိ။ အေးအေးနေတတ်တယ်။ လုပ်ငန်းတစ်ဖက်၊ ပညာတစ်ဖက်
ဘ၀တိုက်ပွဲဝင်နေတဲ့သူ။ ကိုယ်ပိုင်အစွမ်းအစနဲ့ အသက်မွေးနိုင်တယ်။ ဥာဏ်ကောင်းတယ်။

တစ်ခါတစ်ခါနွဲ့ဆိုးဆိုးတတ်တယ်။ တည်တည်ကြည်ကြည်နေတယ်၊ သွက်သွက်လက်လက်နဲ့ မိန်းမ သားပါပဲ။ ခေတ်မီတယ်။ ဒါပေမယ့် ခေတ်မဆန်ဘူး။ သိပ်သ၀န်ကြောင်တတ်တာ။ သူ့ရှေ့မှာ သွားပြီး တခြားသူအကြောင်း သွားမပြောလေနဲ့နော်။ စိတ်ကောက်ပြီး ချော့လိုက်ရမှာ အမော။ကိုယ်နဲ့ အဆင်ပြေမယ်။

တစ်ခါတစ်လေ အလွန်လူကြီးဆန်ပြီးအများအားဖြင့် ကလေးဆန်တတ်တဲ့အတွက် ကိုယ့်မိဘနဲ့ တော့ ပြသနာပဲ။ ဘာပဲပြောပြော ကိုယ့်အပေါ်မှာ သစ္စာထားတဲ့သူပေါ့။

အကြွင်း (၂)။ ရခဲ့ရင် ကိုယ့်နှလုံးသား ကိုယ်ပြန်စစ်ကြည့်။ မေတ္တာတရားမှာ အပေးသမား သက်သက်ပါပဲ။ ကိုယ့်ကခွင့်လွှတ်တတ်တယ်။ သနားတတ်တယ်။ ကိုယ်ရမယ့် အိမ်ထောင်က ကရုဏာ အပေါ်အခြေ တည်တဲ့ အိမ်ထောင်မျိုး။ ကိုယ်နဲ့ အကြောင်းပါမဲ့ မိန်းကလေးခမျာ ဘ၀မှာ လူလည် လူရှုပ်တွေရဲ့ လှည့်စားမှုခံရပြီး အသည်းကွဲဒဏ်ရာတွေနဲ့။ သူရဲ့ နောက်ကြောင်းကိုလည်း မခြွင်းမချန် ပြောပြမှာပါ။

သဘောထားကြီးကြီး နဲ့ သူ့ဘ၀ကို သိမ်းပိုက်ကာကွယ်ပေးရမှာ။ သူက အတိတ်လူဟောင်းဆီ စိတ်ညွှတ်မသွားပါဘူး။ ကိုယ်နဲ့ အိမ်ထောင်ကျပြီး အလွန်သာယာတဲ့ အိမ်ထောင်တစ်ခုကို တာဝန်ကျေစွာ တည်ဆောက်မှာပါ။ အချောအလှလေးပါ။ ဘ၀က မလှပေမယ့် ရုပ်ဆင်းရူပကာ အလုံးစုံ ငေးရ လောက်အောင် လှပတဲ့သူ။ အိမ်ထောင်ကို နိုင်နိုင်နင်းနင်း ထိန်းမှာ။ လုပ်တတ် ကိုင်တတ်။

ကိုယ့်မိဘအသိုင်းအ၀ိုင်း အရိပ်အောက်ကို ၀င်လာမှာ။ အောက်ကျို့ပြီး ဆက်ဆံမှာ။ နောက်ဆို ကိုယ့် မိဘတွေကတောင် သမီးအရင်းလေးလို ချစ်မှာ။

အကြွင်း(၃)။ ရခဲ့ရင်တော့ ဆွေကြီးမျိုးကြီးထဲက ဖြစ်ဖြစ်။ မြင့်မြတ်သော အမျိုးအနွယ်ကဖြစ်ဖြစ် ဒီလိုမိန်းကလေးနဲ့ အိမ်ထောင်ကျမှာ။ ဂုဏ်ပကာသန ၀န်းကျင်အလယ်ကပေါ့။ တော်တော်မာနကြီးမှာ၊ စိတ်ကြီး၊ ခေါင်းမာ၊ ပညာတတ် နှလုံးသာချိုသော်လည်း ဘုဂွပြောတတ်ပြီး တော်ရုံတန်ရုံ ကိုအဖက် မလုပ်တတ်တဲ့ မိန်းကလေးမျိုးဖြစ်သည်။

ပညာအတတ်ကို အခြေတည်ပြီး အသက်မွေးတဲ့ မိန်းကလေး။ တစ်ခုတော့ ပြောမယ်။ အိမ်ထောင်ကျပြီးရင် ကိုယ့်အသိုင်းအ၀န်းထဲ သူဝင်မှာမဟုတ်ဘူး။ သူအသိုင်းအ၀န်းထဲ ကိုယ့်ရောက် လိမ့်မယ်။ အနိုင်လိုတာ မဟုတ်ပေမယ့် အနိုင်ကျင့်တာ ၀ါသနာပါတယ်။ သူနဲ့ အိမ်ထောင်ကျပြီး အပေါင်းအသင်း၊ သူငယ်ချင်းမိတ်ဆွေထဲမှ ခပ်ညံ့ညံ့လာလည်ရင်တောင် ရန်ဖြစ်မှာ။

ဒါပေမဲ့ အိမ်ထောင်ကံကောင်းပါတယ်လေ။ အိမ်ထောင်ကြောင့် ဘ၀မှာ ထူးထူးခြားခြား တိုးတတ် မှုလေးတွေရမှာ။ သူကလည်း ကိုယ့်ကို တိုက်တိုက်တွန်း တွန်းလေး အလုပ်လုပ်ခိုင်းမှာ။ ကွယ်ရာမှာ သူငယ်ချင်းတွေက မိန်းမကြောက်လို့ ပြောရင် ငြိမ်ခံပေရော့။

အကြွင်း(၄)။ ရခဲ့ရင် အတော် က္ကနြေ္ဒကြီးပြီးမြင့်တဲ့ အသိုင်းအ၀န်းကြားက တင့်တယ်တဲ့ မိန်းကလေး ကိုယ့်ဘ၀ထဲ တိုးဝင်လာမှာ ပင်တိုင်စံနဲ့ စောင်သမားလေးဇာတ်လိုပေါ့။ သူမက ချစ်လွန်းလို့ အရာ ရာကိုစွန့်ပြီး ဘ၀ကို ပုံအပ်မှာ၊ လေးစားဖို့ကောင်းတဲ့ မိန်းမသားပေါ့။

ဘ၀အတွေ့အကြုံကလဲနည်း၊ပင်ကိုကလည်း ကျောင်းနဲ့အိမ် ဖြတ်သန်းတဲ့ခဲ့တာဆိုတော့ ဘ၀ကလည်း ပြည့်ပြည့်စုံစုံနဲ့ အေးချမ်း ဖြစ်သန်းလာပီး၊ သန့်ဇင်လှတဲ့ သဇင်ပန်းလို တော်ဝင် မိန်းမမျိုးနဲ့ ဆုံစည်းရမှာပါ။ ကိုယ့်ဘ၀ကို သူ ငယ်ချင်းတွေကတောင် မုဒိတာပွား ကြပါလိမ့်မည်။ အလွန်သည်းခံတတ်၊ ခွင့်လွတ်တတ် ပေမယ့် မဟုတ်တာတော့ သွားမလုပ်လေနဲ့ မီးပွင့်သွားမယ်။ မာနခဲမလေး၊ ကိုယ့်မိဘနဲ့ အဆင်ပြေမည်။

အရာရာ ကိုယ့်သဘောပဲ၊ အလုပ်ထွက်လုပ်ချင် လုပ်လိမ့်မည်။ အိမ်ထောင်ကိစ္စ မလစ်ဟာစေရဘူး။ မိန်းမရ ကံကောင်းပါတယ်။ ဒါပေမဲ့ မိန်းမနောက်တစ်ယောက် ရှုပ်ဖို့ မစဉ်းစားနဲ့ ခံနေမှာမဟုတ်ဘဲ တစ်ခါတည်း အပြီးပြတ်စဲပြီး လှည့်တောင်မကြည့် ဘဲ ကွဲပစ်လိုက်မှာ၊ သဘာထားကြီး ခေတ်မှီပေ မယ့် ဒီကိစ္စမျိုးတော့ လုံးဝ ခွင့်မလွတ်တတ်ဘူး။

အကြွင်း(၅)။ ရခဲ့ရင်တော့ ကိုယ့်လူအိမ်ထောင်ကျမယ့် အမျိုးသမီးကတော့ ဆိုရှယ်ခပ်ကျကျထဲကပဲ။ အတော် ခေတ်ရှေ့ပြေးမှာ၊ ဘိုဆန်မှာ၊ ၀တ်တာစားတာ နေတာထိုင်တာ ပြောတာဆိုတာက အစ ခေတ် စကားနဲ့ပြောရရင် Hot short ပေါ့။ လိုကိုယ့်နဲ့တွဲသွားရင်တောင် သူများက ငေးကြည့်ရအောင် စတိုင်ကျ မှာ။ ခေတ်မီတဲ့ အပြင်အဆင်၊ မိတ်ကပ်၊ နှုတ်ခမ်းနီ၊ လက်သည်းခြေသည်းနီ နဲ့ ကြွေရုပ်လေးလိုပေါ့။

စူပါတ်ကြီးတွေမှာ ချိတ်ထားတဲ့ ဟန်ပြမယ်တွေနဲ့ အပြိုင် စတိုင်ကျ စမတ်ကျကျပဲ။ ရည်းစားများတာ လာမပြောနဲ့။ ကိုယ့်တောင် သနားလို့ ယူထားတာ။ အိမ်ထဲမှာ ပိတ်လှောင်ထားဖို့ စိတ်မကူးလေနဲ့။ လွတ်လပ်မှုကို မြတ်နိုးပြီး ကိုယ်ပိုင်အစွမ်းအစ နဲ့ ကိုယ့်တိုင် အလုပ်လုပ်ရမှ ကျေနပ်မှာ။ တစ်ခါတလေ (ရှင်က တော်တော် ခေတ်နောက်ကျတာပဲ တောကျလိုက်တာ) စသဖြင့်။

သူနဲ့ အိမ်ထောင်ကျပြီး နိုင်ငံခြားမှာ သွားအလုပ်လုပ်ဖို့ ပြောလွန်းလို့ သွားနေရဦးမှာ။ အပေါစား လုံးဝမသုံးဘူး။ တံဆိပ်ဆိုရလည်းအမြင့်စားမှ။ BRANDED ဆိုတဲ့ စကား နှုတ်ဖျားမှာ ချမှာမဟုတ်ဘူး။ အိမ်မှာတော့ ထမင်းချက်ကောင်း ကောင်းခန့်ထားဦး။ တစ်ခါတလေ စိတ်ပါမှ သူကချက်ကျွေးမှာ။ သူနဲ့စတွဲပြီး အိမ်ထောင်ကျပြီး ကိုယ် တောင် ဘောင်းဘီဝတ်၊ ပေါင်မုန့်စား ဖြစ်လာလို့ လမ်းထွက် ရင်တောင် သူငယ်ချင်းတွေက မှတ်မိမှာ မဟုတ်ဘူးနော်။

အကြွင်း (၆)။ ရခဲ့ရင်တော့ မေတ္တာကြီးမား လှတဲ့ အမျိုးသမီးနဲ့ရမှာ။ သူနဲ့ကိုယ်နဲ့ အတွင်းသိ အဆင်းသိ။ သူငယ်ချင်းလို မိတ်ဆွေလိုက တစ်ဆင့် (နင်)ရယ်၊ (ငါ) ရယ်၊ ကနေ (မောင်)ရယ်၊ (ကို)ရယ်၊ တွေဖြစ် လာတာ။ သူနဲ့မရခင် ကိုကလည်း ရည်းစား များများ။ ဒါတွေ သူသိပြီးသား။ ဒီကြားထဲမှာ သူငယ်ချင်း လိုကနေ မမျှော်လင့်ဘဲ ရေစက်ပါတယ် ဆိုရမလား မသိဘူး။

တစ်ဦးနဲ့ တစ်ဦး သံယောဇဉ်တွေ လွန်ကဲ ပြီးချစ်ကြမှာ။ဆုံဖို့ အရေးလည်း ခက်ခက်ခဲခဲပဲ။ အိမ်ထောင်ကျပြီး သူ့မေတ္တာရိပ်မှာ အတော်တည်ငြိမ် သွားမှာ။တစ်ဦးနဲ့တစ်ဦး သံယောဇဉ်တွေ လွန်ကဲ ပြီးချစ်ကြမှာ။ ဆုံဖို့ အရေးလည်း ခက်ခက်ခဲခဲပဲ။ အိမ်ထောင်ကျပြီး သူ့မေတ္တာရိပ်မှာ အတော်တည် ငြိမ်သွားမှာ။ ဆိုးတိုင်ပင်၊ ကောင်းတိုင်ပင်၊ နှစ်ယောက် သွားအတူလာအတူ။

ဒီမိန်းကလေးကချစ်တတ်တယ်။ သဘောထားကြီးတယ်။ ကိုယ့်အပေါ် နားလည်တယ်။ ကိုယ့် အသိုင်းအ၀ိုင်းနဲ့ ညီညွတ်မယ်။ ကိုယ့်နဲ့ အိမ်ထောင်ကျပြီး သူလုပ်နေတဲ့ အလုပ်ကထွက်ပြီး ကိုယ့် အလုပ်ကို ကူလုပ်လိမ့်မယ်။ နှစ်ယောက် ပေါင်းပြီးစီးပွားကြီး၊ လုပ်ငန်းကြီးတွေလုပ်ပါ။

တွဲဖက်တကယ်ညီတာ။ သူချက်ထားတဲ့ ဟင်းမှ စားစေချင်တာ။ တစ်ခါတစ်လေ နေမကောင်းတဲ့ကြားမှ ကိုယ့်အ၀တ်တွေ ၀င်လျှော်၊ အပြင်သွားဖို့ အ၀တ်အစားစီစဉ်ပေးတာ အစရေချိုးပြီး အိမ်နေရင်း အ၀တ်တောင်သူ့လက်နဲ့ ထုတ်ပေးရမှ ကျေနပ်တာ။ ငယ်သူချင်း တွေက နောက်ပြောင်ကြလိမ့်မယ်။ မိန်းမနားတစ်ချိန်လုံးကပ်နေတာပဲ လို့.... စိတ်မဆိုးနဲ့ သူတို့က ကိုယ့်ကို အားကျနေကြတာပါ။

အကြွင်း(၀)။ ရခဲ့ရင်တော့ အတော်လေးကို ထူးခြားတဲ့ အိမ်ထောင်ရေးကို ရပါလိမ့်မယ်။ ကိုယ့်ရတဲ့မိန်းမကကိုယ့်ထက်အသက်ကြီးမယ်။ မမ နဲ့ မောင်လေး ပေါ့။ ဒါမှမဟုတ် ဘာသာ လူမျိုးတစ်ခုခု ကွာခြားမယ်။ပညာဖြစ်စေ၊ ဂုဏ်ဖြစ်စေ၊ အသက်အရွယ်ဖြစ်စေမိမိထက်ကြီးမှာ ဖြင့် သေချာပါတယ်။ ကိုယ့်အပေါ်အတော်အလိုက်သိမယ်။အလိုလိုက်မယ်။ စိတ်ချမှာလည်း မဟုတ်ဘူး။

အရိပ် တကြည့်ကြည့်နဲ့။ သိပ်ပြီးအလှပြင်မှာပဲ။ အသက်ကြီးတဲ့ သူကို အလှပျက်လို့ ပစ်သွားမှဖြင့် ဆိုတဲ့ မသိစိတ်ကလေးက စိုးမိုးနေမှာ။ဒီစိတ်ကလေး သူရင်ထဲ ပျောက်သွားအောင် လုပ်ပေးရမှာ ကိုယ်ပဲပေါ့။ ကိုယ်အပေါ်မှာ မိခင်တစ်ယောက် ငဲညှာချစ်ခင်မယ်။ ဦးစားပေးမည်။ ကိုယ်နွဲ့သမျှ ဒဏ်ခံမယ်။

တစ်ခုခုစိတ်အလိုမကျရင်မျက်ရည်လေးနဲ့ တကယ်ချစ်လို့ ကိုယ့်ဘ၀ထဲ အခက်အခဲများရင်ဆိုင် ပြီး လက်တွဲကြတာ ကိုတော့ ဘယ်တော့မှမမေ့နဲ့ပေါ့ဘာပဲဖြစ်ဖြစ် မရဲ့ မောင်လေးဘ၀မှာ အေးချမ်းတဲ့ မေတ္တာရိပ် အောက်မှာ ပျှော်ရွင်နေတဲ့ ဘ၀လေးကို ထူထောင်ရမှာပါ။

မိန်းကလေး ခေတ်ပညာတတ်။ ကိုယ်စွမ်းကိုယ်စနဲ့ သူတစ်ပါးကို ဆရာလုပ် အမိန့်ပေးတဲ့ လူမျိုးပေါ့။ ဒီဟောကိန်းလေးကို ဖတ်ပြီးတော့ ကိုယ်တိုင်လည်း တွက်ကြည့်ပြီးရင် သူငယ်ချင်းတွေ ကိုလည်း ဗေဒင်ပြန် ဟောကြည့်ပေါ့။

အိမ်မှာရှိတဲ့ အစ်ကို လူပျိုကြီးတွေ ဦးလေး လူပျိုကြီး တွေပါ ချန်မထားဘဲတွက် ကြည့်ပြီး ဟောကိန်း ထုတ်ပေးလိုက်ပါ နော်။

(စံ -ဇာဏီဘို) အချစ်ဗေဒင် 
 

Tuesday, 30 October 2012

ကျန်းမာရေးထိခိုက်စေနိုင်သော အန္တရာယ်များ ဟန်းဖုန်း ၁၀ လုံး


ဟန်းဖုန်းက လူကို ဘယ်လို ကျန်းမာရေး ထိခိုက်တယ်ဆိုတာ စာဖတ်သူ တော်တော်များများ သိရှိပြီး ဖြစ်မယ်လို့ ယူဆပါတယ်။

အဓိက ထိခိုက်စေတာက ဦးနှောက် ဖြစ်ပြီး ဖုန်းက ထုတ်လွတ်တဲ့ ရေဒီယို လိုင်း ကြောင်း ဖြစ်ပါတယ်။ ယင်း radiation ကြောင့်ပဲ ဖုန်းကို သထိထား သုံးဖို့ မှာကြခြင်း ဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံတကာ ဆေးပညာရှင်နဲ့ Scientist များက အတူတူလေ့လာပြီး Specific Absorption Rate (SAR) သတ်မှတ်ပါတယ်။    ဥပမာ- တစ်ယူနစ်ကို ရေဒီယိုလိုင်း ဘယ်လောက်ထိ ထုတ်လွတ်ပြီး လူဦးနှောက်ထဲကို ဘယ်လောက် ဆုတ်ယူ (adsorb) လုပ်စေ တာမျိုးကို ဖြစ်ပါတယ်။

ယခု SAR ယူနစ်ကတော့ တစ်ကီလိုဂရမ်စာ ဖုန်းမှာ ပါဝင်တဲ့ ဆက်သွယ်ရေး ပစ္စည်း အလေးချိန်ဟာ လျှပ်စစ်လှိုင်း/ ရေဒီယိုလှိုင်း ဘယ် နှစ်ဝပ် ထုတ်နီုင်တယ်လို့ သတ်မှတ်ထားပေးတာ ဖြစ်ပါတယ်။  ဥပမာ - 1.5 watts/kg ဆိုရင် တစ်ကီလိုဂရမ် ယူနစ်အတွက်ဖြစ်ပါတယ်။ ၁.၅ ဆိုရင် အတော်များနေပြီ ဖြစ်ပါတယ်။ ဒါကြောင့် အန္တရာယ်များတဲ့ ၁.၅ အထက် မိုဘိုင်းဖုန်းများကို စာဖတ်သူတို့ သိရှိအောင် မျှဝေပေးလိုက်ရပါတယ်။

၁၀။ Motorola W385

ုအမေရိကန် မိုတိုရိုလာက ထုတ်တဲ့ CDMA ဖုန်း ဖြစ်ပါတယ်။ အမေရိကန်ရယ်လို့ မဟုတ်ပဲ တရုတ်ပြည်က စက်ရုံခွဲမှာလည်း ထုတ်ခဲ့ပါတယ်။ တော်တော်ကြာပြီ ဖြစ်တဲ့ ခေါက်ဖုန်း ဖြစ်ပါတယ်။ ရေဒီယိုလှိုင်း ဆုပ်ယူနိုင်မှု ယူနစ် Specific Absorption Rate (SAR)- တစ်ကီလိုဂရမ်မှာ ၁.၅၄ ဝပ် အထိ ရှိပါတယ်။

၉။ HTC Magic

၂၀၀၉ ခုနှစ် ဖေဖော်ဝါရီလက ထုတ်တဲ့ ထိုင်ဝမ် HTC ထုတ် စမတ်ဖုန်း ဖြစ်ပါတယ်။ Android 1.6 Donut ကိုအသုံးပြုခဲ့ပြီး သူ့ခေတ် သူ့ခါမှာတော့ တော်တော်ကို ပေါက်တဲ့ ဖုန်း ဖြစ်ပါတယ်။ သူ့ရဲ့  SAR ကလည်း တစ်ကီလိုဂရမ်ကို ၁.၅၅ ဝပ် အထိ ရှိပါတယ်။

၈။ Motorola i335

၂၀၀၅ ခုနှစ်က တစ်ကြိမ်၊ ၂၀၀၇ ခုနှစ်က တစ်ကြိမ်ထုတ်လုပ်ရအောင် အတော်ကို အောင်မြင်တဲ့ ဖုန်း ဖြစ်ပါတယ်။ လိုင်းဆွဲအား အင်မတန် ကောင်းပြီး ဘက်ထရီတော်တော်ခံတဲ့ ဖုန်း ဖြစ်ပါတယ်။ သို့ပေမယ့် သူ့ရဲ့  SAR က ၁.၅၅ ရှိပါတယ်။

၇။ Blackberry Bold

ကနေဒါ RIM ထုတ်တဲ့ Blackberry ဖုန်းလည်း ပါဝင်နေပါတယ်။ Bold စီးရီး တစ်ခုလုံးလို့တော့ မဆိုထားပါဘူး။ သို့ပေမယ့် ၂၀၀၈၊ ၂၀၀၉ မော်ဒယ်တွေကို အသားပေးပြောထားပါတယ်။ ၁.၅၅ အထိ radiation rate ရှိနေလို့ ဖြစ်ပါတယ်။ Blackberry ကလည်း မြန်မာပြည်မှာ ရေပန်းစား တဲ့ ဖုန်း ဖြစ်ပါတယ်။

၆။ Motorola Boost

Android 1.5 သုံးပြီး keypad ရော၊ Touchscreen ပါတဲ့ Motorola Boost ကလည်း နာမည်ကြီးဖုန်းပဲ ဖြစ်ပါတယ်။ ကင်မရာကလည်း 5megapixel ရှိတယ်လို့ ဆိုပါတယ်။ သို့ပေမယ့် သူ့ရဲ့  SAR rating ကလည်း ၁.၅၅ ပဲ ဖြစ်ပါတယ်။

၅။ Kyocera Jax S1300

ဒီဂျစ်တယ် ဖုန်းအဆင့်ပဲ ရှိတဲ့ Kyocera Jax S1300 ကိုတော့ လူသိနည်းပါတယ်။ လိုင်းဆွဲအားကောင်းမှုကို အဓိကထားထုတ်တဲ့ ခပ်ရှင်းရှင်း ဖုန်း ဖြစ်ပါတယ်။ ၁.၅၅ ရှိတဲ့အတွက် SAR rate ကတော့ မသေးပါဘူး။

၎။ Sony Ericsson Xperia X10 Mini Pro

၂၀၁၀ ဖေဖော်ဝါရီ နောက်ပိုင်းထွက်ရှိတဲ့ ဖုန်း ဖြစ်ပြီး မြန်မာပြည်မှာလည်း အသုံးများနေပါတယ်။ Sony Ericsson Xperia X10 Mini မဟုတ်ပဲ ဗားရှင်း နည်းနည်း Upgarde လုပ်လိုက်တဲ့အတွက် Pro လို့ ထပ်ဖြည့် အမည်ပေး ထားတဲ့ ဖုန်း ဖြစ်ပါတယ်။ Android စမတ်ဖုန်းကောင်း တစ်မျိုး ဖြစ်ပေမယ့် SAR rate ကတော့ ၁.၅၅ ရှိပါတယ်။

၃။ Sony Ericsson Satio

Symbian OS 9.4 နဲ့ ထွက်ရှိတဲ့ ဆိုနီရဲ့  Ericsson Satio လည်း မြန်မာပြည်မှာ အသုံးပြုနေကြပါတယ်။ GSM ဖုန်း ဖြစ်ပြီး Wi-Fi, bluetooth စုံလင်စွာ ပါရှိတဲ့အတွက် အကြိုက်တွေ့နေကြသေးတဲ့ ဖုန်း ဖြစ်ပါတယ်။ သူ့ရဲ့  SAR ကလည်း ၁.၅၆ အထိ ရှိပါတယ်။

၂။ Motorola Droid 2 Global

သြဂုတ် ၂၀၁၀ လေးတင် ထွက်ရှိခဲ့တဲ့ Android 2.2 စမတ်ဖုန်း ဖြစ်ပါတယ်။ Droid 2 လို့လည်း လူသိများပါတယ်။ user interface ကောင်းမွန်မှု၊ ကင်မရာနဲ့အခြား touchscreen နည်းပညာတို့ ကောင်းမွန်မှုကြောင့် အကြိုက်တွေ့ နေကြသေးတဲ့ ဖုန်း ဖြစ်ပါတယ်။ SAR ကတော့ ၁.၅၈ အဆင့်အထိ ရှိပါတယ်။


၁။ Motorola Bravo

Motorla Bravo ဆိုတာကလည်း ၂၀၁၀ ခုနှစ် နှစ်ကုန်ပိုင်းလောက်မှ ထွက်ရှိခဲ့တဲ့ WVGA display သုံး စမတ်ဖုန်းသေးလေး ဖြစ်ပါတယ်။ Android ဖုန်းပဲ ဖြစ်ပါတယ်။ Processor ကောင်းမွန်မှု၊ အကြမ်းခံမှုတို့က အားသာ ချက် ဖြစ်ပေမယ့် အဓိကား အားနည်းချက်ကြီးကတော့ ရေဒီယို လှိုင်း ထုတ်လွင့်မှု ဖြစ်ပါတယ်။ ဒါကြောင့်ပဲ သူ့ကို အန္တရာယ်အကြီးဆုံး နံပါတ် ၁ အဖြစ် သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။ SAR rating - ၁.၅၉ ရှိတဲ့အတွက် လက်ရှောင်ရန် တိုက်တွန်းထားတဲ့ ဖုန်း ဖြစ်ပါတယ်။


ဒီမှာ အဓိက ဇာတ်ကောင်က Motorola ဖြစ်ပြီး Motorola ထုတ်ဖုန်း တွေ တော်တော်ပါနေတာ တွေ့ရပါတယ်။ အထက် ၁၀လုံးကို လေ့ လာသိရှိပြီး စာဖတ်သူတို့ သတိထား အသုံးပြုနိုင်မယ်လို့ မျော်လင့်ပါတယ်။
--
Ref: gizmocrazed.com
အောင်ခမ်း (TSJ team)

http://techspacejournal.blogspot.com/2012/10/blog-post_6372.html

ကျေးဇူးဆပ်မကုန် အနန္တော အန န္တ ငါးပါးဂုဏ်

ဗုဒ္ဓဘာသာထုံးတမ်းစဉ်လာတွင် ကျေးဇူးဆပ်၍မကုန်နိုင်သော ပုဂ္ဂိုလ်ငါးယောက်ရှိသည်ဟု ဖော်ပြ ထားပါသည်၊၊

(၁) ဘုရားရှင်၊
(၂) တရား၊
(၃) သံဃာ၊    

 (၄) မိဘ၊
 (၅) ဆရာ တို့ဖြစ်ကြပါသည်၊၊
                                              
ဗုဒ္ဓဘာသာဝင်တို့တွင်မက လူသားတိုင်းတွင်လည်း သက်ဆိုင်ရာဘာသာရေးမှ ဘုရား၊ သင်ပြချက်၊ ဘာသာရေးခေါင်းဆောင်များနှင့်၊ မိဘ၊ ဆရာဟူ၍နည်းတူပင်ရှိကြပါသည်၊

ဖော်ပြထားသည့် ပုဂ္ဂိုလ်ငါးယောက်တို့၏ကျေးဇူး သည် များလွန်းသဖြင့်ရေတွက်ရန် မတတ်သာသော ကြောင့် ပါဠိစာပေတွင် “အနန္တကျေးဇူးရှင်များ”ဟူ၍ အထူးပြုသုံးနှုံးထားပါသည်၊၊

လူတစ်ယောက်အတွက် နေ့စဉ်ဘ၀ရောက်ပြီးချိန်တွင် မည်မျှခက်ခဲသည်ဆိုစေကာမူ ဘ၀ရပ်တည်မှု အခက်ခဲဆုံးအချိန်သည် မိခင်၏၀မ်းတွင်သန္ဓေနေရချိန် ဖြစ်ပါသည်၊၊ သန္ဓေသားအတွက်တင်မက ထိုအချိန်သည် မိခင်လောင်း၏ဘ၀ရှင်သန်ရပ်တည်မှုသည်လည်း အခက်ခဲဆုံးနှင့်သေဆုံးရန်အနီးဆုံး အချိန်ဟုဆိုလျင် မမှားနိုင်ပါ၊၊

မိခင်များသည် ရင်သွေးငယ်အတွက် အဆင်အပြေဆုံးနှင့်သက်သာမှုအဖြစ်စေဆုံး နည်းလမ်းများကို   လေ့လာစုံစမ်း၍ နေထိုင်စားသောက်ကြရပါသည်၊၊ ဤသို့ဖြင့် ရင်သွေးငယ်လူသားမျိုးဆက်များကို မိဘတို့မွေးဖွားပေးကြရပါသည်၊၊
မိဘများသည် သားသမီးများအတွက် လက်ဦးဆရာဖြစ်ကြပါသည်၊၊ ရင်သွေးများအတွက် ဘာသာစကားနှင့်
 နေ့စဉ်ဘ၀ပြုမူနေထိုင်ပုံများကို မိဘများမှသင်ပေးကြရပြီး၊ လူလားမြောက်သော် စာသင် ကျောင်းများသို့ ပိုပြီးပညာများကိုသင်စေကြရပါသည်၊၊

ကလေးများအတွက် ကျောင်းများသည်မည်မျှအသင်အပြကောင်းစေကာမူ အိမ်ပြန်ရောက်ချိန်တွင် မိဘများမှ ပံ့ပိုးသင်ပြမှုမရှိလျင် သားသမီးများ၏ပညာရေး ထက်မြက်တိုးတက်လာနိုင်မည် မဟုတ်ပါ ချေ၊၊

မိဘနှစ်ဦးတို့သည် သားသမီးဆယ်ဦးခန့်ကို သန္ဓေဘ၀တာဝန်ယူရခြင်း၊ ပညာရေးတာဝန်ယူရခြင်း၊ စီးပွားရေးတွင် အရင်းအနှီးပေး၍ဖြစ်စေ၊ လမ်းပြ၍ဖြစ်စေပျိုးထောင်ပေးရခြင်း၊ အိမ်ထောင်ပြုရာတွင် တာဝန်ယူပေးရခြင်းနှင့် တစ်သက်တာကိုယ်ပိုင်ပစ္စည်းများကို “အမွေ”ဟူသောအမည်ဖြင့် လွှဲအပ်ရ ခြင်းတာဝန်များကိုကျေပွန်အောင် ထမ်းဆောင်နိုင်ကြလေသည်၊၊

သားသန္ဓေကိုဝမ်းတွင် ထားရချိန်နှင့်မွေးဖွားရချိန်တွင် မိခင်၏ခန္ဓာဗေဒဆိုင်ရာပျက်စီးမှုများစွာရှိသည် ကိုအသိအမှတ်ပြုမိသည့် သားသမီးအလွန်နည်းပါးလှပါသည်၊၊ ထို့ကြောင့် သားသမီးမမွေးဖွားရသည့် အပျိုကြီးများနှင့် သားသမီးများစွာမွေးဖွားရသည့် မိခင်များအရွယ်တင်ပုံခြင်း ကွာခြားခြင်းဖြစ်ပါသည်၊၊

မိဘတို့သည် ရင်သွေးရရှိပြီးလျင် သူတို့ဘ၀အတွက်ဟူ၍ မည်သည့်အရာကိုမျှသိမ်းပိုက်မှုမရှိကြ တော့ဘဲ သားသမီးများအတွက်သာ ဘ၀ကိုမြှုပ်နှံလိုက်ကြတော့သည်ကို တွေ့ပါသည်၊၊ ထိုကဲ့သို့ပင် ဘ၀ကိုစတေး၍ ရင်သွေးများကိုပြုစုပျိုးထောင်သူများဖြစ်သောကြောင့် “ကျေးဇူးဆပ်မကုန်သူများ”စာ ရင်းတွင်ပါဝင်ရခြင်း ဖြစ်ပါသည်၊၊

ဗုဒ္ဓဘာသာစာပေနှင့် သင်ပြချက်များအရလေ့လာသုံးသပ်လျင် သာမန်လူများကိုမဆိုထားဘိ၊ မိဘ ကျေးဇူးကိုမြတ်စွာဘုရားရှင်သော်မှ ကျေပွန်အောင်ဆပ်မသွားနိုင်ဟူ၍ နောက်ပိုင်းသီဟိုဠ်ခေတ်များ တွင်ရေးသားသည့် ပါဠိစာပေကျမ်းများတွင် ဖော်ပြထားပါသည်၊၊

မိဘများကို ပါဠိစာပေတွင် “လက်ဦးဆရာများ”ဟူ၍၄င်း၊ “ဗြဟ္မာကြီးများ”ဟူ၍၄င်း အထူးဂုဏ်ပြုခေါ်ဆို ထားသည်ကို လေ့လာရပါသည်၊၊ လက်ဦးဆရာဟူသည်မှာ မိဘတို့သည်သားသမီးတို့အား အဦးဆုံး လူ့ဘ၀အခြေခံပညာရပ်များကို သင်ပေးသောကြောင့်ဖြစ်ပါသည်၊

ဗြဟ္မာကြီးများဟူသည် မှာ မိဘတို့သည်သားသမီးများနှင့်ပတ်သက်လျင် “ဗြဟ္မ၀ိဟာရတရားလေးမျိုး” ကို ကျင့်သုံးလေ့ရှိသောကြောင့် ဖြစ်ပါသည်၊၊ ဗြဟ္မ၀ိဟာရတရားလေးမျိုးဟူသည်မှာ---
(၁) မေတ္တာ၊
(၂) ကရုဏာ၊
(၃) မုဒိတာ၊
(၄) ဥပေက္ခာတို့ဖြစ်ကြပါသည်၊၊


ချစ်ခြင်း၊ စောင့်ရှောက်ခြင်း၊ အကျိုးလိုလားခြင်း၊ အကျိုးပြုခြင်းများကို “မေတ္တာ”ဟုခေါ်ပါသည်၊၊ မိဘတို့သည် သားသမီးများအပေါ်တွင် မေတ္တာစိတ်မည်မျှကြီးမားသည်ကို လက်တွေ့ဘ၀များတွင်၎င်း၊ စာပေများတွင်လည်း သာဓကများစွာတို့ဖြင့်ဖော်ပြထားပါသည်၊၊

သုဒ္ဓေါဓနမင်းကြီးသည် သားတော်ဖြစ်သည့် မြတ်စွာဘုရားရှင်ကို“သားတော်ဘုရားရှင် မိဘတို့၏ သား သမီးများကိုချစ်သည့်စိတ်သည် အရေထူ၊ အရေပါး၊ အသား၊ အကျော၊ အရိုးတို့ကိုဖောက်ထွင်းပြီး ရိုးတွင်းချင်ဆီကိုစွဲ၍ တည်ရှိပါသည်”ဟု လျောက်တင်ခဲ့ဖူးပါသည်၊၊

သနားခြင်း၊ ယုယခြင်း၊ ကြင်နာခြင်းများကို “ကရုဏာ”ဟုခေါ်ပါသည်၊၊ သားသမီးများ၏အလေးအပေါ့ များများကို ရွံရှာခြင်းမရှိဘဲပြုစုနိုင်ခြင်းမှာ ကရုဏာကြောင့်ဖြစ်ပါသည်၊၊ မိဘများ အိုမင်းမစွမ်းရှိသော အခါသားသမီးများမှ အလေးအပေါ့မနိုင်တော့၍ ချောင်ထိုးထားပြီးရွံရှာကြသည်ကို တွေ့ရပါသည်၊၊

အမေတို့၏ပါးစပ်တွင်းသို့ သားသမီးတိုင်း၏အလေးအပေါ့ မစင်ဘူးသူဟူ၍မရှိကြောင်း သိရပါသည်၊၊ မိဘတို့သည် သားသမီးတို့၏အလေးအပေါ့ကို မရွံရုံမျှမကအရသာကို စူးစမ်း၍ပင်ကြည့်ပြီး၊ လိုအပ် သည့်ဆေးဝါးများကို သားငယ်သမီးငယ်များကို တိုက်ကျွေးလေ့ရှိပါသည်၊၊

သားသမီးများ၏တိုးတက်မှုကို ၀မ်းမြောက်ခြင်း၊ ကျေနပ်အားရခြင်းများကို “မုဒိတာ”ဟုခေါ်ပါသည်၊၊ မှန်ပါသည်၊၊ တချို့မိဘများသည် ကိုယ်တိုင်စာမတတ်ကြပါ၊ သားသမီးများကိုမူ ပညာတတ်အောင် သင်ပေးကြလေသည်၊၊

ပညာစုံသောအခါ အလုပ်ကောင်းများဖြင့် သားသမီးအချို့သည်မိဘများထက် ချမ်းသာကြွယ်ဝတတ် ကြပါသည်၊၊ အိမ်ထောင်ကျကောင်းလျင် ပိုမိုချမ်းသာကြရပါသည်၊၊ မိဘများသည် သားသမီး၏ချမ်း သာမှုကို မည်သည့်အခါတွင်မှမနာလိုသည်မရှိဘဲ ကျေနပ်အားရကြသည်ချည်းသာ ဖြစ်ပါသည်၊၊

ချစ်ခြင်းမေတ္တာကြီးမားသည့်တိုင် သားသမီးတို့၏စီးပွားဥစ္စာများနှင့်၊ ခွဲခွါမှုဒဏ်ကိုသည်းခံနိုင်ခြင်းကို “ဥပေက္ခာ”ဟု ခေါ်ပါသည်၊၊ ဤနေရာတွင်အချို့က “လျစ်လျူရှုခြင်းကို-ဥပေက္ခာ”ဟု ပြောလေ့ရှိကြပါ သည်၊၊

သဘာဝယုတ္တိဖြင့် လေ့လာကြည့်လျင်မိဘတို့သည် သားသမီးများကိုမည့်သည့်အချိန်တွင်မှ လျစ် လျူရှုလေ့မရှိဘဲ သားသမီးတို့၏ပိုင်ဆိုင်မှုကို လိုလားတပ်မက်ခြင်းမှဝေးခြင်းကိုသာ မိဘတို့၏ဥပေက္ခာ သဘောတရားဟူ၍ မှတ်သားသင့်ပါသည်၊၊

ထို့ထက်ပို၍ မိဘများသည် သားသမီးတို့၏ကိုယ်ရေးကိုယ်တာကိစ္စများကို ၀င်ရောက်စွတ်ဖက်မှု မရှိခြင်းများနှင့်၊ သားသမီးများကို လွပ်လပ်စွာဆုံးဖြတ်ပိုင်ခွင့်ပေးခြင်းများကိုလည်း မိဘတို့၏ဥပေက္ခာ သဘောတရားများဟူ၍ မှတ်သားနိုင်ပါသည်၊၊

ဗြဟ္မ၀ိဟာရတရားလေးမျိုးသည် နာမည်အားဖြင့်သီးခြားစီဖြစ်သော်လည်း တစ်မျိုး၏အထဲတွင် အခြား တစ်မျိုး၏ အနှစ်သာရနှင့်သဘောတရားများပါဝင်ပြီးဖြစ်၍၊ ခွဲခြားမရကောင်းသော မိဘတို့၏သား သမီးများအပေါ်ထားရှိသည့် စိတ်ဓာတ်အခြေခံစွမ်းရည်များဖြစ်ကြောင်း မှတ်သားရပါမည်၊၊

ဤတရားလေးမျိုးသည် ဘာသာအယူအဆမတူသည်ဖြစ်စေ တူသည်ဖြစ်စေ မိဘတိုင်းတွင်ရှိကြပါ သည်၊၊ ချွင်းချက်အားဖြင့် သားသမီးကိုစွန့်ပြစ်သည့်မိဘအချို့နှင့် သားသမီးနှင့်အဆင်မပြေသည့် မိဘအချို့လည်းရှိတတ်ပါသေးသည်၊၊ ထိုသို့ဖြစ်ရခြင်းမှာ မိမိ၏ဘ၀ကံကြမ္မာ မကောင်းခဲ့ခြင်းကြောင့် သာ ဖြစ်ရပါသည်၊၊

ထိုသို့ဖြစ်ရခြင်းအပေါ်တွင် မိဘအပေါ်စော်ကားမိသူများနှင့် ကျေးဇူးမဲ့ကိုပြုမိသူများသည် ဘ၀အ ဆက်ဆက် ဆိုးသည်ထက်ဆိုးသည့် မိသားစုပတ်ဝန်းကျင်နှင့်သာ တွေ့ရတတ်သောကြောင့် မိဘများ အပေါ် သားသမီးများအနေဖြင့် ကျေသင့်သည့်တာဝန်ကိုကျေပွန်စေရန် ကြိုးစားသင့်လှပါသည်၊၊

“မိဘများသည် သားသမီးတို့အိမ်တွင် အမြဲတန်းဧည့်သည်ဖြစ်ခွင့်ရှိသူများ ဖြစ်ကြပါသည်၊၊ သားသမီး များအနေဖြင့် မိဘများမိမိတို့အိမ်သို့ လာရောက်ခဲ့သော်လက်မခံခဲ့လျင် သားသမီးတာဝန်ပျက်ကွက် ခြင်းသာဖြစ်ပါသည်၊၊”

“ပရာဘ၀သုတ်”တွင် “သားသမီးများသည် စီးပွားပြည့်စုံနေပါလျက် အရွယ်လွန်ပြီးသည့်  မိဘများ ကိ
 ထောက်ပံ့မှုပျက်ကွက်ခဲ့လျင် ဘ၀နှင့်သံသရာကျရှုံးခြင်း၏အကြောင်း ဖြစ်သည်”ဟု မြတ်စွာဘုရားရှင် ညွန်ပြ ထားပါသည်၊၊

“မိဘကိုပြုစုမှုမရှိဘဲ စွန့်ပြစ်သည့်သားသမီးများသည် လက်ရှိဘ၀တွင်အများကဲ့ရဲ့ခြင်းကို ခံရတတ်ပြီး၊၊ အကုသိုလ်ပွားများလျက်ရှိသည်၊၊ သေလွန်သော် အပါယ်ငရဲသို့ကျရသည်”ဟုပါဠိတော်တွင် ဖော်ပြ ထားပါသည်၊၊ ဆန့်ကျင်ဘက်အားဖြင့် “မိဘများကို ပြုစုလုပ်ကျွေး သည့်သားသမီးသည်ကို ပညာရှိသူ၊ သူတော်ကောင်း”ဟုခေါ်ကြောင်း ဖော်ပြထားပါသည်၊၊

မင်္ဂလသုတ်တွင် “မိဘကိုလုပ်ကျွေးပြုစုခြင်းသည် မင်္ဂလာတစ်မျိုးဖြစ်သည်”ဟု ဆိုပါသည်၊၊ “သားသမီး သည် တိုးတက်လာသောစီးပွားရေးဖြင့် မိဘကိုနှစ်သက်စေ၏၊ ပြုစုလုပ်ကျွေး၏၊ ထိုစီးပွားဥစ္စာကို ရန် သူမျိုးငါးပါးတို့ကမဖြက်ဆီးနိုင်ဘဲ ထာဝရတည်တန့်သည်”ဟု အခြားသောပါဠိတော်တနေရာတွင် ဖော် ပြထားပါသည်၊၊

သိင်္ဂါလောဝါဒသုတ်တွင် “မိဘတာဝန်”နှင့်“သားသမီးတာဝန်”များကိုလည်း မြတ်စွာဘုရားရှင်သည် တိ ကျစွာ လမ်းညွန်ထားပါသည်၊၊ မိဘများနှင့် သားသမီးများတို့သည် မြတ်စွာဘုရားရှင်ညွန်ပြတော်မူ သည့်တာဝန်များကိုကျေပွန်ကြလျင် မိဘနှင့်သားသမီး ချစ်မငြီးဘဲပျော်ရွှင်ဖွယ် သားသမီးနှင့်မိဘ ဆက်ဆံရေးကိုရရှိမည် ဖြစ်ပါသည်၊၊

မိသားစုတစ်စုတွင် မိဘနှစ်ဦးတို့သည် သားသမီး(၁၀)ခန့်ကို ပြုစုပျိုးထောင်နိုင်ကြသော်လည်း မိဘ နှစ်ဦးကို သားသမီး(၁၀)ဦးတို့မှ ၀မ်းဝအောင်မကျွေးမွေးနိုင်သဖြင့် မိဘအချို့လမ်းဘေးရောက်ရသည် ကို အရှင်ကိုယ်တိုင်တွေ့ရဘူးပါသည်၊ သားသမီးများအနေဖြင့် သတိပြုသင့်လှပါသည်၊၊

အရှင်“ဦးထွန်းလင်ခြံလမ်းရှိ ကျေးဇူးရှင်‘ဆရာကြီးဦးမြကြိုင်’၏ အင်္ဂလိပ်သင်တန်း”တွင် တက်နေစဉ်က ဖြစ်ပါသည်၊၊ သင်တန်းနှင့် ကိုက်တစ်ရာခန့်လမ်းဘေးတွင် နေ့စဉ်အဘွားအိုတစ်ဦး မြေနှင့်ဦးခေါင်းကို ထိထားပြီး တနေကုန်ပိုက်ဆံတောင်းနေသည်ကို တွေ့ရသည်၊၊

ဆရာကြီးမှ မိဘကျေးဇူးနှင့်ဆက်စပ်ပြီး သင်တန်းပို့ချရင်းပြောဆိုနေရာမှ အဘွားအိုအကြောင်းကို ပြောပြပါသည်၊၊ နံနက်မိုးမလင်းခင်တွင် ကားတစ်စီးနှင့်သမီးဖြစ်သူမှမိခင်အိုကြီးကို လမ်းဘေးတွင် ခွက်တစ်လုံးနှင့်ချထားခဲ့ပြီး ညနေမိုးချုပ်မှပြန်လာခေါ်သည်ဟု ပြောပြပါသည်၊၊

ထိုအကြောင်းကို သင်တန်းတက်သည့်ကျောင်းသားများ သိသွားကြသည်ကိုသိသောအခါတွင် အဘွား အိုကို ကျောင်းအနီးသို့လာမချတော့ဘဲ အခြားနေရာတွင်ချထားပြီး တောင်းစေပါသည်၊၊ ဤသည်မှာ အရှင်ကိုယ်တိုင်တွေ့ခဲ့ရသည့် ဖြစ်စဉ်လေးဖြစ်ပါသည်၊၊

နေ့စဉ်ဘ၀တွင် မိဘနှင့်သားသမီးအဆင်မပြေမှုများစွာကိုလည်း တွေ့ရပါသေးသည်၊၊ ထိုသို့ဖြစ်ရခြင်း မှာမိဘအချို့သည် ဗြဟ္မ၀ိဟာရတရားလေးမျိုးမှ “ဥပေက္ခာစွမ်းရည်”မရှိမှုကြောင့်ဖြစ်ရပြီး၊ အသားသမီး များဘက်မှမူလေးမျိုးလုံးကို သတိမမူသောကြောင့်ဖြစ်ရကြောင်း သုံးသပ်မိပါသည်၊၊

ဆိုလိုသည်မှာ မိဘများအနေဖြင့် သားသမီးများအသက်(၂၅)ကျော်ပြီးလျင် ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ကို ပေးရမည်ဖြစ်ပါသည်၊၊ အများအားဖြင့် မိဘများသည်သားသမီးတို့၏ အိမ်ထောင်ရေးကိုဝင်ရောက်စွပ် ဖက်လေ့ရှိကြပြီး၊ မိဘနှင့်သမီးအကြားပြဿနာများဖြစ်ပေါ်လာရခြင်း ဖြစ်ပါသည်၊၊

ပညာရေးနှင့် အလုပ်အကိုင်ရွေးချယ်ရာတွင်လည်း သားသမီးများ၏ ၀ါသနာနှင့်သီးခြားစီဖြစ်သော အလုပ်အကိုင်နှင့် ပညာရေးလမ်းကြောင်းများကို အတင်းအကြပ်စီစဉ်ပေးကြရာမှ မလိုအပ်သည့်မိဘ နှင့် သားသမီးပြဿနာများဖြစ်ပေါ်လေ့ရှိကြပါသည်၊၊

လူဟူသည် ကံအလျောက်လူ့ဘ၀ဟူသည်ကို ရရှိလာကြခြင်းဖြစ်ပါသည်၊၊ သားသမီးတို့အပေါ် ဗြဟ္မ၀ိ ဟာရတရားလေးမျိုးထားနိုင်လျင်ပင် မိဘတို့၏တာဝန်ကျေပွန်ပြီဖြစ်ပါသည်၊၊ အိမ်ထောင်ရေးစသည် များကို ပူပန်စိုးရိမ်ပြီးစီမံပေးခြင်းကိုမိဘများအနေဖြင့် သတိပြုသင့်လှပါသည်၊၊

“ဗြဟ္မ၀ိဟာရတရားလေးမျိုးကို စာပေတွင်မိဘများကျင့်ရသည်”ဟုသာ ဖော်ပြထားသောကြောင့် သား သမီးများသည် အမှုမဲ့အမှတ်မဲ့သာနေလေ့ရှိကြပါသည်၊၊ မိဘနှင့်သားသမီးကြားမှ ပြဿနာအချို့ သည် ဗြဟ္မ၀ိဟာရတရားလေးမျိုးကို သားသမီးများမကျင့်သုံးသောကြောင့်ဖြစ်ပေါ်လာရသည်ကို သတိပြုမိ သူ အလွန်နည်းပါသည်၊၊

မှန်ပါသည်၊၊ မိဘများသည်လည်း သာမန်လူများသာဖြစ်ကြ၍ သားသမီးများနည်းတူ အခွင့်အရေးရ သင့်ပါသည်၊၊ ဆိုလိုသည်မှာ သားသမီးများအနေဖြင့် မိဘများကိုနေရာတိုင်းတွင် ချုပ်ချယ်ရန်မသင့်ပါ၊၊ ဥပမာအားဖြင့် မိခင်သေဆုံးသဖြင့် ဖခင်များအိမ်ထောင်သစ်ပြုခြင်းနှင့်၊ ဖခင်သေဆုံးသဖြင့် မိခင်များ အိမ်ထောင်သစ်ပြုခဲ့လျင် လက်ခံရမည်ဖြစ်ပါသည်၊၊

အခြားသော မိဘများရသင့်သည့် နေ့စဉ်ဘ၀လွတ်လပ်ခွင့် အခွင့်အရေးများစွာလည်း ရှိပါသေးသည်၊၊ မိဘများသည် သားသမီးများနည်းတူ ပုထုဇဉ်များသာဖြစ်သည်ကို သတိပြုရပါမည်၊၊ လောကီရေး ရာပျော်ရွှင်မှုများနှင့် လူသားဆန်သည့်အပြုအမူများမိဘများပြုမူခဲ့သော် သားသမီးများမှ နားလည်ပေး ရမည် ဖြစ်ပါသည်၊၊

ဤသည်မှာ ဗြဟ္မ၀ိဟာရတရားလေးမျိုးမှ ဥပေက္ခာတရားကို သားသမီးများမှမိဘများအပေါ် ကျင့်သုံး ခြင်းဖြစ်ပါသည်၊၊ ဗြဟ္မ၀ိဟာရတရားလေးမျိုးကို ဆွေးနွေးခဲ့တင်ပြခဲ့သည့်အတိုင်း မိဘများတွင်မက သားသမီးများပါကျင့်သုံးလိုက်နာကြလျင် မိဘသားသမီး ပြဿနာမီးများမပွားတော့ဘဲ ပျော်ရွှင်ဖွယ် ဆက်ဆံရေးကို ရရှိမည်ဖြစ်ပါသည်၊၊

မိဘကျေးဇူးကို ဆပ်ပုံနှင့်ဆက်စပ်၍ ပါဠိတော်နေရာများစွာတွင် ဖော်ပြထားပါသည်၊၊ မိဘကျေးဇူးများ ကို လောကီနည်းဖြင့်မည်မျှကျေပွန်စေရန်ကြိုးပမ်းစေကာမူ မကျေနိုင်ဟူ၍ဖော်ပြထားပြီး၊ တရားဓမ္မ နည်းအားဖြင့်သာ ကျေပွန်စေနိုင်သည်ဟု ဖော်ပြထားပါသည်၊၊

မိဘများတွင် “သဒ္ဓါ သီလ ပညာစသည့် သူတော်ကောင်းတရား”များနည်းနေသေးလျင် ပြည့်ဝစေရန် ကျိုးစားပေးခြင်းနှင့်၊ ပြည့်ဝပြီးသည့်မိဘများဖြစ်လျင် ပိုမို၍သူတော်ကောင်းတရား တည်တန့်စေရန် အထောက်အပံ့ပြုပေးခြင်းဖြင့်သာ မိဘများ၏ကျေးဇူးကို ဆပ်နိုင်သည်ဟုဆို ညွန်ပြထားပါသည်၊၊

မြတ်စွာဘုရားရှင်သည် တာဝတိံသာနတ်ပြည်သို့တက်၍ မယ်တော်မာယာနတ်သားကို ပိဋကတ်သုံး ပုံမှ တစ်ပုံဖြစ်သည့်အဘိဓမ္မာပိဋကတ်ကို ဟောပြော၍ကျေးဇူးဆပ်တော်မူသည်ကို တွေ့ရပါသည်၊၊ ခမည်းတော်ဖြစ်သည့် သုဒ္ဓေါဓနမင်းကြီးကိုလည်း အနာဂါမ်တည်သည်အထိ တရားတော်များဟော ပြော၍ မိဘကျေးဇူးဆပ်တော်မူသည်ကို စာရှုသူတို့အတုယူသင့်လှပါသည်၊၊

ဤတွင် မိဘကျေးဇူးစာတမ်း အတိုင်းအတာတစ်ခုမျှပြီးပြည့်စုံပြီဟု ယူဆပါသည်၊၊ “အလင်းစက်စာပေ မြတ်နိုးသူများ” မိဘကျေးဇူးကိုသိတတ်ပြီး ကျေပွန်စွာဆပ်နိုင်စွမ်းရှိကြသည့် လူလိမ္မာ၊ အနာဂတ်၏ အဖိုးတန်၊ လူ့ယဉ်ကျေးများဖြစ်ကြပါစေကြောင်း ဆန္ဒပြုလျက်စာတမ်းကို အဆုံးသတ်အပ်ပါသည်၊၊ ၊၊


အရှင်ကေ၀လ(အလင်းစက်)
{မဟာဝိဇ္ဇာ-သီရိလင်္ကာ}
မကုဋာရာမမြန်မာကျောင်းတိုက်
ကိုလံဘိုမြို့၊ သီရိလင်္ကာနိုင်ငံ
 

ဖူးစာရှင်ကို ဒီလို ရွေးမယ်

သင်မည့်သည်လူမျိုးနှင့်လက်ထပ်ရမလဲ

  သင်မည်သည့်လူမျိုးနှင့် လက်ထပ်ရမလဲဆိုတာကို
     အသီးတစ်မျိုးကိုရွေးပါ။
သရက်
လိုင်ချီ
လီမ္မော်
ငှက်ပျောသီး
သေဘာၤသီး
ဖရဲသီး
စပ်စ္သီး
အဖြေကို မဖတ်ပါနဲ့ကိုယ်ရွေးချယ်လို သေချာမှ ဖတ်ပါနော် ............

သရက်  =   မိဘသဘောတူသောလူနှင်လက်ထပ်ရမည်

လိုင်ချီ =    မိဘသဘောမတူသောလူနှင်လက်ထပ်ရမည်။
လီမ္မော် =    တစ်ယောက်ထက်ပိုပြီ လက်ထပ်ရမည်။
ငှက်ပျောသီး =   အပျိုကြီး၊ လူပျိုကြီး ဖြစ်မည်။
သဘောင်္သီး =   သူငယ်ချင်းနှင့် လက်ထပ်ရမည်။
ဖရဲသီး =    ကိုယ်ချစ်သောသူနှင့် လက်ထပ်ရမည်။
စပျစ်သီး =          ကိုယ်ချစ်သောသူ၊ မိဘသဘောတူသောလူနှင်လက်ထပ်ရမည်။
 

Saturday, 27 October 2012

ထေရ၀ါဒ ဗုဒ္ဓဘာသာမူ (၅)ရပ်

           ၁၅.၈.၂၀၀၆ ခုနှစ် မန္တလေးမြို့ Intensity Speaking Center မှာ ဘာသာကြီးများဆိုင်ရာနှီးနှောဖလှယ်ပွဲလေး ကျင်းပခဲ့ပါတယ်၊ အဲဒီနှီးနှောဖလှယ်ပွဲမှာ ဦးဇင်း ဖတ်ကြားတင်သွင်းခဲ့တဲ့ စာတမ်းလေးကို ခုမှ ပြန်ရှာတွေ့လို့ မျှဝေလိုက်ပါတယ်)

မဟာသက္ကရာဇ်(၁၀၃)ခု၊ ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့ ဘီစီ(၅၈၈)-က ဒီကမ္ဘာကြီးမှာ ဗုဒ္ဓရတနာ ပွင့်ထွန်းပေါ်ပေါက်ခဲ့ပါတယ်၊ တဆက်တည်းမှာပဲ မဟာသက္ကရာဇ် (၁၀၃)ခု ၀ါဆိုလပြည့် စနေနေ့ ဘီစီ ၅၈၈ မှာ ဓမ္မရတနာ စတင်ခဲ့သလို မဟာသက္ကရာဇ် (၁၀၃)ခု ၀ါဆိုလပြည့်ကျော် ၂ ရက် တနင်္လာနေ့ ဘီစီ ၅၈၈ ခုမှာ သံဃာရတနာ စတင်ပေါ်ပေါက်ခဲ့ပါတယ်။


မြတ်ဗုဒ္ဓ ဟာ ဘုရားအဖြစ်နဲ့ ၄၅ နှစ် နေပြီး မဟာသက္ကရာဇ် ၁၄၈ ခု၊ ကဆုန်လပြည့် အင်္ဂါနေ့ ဘီစီ ၅၄၃ မှာ ပရိနိဗ္ဗာန် စံလွန်တော်မူပါတယ်၊ ဗုဒ္ဓအဖြစ်နဲ့ ၄၅ နှစ်အတွင်း တာဝန်ကြီး ၂ ရပ်ကို တစ်နေ့လျှင် ၂၂ နာရီ မိနစ် ၂၀ ခန့်မျှ နေမအား ညမနား လူသား, သတ္တ၀ါတို့၏ ကောင်းကျိုးကို မျှော်ကိုး၍ ထမ်းဆောင်တော်မူခဲ့ပါတယ်၊


အဲဒီ တာဝန်ကြီး ၂ ရပ်ကတော့..... (၁) ဓမ္မကို ဟောပြောခြင်း, ဖြေဆိုခြင်း (၂) သံဃာ့အဖွဲ့အစည်းကို ထူထောင်ခြင်းတို့ပဲ ဖြစ်ပါတယ်၊ ထို မြတ်ဗုဒ္ဓ ဟောပြသည့်ဓမ္မအတိုင်း လက်တွေ့လိုက်နာ ကျင့်သုံးသူများကို ဗုဒ္ဓဘာသာဝင်လို့ခေါ်ဆိုပါတယ်၊ ဗုဒ္ဓဘာသာဝင် တစ်ဦး ဖြစ်ရန်အတွက် ကျယ်ပြန့်တဲ့ ဥပဒေ တွေ မရှိပါဘူး၊ ဘုရားကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ခြင်း, တရားကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ခြင်း, သံဃာကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ခြင်း လို့ ခေါ်တဲ့ သရဏဂုံ သုံးပါးကို လက်ခံလိုက်လို့ ရှိရင် ဗုဒ္ဓဘာသာဝင် အဖြစ်ရောက်ရှိပါတယ်၊


ဗုဒ္ဓဘာသာဝင်တစ်ဦး အတွက် လိုက်နာကျင့်သုံးရမည့် စည်းကမ်း ၅ မျိုး ရှိပါတယ်၊ အဲဒါတွေကတော့.....


(၁) သက်ရှိလူသား တိရစ္ဆာန် တို့ရဲ့ အသက်ကို သတ်ခြင်းမှ ရှောင်ကြဉ်ရခြင်း။

(၂) သူတပါးပစ္စည်းကို ခိုးယူလုယက်ခြင်းမှ ရှောင်ကြဉ်ရခြင်း။
(၃) ကာမဂုဏ် ဖေါက်ပြန်မှု, အိမ်ထောင်ရေး ဖေါက်ပြန်မှု မှ ရှောင်ကြဉ်ရခြင်း။
(၄) မဟုတ်မမှန်ပြောဆိုခြင်းမှ ရှောင်ကြဉ်ရခြင်း။
(၅) မူးယစ်ဆေးဝါး သုံးစွဲခြင်း, ရောင်ဝယ်ခြင်းမှ ရှောင်ကြဉ်ရခြင်းဆို တဲ့ စည်းကမ်း ၅ မျိုးတို့ပဲ ဖြစ်ပါတယ်။

မြတ်ဗုဒ္ဓ ချမှတ်သည့် ဒီစည်းကမ်း ၅ မျိုးကို ကြည့်ရင် မြတ်ဗုဒ္ဓဟာ လူသားတို့ရဲ့ အသက်, အိုးအိမ်, စည်းစိမ်, ချမ်းသာ, လုံခြုံဖို့၊ အိမ်ထောင်ရေး သာယာဖို့၊ ဒီကမ္ဘာကြီးမှာ သစ္စာတရားထွန်းကားဖို့၊ လူသားတို့ရဲ့ ဥာဏ်ရည်အဆင့်အတန်း မှီဖို့ အရေးကို မျှော်တွေးကာ အထက်ပါစည်းကမ်း ၅ ချက်ကို ချမှတ်ခဲ့တယ်ဆိုတာ တွေ့ရမှာပါ။


လူသားတွေဟာ အပျော်ကြူးခြင်း, အလိုရမက်ကြီးခြင်း, ကြောက်စိတ်များခြင်းတို့ကြောင့် မိမိတို့ဘ၀ အတွက် အားကိုးရာတွေကို စိတ်ကူးပုံးဖေါ်ပြီး ယုံကြည်ကိုးကွယ်တတ်ကြပါတယ်၊ စိတ္တဇ အတွေးတွေကို ပုံဖေါ်ပြီး ယုံကြည်ကိုးကွယ်လက်ခံနေတာကို မြတ်ဗုဒ္ဓက နှစ်သက်တော်မမူပါဘူး၊ ဒါကြောင့် ဗုဒ္ဓဘာသာဝင်မှန်ရင် အထင်စွဲအာရုံ ကိုးကွယ်မှုမျိုးစုံကို စွန့်လွှတ်ရမှာဖြစ်သလို အတွေးစွဲအလီလီ ယုံကြည်မှုအရပ်ရပ်ကိုလည်း ပယ်စွန့်ကြရပါလိမ့်မယ် သို့ဖြစ်၍ ထေရ၀ါဒ ဗုဒ္ဓဘာသာဝင် စစ်စစ်ဖြစ်ရေးအတွက် ဥပဒေသ မူကြီး ၅ ရပ်ကို စံပြု သတ်မှန်ထားခဲ့ပါတယ်။


အဲဒါတွေကတော့ ထေရ၀ါဒ ဗုဒ္ဓဘာသာဝင်မှန်ရင်.......


(၁) ယုံကြည်မှုသဒ္ဓါတရားရှိရမည်။

(၂) စောင့်ထိန်းမှု သီလရှိရမည်။
(၃) ကောတုဟလ မင်္ဂလာကို မယုံကြည်ရ။
(၄) ကံတရားကို ယုံကြည်သူဖြစ်ရမည်။
(၅) သာသနာတော်ပြင်ပ၌ ကိုးကွယ်မှုကို မရှာမှီးရ- ဆိုတဲ့
ထေရ၀ါဒ ဗုဒ္ဓဘာသာဝင်တို့အတွက် မူကြီး ၅ ရပ်ကို အဂ္ဂုင်္တ္တရနိကာယ်မှာ ချပြတော်မူခဲ့ပါတယ်။

တဆင့်တက်ပြီး အနည်းငယ် ရှင်းပြလိုပါတယ်


(၁)ယုံကြည်မူသဒ္ဓါတရားရှိရမည်-ဆိုသည်မှာ ဘုရား တရား သံဃာ ရတနာသုံးပါး တို့၌ ဘုရားစစ် ဘုရားမှန် တရားစစ် တရားမှန် သံဃာစစ် သံဃာမှန် ဖြစ်ကြောင်း ယုံကြည်လက်ခံတဲ့ စိတ်ရှိရမယ်လို့ ဆိုလိုပါတယ်။


(၂) စောင့်ထိန်းမူ သီလ ရှိရမည်- ဆိုသည်မှာ ၀ါရိတ္တ သီလ လို့ခေါ်တဲ့ ငါးပါး, ရှစ်ပါး သီလ နဲ့ စာရိတ္တ သီလလို့ ခေါ်တဲ့ လင်ကျင့်ဝတ်, မယားကျင့်ဝတ်, ဆရာ့ကျင့်ဝတ်, တပည့်ကျင့်ဝတ်, မိဘ ကျင့်ဝတ်, သားသ္မီး ကျင့်ဝတ်, အထက်လူကြီးကျင့်ဝတ်, အောက်လက်ငယ်သားကျင့်ဝတ်- စတဲ့ လုပ်သင့်လုပ်ထိုက်တဲ့ ကျင့်ဝတ်သီလ များနဲ့ ပြည်စုံရမယ်လို့ ဆိုလိုပါတယ်။ နံပါတ် ၂ ဥပဒေသ နှင့် မြတ်ဗုဒ္ဓက မလုပ်ဘဲနေရမှာကို မလုပ်ဘဲနေရဲတဲ့ သတ္တိ၊ လုပ်သင့်လုပ်ထိုက်တာကို လုပ်ရဲတဲ့ သတ္တိ လူသားတို့ရဲ့ စိတ်မှာမွေးမြူနိုင်ဖို့ မီမောင်ထိုးပြသွားတာပဲဖြစ်ပါတယ်။


(၃) ကောတုဟလမင်္ဂလာကို မယုံကြည်ရ-ဆိုသည်မှာ အချို့သောလူများဟာ” အိမ်မြောင်စုတ်ထိုးရင်… လာဘ်ကောင်းတယ်” “ ကျီးကန်းလာနားရင်…. နိမိတ်မကောင်းဘူး” ဆိုတဲ့ ကောတုဟလမင်္ဂလာကို ယုံကြည်လက်ခံကြပါတယ်၊ မြတ်ဗုဒ္ဓက ဗုဒ္ဓဘာသာဝင်မှန်ရင် ရက်ရာဇာ, ပြဿဒါး, ကျီးကန်းလာခြင်း, အိမ်မြောင်စုတ်ထိုးခြင်း, နေကြတ်, လကြတ်- စတာတွေကြောင့် ကောင်းကျိုး ဆိုးကျိုး ရှိတယ်ဆိုတာတွေကို လက်မခံဖို့ နံပါတ် ၃ ဥပဒေသကို ချမှတ်တော်မူခဲ့ပါတယ်---

ကောင်းကျိုးလိုလားသူ ကောင်းတဲ့လုပ်ရပ်တွေ ကို လုပ်ရမှာဖြစ်သလို မကောင်းကျိုး မခံစားလိုသူတွေ အတွက် မကောင်းတဲ့ အပြုအမူ အပြောအဆို တွေးအကြံများကို မပြုလုပ်မိဖို့လိုပါတယ် အတွေးအကြံများက မကောင်းတဲ့ဘက်မှာ အမြဲပျော်မွေ့နေပေမယ့်
တန်ပြန်သက်ရောက်မှု ကောင်းကျိုးကို မျှော်လင့်နေကြတာဟာ “ကောင်းကင်က ရေစီး မြေ ကီး က လသာမယ့်အချန်တွေကို စောင့်နေကြတာနဲ့ “ အတူတူပါပဲ။

(၄) ကံတရားကို ယုံကြည်သူဖြစ်ရမည်-ဆိုသည်မှာ အကြင်မျိုးစေ့ကို စိုက်ပျိုး၏ ထိုအပင်ကို သာလျှင် ရိတ်သိမ်းရ၏- ဆိုတဲ့ ဗုဒ္ဓဒေသနာတော်အတိုင်း ကောင်းကံလုပ်ရင် ကောင်းကျိုးခံစားရ မကောင်းကံလုပ်ရင် မကောင်းကျိုးခံစားရမယ်ဆိုတဲ့ သဘောတရားကို ယုံကြည်လက်ခံကြရမယ်လို့ဆိုလိုပါတယ်။


ကံတရားနဲ့ ပတ်သက်လို့အနည်းငယ်ပြောပြခြင်ပါတယ်…

သစ်ပင်တစ်ပင်ကို ကြည့်ပါ.. ဒီသစ်ပင် ရှင်သန်ကြီးထွားဖို့…

(၁) လုံလောက်တဲ့ နေရောင်ခြည်

(၂) လုံလောက်တဲ့ ရေဓာတ်
(၃) ကြီးထွာ သီးပွင့်ရမယ့် အချိန်အခါ-

ဒီအကြောင်းတရား ၃ မျိုး ပေါင်းဆုံမှ သစ်ပင်ဟာ ရှင်သန်ကြီးထွား ပွင့်သီးမှာဖြစ်ပါတယ် ဒါကို ဗီဇနိယာမလို့ခေါ်ပါတယ်။ ဒီဗီဇနိယာမလိုပါပဲ မိမိတို့ပြုလုပ်လိုက်တဲ့ ကောင်းကံဆိုးကံတွေဟာ ပြုလုပ်လိုက်ပြီးတာနဲ့ တစ်ပြိုင်နက် မိမိတို့ရဲ့ ခန္ဓာကိုယ်မှာ သတ္တိကလေးတွေချန်ထားရစ်ပြီး ပျောက်သွားကြပါတယ် မိမိတို့ ခန္ဓာကိုယ်ထဲမှာ ရှိတဲ့ ဒီသတ္တိ ကလေးတွေဟာ စေတနာ သမင်္ဂီတာ, ကမ္မ သမင်္ဂီတာ, ဥပဋ္ဌာန သမင်္ဂီတာ, ၀ိပါက သမင်္ဂီတာ ဆိုတဲ့ အကြောင်းတရား ၄ မျိုး ပေါင်းစုံတဲ့ အချိန်မှာ တန်ပြန်သက်ရောက်မှုအဖြစ် ဧကန်အကျိုးပေးမှာဖြစ်ပါတယ်၊ မြတ်ဗုဒ္ဓက ဗုဒ္ဓဘာသာဝင်မှန်ရင် ဒီကမ္မနိယာမ ရဲ့ သဘောတရားကို ယုံကြည်လက်ခံသူ ဖြစ်ရမယ်လို့ မိန့်တော်မူပါတယ်။


(၅) သာသနာတော် အပြင်ပ၌ ကိုးကွယ်မှု ကို မရှာမှီးရ-ဆိုသည်မှာ လူများဟာ အပျော်ကြူးခြင်း အလိုကြီးခြင်း ကြောက်စိတ်များခြင်း စိုးရိမ်စိတ်များခြင်းတွေကြောင့် သာသနာတော်ရဲ့ ပြင်ပဖြစ်တဲ့ နတ်ကိုးကွယ်ခြင်း ဘိုးတော် မယ်တော် ကိုးကွယ်ခြင် အင်း အိုင် လက်ဖွဲ့ ဗေဒင် မန္တာန် ကို အားထား ယုံကြည်ခြင်း စတဲ့ သာသနာတော်ပြင်ပ ကိုးကွယ်ရာ တွေကို ရှာမှီး ကိုးကွယ်နေကြပါတယ်။

မြန်မာပြည်မှာ ခေတ်စားနေတဲ့ အတွင်း ၃၇ မင်း အပြင် ၃၇ မင်း သူရဿတီ မယ်တော် စတဲ့ နတ်တွေရဲ့ သမိုင်းကြောင်းကို ပြန်ကြည့်ရင် မြန်မာပြည်ဖြစ်နတ်များ အစိမ်းသေ နတ်များဖြစ်တယ်ဆိုတာကို လေ့လာတွေ့ရှိနိုင်ပါတယ်၊ ဗြဟ္မဏ တို့ စိတ်ကူးပုံဖေါ် ကိုးကွယ်ခဲ့တဲ့ တကယ် မရှိတဲ့ သူရဿတီ နတ်သ္မီးကို ပိဋကတ် သုံးပုံစောင့် နတ်သ္မီး အဖြစ် ယုံကြည် ကိုးကွယ်နေကြတာဟာ ပိဋကတ် သုံးပုံကို လက်ဆင့်ကမ်းသယ်ဆောင်ခဲ့ကြတဲ့ သံဃာတော်များကို စော်ကားခြင်းဖြစ်သလို မိမိ ဦးနှောက်နဲ့ နှလုံးသားကို အသိအမှတ် မပြုရာလဲ ရောက်ပါတယ်၊

ဒီနေရာမှာ မနုဿဗေဒ ပညာရှင်တစ်ဦးရဲ့ အဆိုအမိန့်ကို ပြောပြချင်ပါတယ် “ ထာဝရ ဘုရားက လူတို့ကို ဖန်ဆင်းထားခြင်းမဟုတ် လူတို့ကသာ ထာဝရ ဘုရားကို ဖန်ဆင်းထားခြင်းဖြစ်သည်” လို့ ဆိုပါတယ် ဒီလိုဆိုရင် ဦးဇင်းက လဲ ပြောချင်ပါတယ် နတ်တို့ က လူတို့ကို စောင့်ရှောက်ထားခြင်းမဟုတ် လူတို့က သာ နတ်တို့ ကို စောင့်ရှောက်ထားခြင်းဖြစ်တယ်ဆိုတာပါပ၊ဲ

ဒါကြောင့် မြတ်ဗုဒ္ဓက ဗုဒ္ဓဘာသာဝင် မှန်ရင် သာသနာပ ကိုးကွယ်မှုကို မရှာရလို့ မိန့်တော်မူခဲ့တာ ဖြစ်ပါတယ်။

ထေရ၀ါဒ ဗုဒ္ဓဘာသာ ၀င် စစ်စစ်ဖြစ်ဖို့ အတွက်….. ယုံကြည်မှု သဒ္ဓါ တရားရှိရမည် ,စောင့်ထိန်းမှု သီလ ရှိရမည်, ကောတုဟလ မင်္ဂလာကို မယုံကြည်ရ, ကံတရားကို ယုံကြည်သူဖြစ်ရမည်, သာသနာတော်ပြင်ပ ကိုးကွယ်မှု မရှာရဆိုတဲ့ ထေရ၀ါဒ ဗုဒ္ဓဘာသာ မူ ၅ ချက်ကို ဦးထိပ် ပန်ဆင်၍ ဗုဒ္ဓ၀ါဒ သဘောတရားဖြစ်သော ဆင်းရဲ ခြင်းမှ ချမ်းသာခြင်းသို့၊ မကောင်းမှု မှ ကောင်းမှုသို့၊ အမှောင်မှ အလင်းသို့၊ မသိမှုမှ သိမှုသို့၊ ဒုက္ခအတွင်းမှ ဒုက္ခလွတ်မြောက်ရာသို့ ရောက်အောင် အသိ အကျင့် ဘက်စုံမြှင့်၍ ထေရ၀ါဒ ဗုဒ္ဓဘာသာဝင် ဖြစ်အောင် ကြိုးစားကြပါစို့…….။

Theravada Buddhist Foundation (ထေရ၀ါဒ ဗုဒ္ဓဘာသာမူ (၅)ရပ် ) by Ashin Tikkhanyanalinkara (အရှင်တိက္ခဥာဏာလင်္ကာရ)

မြန်မာပြည်မှမြန်မာလူမျိုး

 

Sunday, 21 October 2012

လာအိုနိုင်ငံမှ ဗုဒ္ဓပန်းခြံ (Buddha park)

       လာအိုနိုင်ငံ၊ ဗီယမ်ကျင်းမြို့ အနီးမှာ ရှိတဲ့ ပန်းခြံ ဖြစ်ပါတယ်။
၁၉၅၈ ခုနှစ်က တည်ဆောက်ထားတဲ့ ပန်းခြံဖြစ်ပြီး ခေတ်အဆက် ဆက် ပြုပြင် ထိန်းသိမ်းလာခြင်းကြောင့် ကမ္ဘာလှည့်ခရီးသွားများ အတွက် လေ့လာစရာ နေရာ ဒေသ တစ်ခု ဖြစ်ပါတယ်။   ထေရ၀ါဒ ဗုဒ္ဓ ဘာသာ ထွန်းကားတဲ့ လာအိုမှာ ရှေးဟောင်း သမိုင်းအမွေအနှစ်ပေါက် များစွာ ကျန်ရှိနေပါသေးတယ်။


လက်ရှိ Buddha Park ဟာလည်း လာအိုနိုင်ငံရဲ့ သမိုင်းဝင် အမှတ်အသား တစ်ခုအဖြစ် တည်ရှိနေတာကို ယခုကဲ့သို့ မြင်တွေ့ ရပါတယ်။
---
Ref: wiki
 
 
 
 
   
International news for myanmar
                                    

မြန်မာကို ကမ္ဘာက သိစေခဲ့ပြီ

              မြန်မာ့အလှမယ်ဟာ People Choice Award ဆုနဲ့ Miss Internet ဆုကြီးကို လက်ခံရရှိခဲ့ပါတယ် ။
ဆယ်စုနှစ်ကျော်အတွင်း    ပထမဆုံးအကြိမ်ဝင်ပြိုင်ခဲ့တဲ့ပွဲမှာ ဒီလောက်ထိအောင်မြင်မှုရခဲ့တယ်ဆိုတာ ကျွန်တော်တို့အတွက် ဂုဏ်ယူဝမ်းမြောက်စရာဖြစ်ပါတယ်။
                            “ CONGRATULATION !! NAN KHIN ZAY YAR ” 



                                         
     ဒီပွဲမှာ ကျွန်တော်တို့ အကျိုးကျေးဇူးများစွာ ရခဲ့တယ်ဆိုတာ ဒီပွဲစဉ်တလျောက်လုံးလိုက်ပါအားပေးခဲ့ကြတဲ့ ပြည်သူပြည်သားတွေအသိဆုံးဖြစ်ပါတယ် ။ထိုင်းတို့ကိုရီးယားတို့ တခြားနိုင်ငံတွေထက်အများကြီးသာတယ်ဆိုတာ တစ်ကမ္ဘာလုံးလက်ခံလိုက်ရပြီဖြစ်ပါတယ်း))

 သက်တန့်ချို  

Saturday, 20 October 2012

ကျန်းမာအောင်နေနည်း (Health tips to keep you healthy)


 
                                            
 
၁။ တစ်ရက် ကြက်သွန်ဖြူ တစ်လုံး စားသုံးခြင်း

ကြက်သွန်ဖြူ (Garlic) ကို နိုင်ငံတကာမှာ Mother of all cures လို့ လက်ခံထားကြပါတယ်။ အနာရောဂါ အာလုံးကို ပျောက်ကင်းစေတဲ့ ပင်မဆေးဘုရင် ဖြစ်ပါတယ်။ ကြက်သွန်ဖြူ တစ်ဖူး (တစ်လုံး) (5ml) ဟာ ဓာတုဗေဒ အဆိပ်ကြောင့် ဖြစ်နိုင်တဲ့ ရောဂါကို ၄၈ ရာခိုင်နှုန်း ပျောက် ကင်းစေတယ်လို့ ဆိုပါတယ်။ ကူးဆက်ရောဂါများကို လည်း ကာကွယ်ပေး
ပါတယ်။ ဒါကြောင့် ကိုယ်စားတဲ့ ဟင်းလျာအစားအစာ များမှာ ကြက်သွန် ပါနေဖို့ လိုပါတယ်။

၂။ ဂျုံ၊စပါး ဆက်စပ်အစားအစာ စားသုံးခြင်း

ဂျုံ၊ စပါး ဆက်စပ်အစားအစာဆိုတာ ထမင်း၊ ပေါင်မုန့် ၊ ပလာတာ၊ အီကြာကွေ့၊ ဆန်မုန့် အစရှိသဖြင့် အမျိုးမျိုး စုံလင်လှသော အစားအစာ များ ဖြစ်ပါတယ်။ သို့ပေမယ့် ဂျုံနဲ့ ပက်သက်တဲ့အစားအစာကို စားသုံးရာမှာ မသန့်ရှင်းတဲ့ ဆီများ အသုံးပြုတာများရင်တော့ မကောင်းပါဘူး။ ဥပမာ- ၃၊ ၄ ရက် အသုံးပြုထားသော စားအုန်းဆီတွင် အီကြာကွေး များ ကြော်ရာတွင် ပြန်လည် အသုံးပြုခြင်း တို့ ဖြစ်ပါတယ်။ ကင်ဆာ ဖြစ်စေတဲ့ အဓိက အကြောင်းအရင်း တစ်ချက်ဖြစ်ပါတယ်။ ဂျုံ၊ ဆန်တို့က ခန္ဓာကိုယ်က လိုအပ် တဲ့ အဓိက အာဟာရများကို ပေးစွမ်းတဲ့ ပင်မ အစားအစာဆိုတာ စာဖတ်သူ တို့ သိရှိမယ် ထင်ပါတယ်။

၃။ အရေအပြားကို ဂရုစိုက်ခြင်း

နေရောင်ခြည်အောက် အမြဲသွားလာနေသူများအတွက် မိမိအရေအပြားကို ဂရုစိုက်ရန် လိုအပ်ပါတယ်။ ခရမ်းလွန်ရောင်ခြည်က ခဏတာ ထိတွေ့လို့ မသိသာပေမယ့် ကြာလာတဲ့အခါ အရေအပြားနဲ့ ပက်သက်တဲ့ ရော ဂါတွေ ဖြစ်စေပါတယ်။ (ဥပမာ- အရေအပြားကင်ဆာ၊ အရေ အပြား လှောင်ခြင်း၊ ပျက်ဆီးခြင်း)။ ဆောင်းရာသီဆိုရင်လည်း အသားအရေ အပ်ကွဲခြင်းကင်းအောင် အရေအပြား ထိန်းသိမ်းတဲ့ လိမ်းဆီများ အသုံးပြုနိုင် ပါတယ်။ အရေအပြားဟာလည်း အိုမင်းမှုကို လူသိအောင် ပြသတဲ့ အစိတ် အပိုင်းဖြစ်ပြီး ကျန်းမာရေး ကောင်းမကောင်းကိုလည်း အရေအပြား ကြည့်ရုံ နဲ့ သိနိုင်ပါတယ်။ ဖြူခြင်း၊ မဲခြင်းမဟုတ်ပဲ အရေအပြား ဆိုပြေမှု ရှိမရှိ၊ နီခြင်း၊ ဝါခြင်း ရှိမရှိ တို့က မိမိရဲ့ ကျန်းမာရေးအခြေအနေ ကို ဖော်ပြနေခြင်း ဖြစ်တဲ့အတွက် ဂရုစိုက်ရမှာ ဖြစ်ပါတယ်။

၎။ ငါးများများစားခြင်း

ငါးက အသက်ရှည်စေတဲ့ အသား/အစားအစာ ဖြစ်တယ်လို့ ညွန်းဆိုကြ ပါတယ်။ ငါး ပုံမှန်စားသုံးသူတွေဟာ တစ်လနေမှ တစ်ကြိမ်တောင် ငါးမစားဖြစ်သူတို့ထက် နှလုံးနဲ့ ဆက်စပ် ရောဂါဖြစ်နိုင်ချေ ၃ပုံ ၁ ပုံတောင် လျော့နည်းတာကို တွေ့ရှိထားပါတယ်။ ငါးစားခြင်းဟာလည်း မိမိရဲ့ ပင်မ အသက် ကျန်းမာရေးကို ကောင်းမွန် စေပါတယ်။

၅။ လက်ဘက်ရည်သောက်ခြင်း

လက်ဘက်ရည်ကြမ်း၊ လက်ဘက်ရည်ချို သောက်သုံးသူများ ဟာ နှလုံးရော ဂါနဲ့ သေနိုင်စွမ်း အင်မတန် နည်းတယ်လို့ ဆိုထားပါတယ်။ အခြားသော ကျန်းမာရေး ကောင်းကျိုးများလည်း ရှိနေတဲ့အတွက် tea ဆိုတာ ကျန်းမာရေးကောင်းရန် အထောက်အကူ အရွက်တစ်မျိုးလို့ သတ်မှတ် ထားကြပါတယ်။

၆။ ဆေးလိပ်ရှောင်ခြင်း

ဆေးလိပ်မှာပါတဲ့ နီကိုတင်းဟာ လူကို တဖြည်းဖြည်းနဲ့ သတ်နေတာကို သိလျက်နဲ့လည်း ဆေးလိပ်သောက်သူ အရေအတွက်ဟာ များသထက်များ လာပါတယ်။ လူကြီး၊ လူငယ်တင်မကပဲ ၁၀ နှစ် အထက် ဆေးလိပ်သောက် သူ အရေအတွက်ပါ တိုးတက်လာပါတယ်။ ဆေးလိပ်သောက်သုံးခြင်းဟာ မိမိရဲ့ ကျန်းမာရေးကို ထိခိုက်သလို အနှံ့ ရှူရှိုက်ရသူ ပတ်ဝန်းကျင်က လူများကိုလည်း ထိခိုက်ပါတယ်။ ဆေးလိပ်သောက်သူထက်တောင် ကျန်းမာရေးဆိုးကျိုး ၂ ဆမက ခံရတယ်လို့ ဆေးပညာရှင်များ က လေ့ လာ တွေ့ရှိထားပါတယ်။ ဒါကြောင့် မိမိကိုယ်တိုင်ရော၊ ပတ်ဝန်းကျင်ကိုပါ မထိခိုက်စေဖို့ ဆေးလိပ်သောက်သုံးခြင်း ကို ရှောင်ကြဉ်သင့်ပါတယ်။

၇။ လမ်းလျှောက်ခြင်း

လမ်းလျှောက်ခြင်းဟာ ပိုက်ဆံပေးစရာမလိုတဲ့ အားကစားနည်း ဖြစ်ပါတယ်။ အားကစားနည်းတွေ အားလုံးမှာ လမ်းလျှောက်တဲ့ အားကစားနည်းကသာ ကျန်းမာရေးအတွက် အထောက်အကူအပြုဆုံး ဖြစ်ပါ တယ်။ ခြေထောက် နဲ့လမ်းလျှောက်တာမှန်ပေမယ့် ယင်းခြေထောက်မှ တစ်ဆင့် ခန္ဓာကိုယ် တစ်ခုလုံးမှာ ရှိတဲ့ သွေးကြော၊ အကြောအားလုံးကို လည်ပတ် အားကောင်းပြီး ကျန်းမာရေး ကောင်းစေပါတယ်။

အထက်ပါ ၇ ချက်ကို ပုံမှန်ပြုလုပ် ကျင့်သုံးမယ်ဆိုရင် မလုပ်သူများထက် စာရင် အသက်ပိုရှည်ပြီး ကျန်းမာရေး ကောင်းကောင်းနဲ့ နေထိုင်ရ တာ ကို ဆေးပညာရှင်များက လေ့လာတွေ့ရှိထားခြင်း ဖြစ်တယ်လို့ သိရပါတယ်။
---
Ref:medicfact

http://innewsmyanmar.blogspot.com/2012/10/health-tips-to-keep-you-healthy.html

Friday, 19 October 2012

ကိုက်လန်၏ ကျန်းမာရေး အကျိုးကျေးဇူး ၁၀ ရပ်

ကိုက်လန်ကို အစိမ်းရောင် ဟင်းရွက်တို့ရဲ့ ဘုရင်မလို့ တင်စားတတ်ကြသလို အာဟာရ စုပေါင်းရာ အိမ်တစ်လုံးလို့လည်း ခေါ်ဆိုတတ်ကြပါတယ်။ သင်စားတဲ့ အစားအသောက်ထဲကို ကိုက်လန် ထည့်စားပေးမယ်ဆိုရင် အောက်ပါ အကျိုးကျေးဇူး ၁၀ မျိုးကို ရရှိပါလိမ့်မယ်။
                                           

(1) အစာခြေလမ်းကြောင်းစနစ်ကို ကျန်းမာစေပါတယ်

ကိုက်လန်မှာ ကယ်လိုရီ ပါဝင်မှု နည်းပါးပြီး အဆီဓာတ်လည်း လုံးဝမပါပါဘူး။ အမျှင်ဓာတ် များစွာ ပါဝင်ပါတယ်။ ကိုက်လန်တစ်ခွက်မှာ ၃၆ ကယ်လိုရီနဲ့ အမျှင်ဓာတ် ငါးဂရမ်တို့ ပါဝင်ပါတယ်။

(2) အထွေထွေ ကျန်းမာရေးကို ကောင်းမွန်စေပါတယ်

ကိုက်လန်မှာ သံဓာတ်များစွာ ပါဝင်ပါတယ်။ ကယ်လိုရီတူတဲ့ ကိုက်လန်နဲ့ အမဲသားတို့ကို နှိုင်းယှဉ်ကြည့်ရာ ကိုက်လန်မှာ သံဓာတ် ပိုမိုပါဝင်တာကို တွေ့ရပါတယ်။ သံဓာတ်ဟာ ဟေမိုဂလိုဘင်နဲ့ အင်ဇိုင်း ဖြစ်ပေါ်စေတာ၊ ခန္ဓာကိုယ် အစိတ်အပိုင်း အသီးသီးကို အောက်ဆီဂျင် ပို့ပေးတာ၊ ဆဲလ်ကြီးထွားတာ၊ အသည်းရဲ့ လုပ်ငန်းဆောင်တာကို ကောင်းမွန်စေတာ စတဲ့ အာနိသင်တွေ ရရှိစေပြီး အထွေထွေ ကျန်းမာရေးကို ကောင်းမွန်စေပါတယ်။

(3) ဗီတာမင်ကေ များစွာ ပါဝင်ပါတယ်

ကိုက်လန်မှာ များစွာ ပါဝင်တဲ့ ဗီတာမင်ကေဟာ ကင်ဆာရောဂါ အမျိုးမျိုးကို ကာကွယ်ပေးနိုင်ပါတယ်။ အရိုးကျန်းမာရေးကို ကောင်းစေတဲ့အပြင် သွေးခဲတာမျိုး မဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။ အယ်လ်ဇိုင်းမားရောဂါ ခံစားနေရသူတွေကို သက်သာအောင် ဗီတာမင်ကေနဲ့ ကုသနိုင်ပါတယ်။

(4) ကင်ဆာအမျိုးမျိုးကို ကာကွယ်ပေးပါတယ်

ကိုက်လန်မှာ ကာရိုတီးနွိုက်နဲ့ ဖလေဗိုးနွိုက်တို့လို အင်တီအောက်ဆီးဒင့်များစွာ ပါဝင်ပါတယ်။ ဒီအင်တီအောက်ဆီးဒင့်တွေက ကင်ဆာရောဂါ အမျိုးမျိုးကို မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

(5) ရောင်ရမ်းမှုကို လျော့ကျစေပါတယ်

ကိုက်လန်ဟာ ရောင်ရမ်းမှု လျော့ကျစေတဲ့ အစာတစ်မျိုးပါ။ ကိုက်လန်တစ်ခွက်စာ ပမာဏမှာ တစ်နေ့တာ မှီဝဲသင့်တဲ့ အိုမီဂါ ၃ ဖက်တီး အက်စစ်ပမာဏ ၁၀ ရာခိုင်နှုန်းခန့် ပါဝင်တာကြောင့် ရိုးဆစ်ရောင်ရမ်းနာ၊ ပန်းနာရင်ကျပ်ရောဂါနဲ့ Autoimmune Disorder တို့ကို တွန်းလှန်ပေးနိုင်စွမ်း ရှိပါတယ်။

(6) နှလုံးသွေးကြောကို ကျန်းမာစေပါတယ်

ကိုက်လန်မှာ နှလုံးသွေးကြော စနစ်ကို ကျန်းမာစေတဲ့ အစွမ်းရှိပါတယ်။ ကိုက်လန်ကို များများ စားပေးရင် သွေးတွင်းမကောင်းတဲ့ ကိုလက်စထရောကို လျော့ကျစေနိုင်ပါတယ်။

(7) အမြင်အာရုံကို ကောင်းမွန်စေပါတယ်

ကိုက်လန်မှာ ဗီတာမင်အေ များစွာပါဝင်တာကြောင့် အမြင်အာရုံကို ကောင်းမွန်စေတဲ့အပြင် အဆုတ်နဲ့ ခံတွင်းကင်ဆာတို့ မဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။

(8) ကိုယ်ခံစွမ်းအား စနစ်ကို ကောင်းမွန်စေပါတယ်

ကိုက်လန်မှာ ဗီတာမင်စီ ပမာဏများစွာ ပါဝင်တာကြောင့် ကိုယ်ခံစွမ်းအားစနစ်၊ ဇီဝရုပ်ဖြစ်ပျက်မှုနဲ့ ရေဓာတ်ပြည့်ဝမှုတို့ကို အားပေးထောက်ပံ့နိုင်စွမ်း ရှိပါတယ်။

(9) အရိုး၊ အဆစ် ကျန်းမာစေပါတယ်

ကိုက်လန်မှာ ကယ်လ်စီယမ် ပမာဏများစွာ ပါဝင်ပါတယ်။ ကယ်လိုရီ ပမာဏတူတဲ့ နွားနို့နဲ့ ယှဉ်ရင် ကိုက်လန်မှာ ကယ်လ်စီယမ် ပိုမို ပါဝင်တာကြောင့် အရိုးထုထည် ဆုံးရှုံးမှု မဖြစ်အောင်နဲ့ အရိုးပါးရောဂါ မဖြစ်အောင် ကာကွယ်ပေးနိုင်စွမ်း ရှိပါတယ်။ ဒါ့အပြင် ကိုက်လန်မှာပါတဲ့ ဗီတာမင်စီဟာ အရိုးနုနဲ့ အဆစ်တွေ သန်စွမ်းပျော့ပျောင်းအောင် ကူညီနိုင်ပါတယ်။

(10) ကိုယ်တွင်းအဆိပ်တွေကို ကင်းစင်စေပါတယ်

ကိုက်လန်ကို အဆိပ်ဖယ်ရှားပေးနိုင်တဲ့ အစာလို့ တင်စားခေါ်ဝေါ်ကြပါတယ်။ ကိုက်လန်မှာ အမျှင်ဓာတ်နဲ့ ဆာလဖာတို့ အပြည့်အဝ ပါဝင်နေတာကြောင့် ကိုယ်ခန္ဓာတွင်းရှိ အဆိပ်တွေကို ကင်းစင်စေပြီး အသည်းကို ကျန်းမာစေပါတယ်။

ကြယ်စင်
Ref: Good Health

ဂုဏ်ယူလေးစား စရာ ကောင်းတဲ့ ရွှေကရင်

ကရင်ပြည်နယ် သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေး                                   
ဗုဒ္ဓဘာသာဝင်များ ပိုင်ဆိုင်သော အိမ်ခြံမြေ လယ်ယာများ မွတ်စလင် တို့ကို ရောင်းချခြင်းမပြုရ ဟူသော အချက်အပါအ၀င် စည်းကမ်းချက် ၄ရက် ကရင် ပြည်နယ် ဂိုဏ်းပေါင်းစုံ သာသနာတော် ထိန်းသိမ်း စောင့်ရှောက်ရေး အဖွဲ့ မှ ထုတ် ပြန် ဟူ ၍ အမှတ် (၈
၁ ) အောက်တိုဘာ ၁၉ရက်နေ့ ၊၂၀၁၂ နေ့ ထုတ် မြန်မာပို့စ် ဂလိုဘယ် သတင်းဂျာ
နယ် မျက်နှာ ဖုံးပေါ် တွင် ဖော်ပြခဲ့သည်။


အဆိုပါ သတင်းတွင်
• ဘားအံမြို့ မဲဘောင်ကျောင်းတိုက် အတွင်း ကျင်းပခဲ့သော အစည်းအဝေးတွင် ဘားအံမြို့ ရပ်ကွက်ပေါင်း ၉ခု အနက် အမှတ် ၂ရပ်ကွက် အုပ်ချုပ်ရေးမှု မှလွဲ၍ ကျန်အုပ်ချုပ်ရေးမှူး များ အပါအ၀င် လူပေါင်း ၁၀၀ကျော်တက်ရောက်ခဲ့ကြောင်း

• ဇွဲကပင် တောင် ဆရာတော် ဦးက၀ိဓဇက စည်းကမ်းချက်လေးရပ်ကို ကြေညာခဲ့သည်

(၁) ဗုဒ္ဓဘာသာဝင်များ ပိုင်ဆိုင်သော ဘိုးဘွားပိုင် အိမ်ခြံမြေ လယ်ယာများကို မွတ်စလင် များထံ ရောင်းချခြင်း၊ ငှားရမ်းခြင်း ၊ ပေါင်နှံခြင်း ၊ မပြုရန်

(၂) ဗုဒ္ဓဘာသာဝင် အမျိုးသမီးများ မွတ်စလင် နှင့် အိမ်ထောင်မပြုရန်

(၃) ဗုဒ္ဓဘာသာ ၀င်များ သည် ဗုဒ္ဓဘာသာများရောင်းချသော ဆိုင်မှာသာ အားပေးရန် ၊

(၄) ဗုဒ္ဓဘာသာဝင်များသည် မွတ်စလင်များ အတွက် အိမ်ခြံ လယ်ယာမြေ အဆောက်အအုံတို့ကို နာမည်ခံကာ ၀ယ်ယူပေး၊ ဆောက်လုပ်ပေး ၊ ငှားရမ်းပေး ခြင်းမပြုရန်
တို့ဖြစ်သည်။

• ၄င်းစည်းကမ်းချက်များကို ဖောက်ဖျက်ကျူးလွန်ပါက ထိရောက်သောပြစ်ဒဏ်များ ချမှတ်ခံရမည့်ဖြစ်ကြောင်း၊

• အောက်တိုဘာ ၁၄ရက်တွင် ကျင်းပခဲ့ပြီး အစည်းအဝေးအပြီး နောက်တစ်ရက်တွင် တစ်မြို့လုံးသို့ ဖြန့်ဝေကြောင်း

• ယင်းအစည်းအဝေးမတင်မီ ကရင်ပြည်နယ် ၀န်ကြီးချုပ် ဦးဇော်မင်း ဇွဲကပင်တောင်ဆရာတော်အား လာရောက်ဖူးခဲ့ကြောင်း၊

• ဗုဒ္ဓဘာသာ ကာကွယ်စောင့်ရှောက်မည့် လုပ်ငန်းစဉ်များ အား ကရင်ပြည်နယ် ၀န်ကြီးချုပ် ၊ ပြည်နယ် လွှတ်တော် ဥက္ကဌ ၊ ကရင်ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေး ၀န်ကြီးဌာန နှင့် သက်ဆိုင်ရာသို့ ပေးပို့ခဲ့ကြောင်း ဖော်ပြထားသည်။
                                 
from facebook :

ဘောရောဗုဒ္ဓေါပုထိုးတော်ကြီး

                       အင်ဒိုနီးရှားနိုင်ငံမှ ဘောရော ဗုဒ္ဓေါပုထိုးတော်ကြီးအား ကမ္ဘာ့အကြီးဆုံး ပုထိုးတော်ကြီးအဖြစ် ဂင်းနစ်ကမ္ဘာ့စံချိန်မှတ်တမ်း ပြုစုရေးအဖွဲ့က အတည်ပြုခဲ့ကြောင်း အိန္ဒိယအရာရှိတစ်ဦးက ဇူလိုင်လ ၄ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။ ဂျာဗားကျွန်းအလယ်ပိုင်း မာဂယ်လန်မြို့ရှိ ပုထိုးတော်ကြီးကို ဇွန်လ ၂၇ ရက်နေ့တွင် ဂင်းနစ် ကမ္ဘာ့စံချိန်စာရင်းသွင်းခဲ့ခြင်း ဖြစ်သည်။ ဂင်းနစ်ကမ္ဘာ့စံချိန် ၀က်ဘ်ဆိုက်တွင်လည်းအေဒီ ၇၅၀ မှ ၈၄၂ ခုနှစ်ကြားက တည်ထားကိုးကွယ်ခဲ့သော ဘောရောဗုဒ္ဓေါသည် ကမ္ဘာ့ကြီးဆုံး ဗုဒ္ဓပုထိုးတော်ကြီးဖြစ်ကြောင်း ဖော်ပြလိုက်ပြီဖြစ်သည်။ ၆၀၀၀၀ ကုဗမီတာရှိသော ကျောက်သားတို့ဖြင့် တည်ဆောက်ထားပြီး ဉာဏ်တော် ၃၄ ဒသမ ၅ မီတာရှိကာ အောက်ခံမှာ ၁၂၃ မီတာရှိကြောင်း ယင်းဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။ ၁၉၉၁ ခုနှစ်ကတည်းက ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ခဲ့သော ဘောရောဗုဒ္ဓေါမှာ အင်ဒိုနီးရှားနိုင်ငံတွင် ကမ္ဘာလှည့်ခရီးသွား အမြောက်အမြား လာရောက်လည်ပတ်ရာ နေရာတစ်ခုအဖြစ် တည်ရှိနေသလို နိုင်ငံတွင်းရှိ လူနည်းစု ဗုဒ္ဓဘာသာဝင်များ လာရောက် ဖူးမြော်ရာနေရာလည်း ဖြစ်သည်။ ၂၀၁၁ ခုနှစ်အတွင်း ကမ္ဘာလှည့်ခရီးသွား နှစ်သိန်းခွဲခန့် လာရောက်လည်ပတ်ခဲ့ကြသည်။

ဘောရောဗုဒ္ဓေါပုထိုးတော်ကြီး
                        

ဘောရောဗုဒ္ဓေါပုထိုးတော်ကြီးကို ၉ ရာစု သေလိန္ဒြာမင်းဆက် လက်ထက် မဟာယာနဗုဒ္ဓဘာသာ ထွန်းကားပြန့်ပွားစဉ် တည်ထားကိုးကွယ်ခဲ့ကြခြင်းဖြစ်သည
်။ ဂုပ္တဗိသုကာလက်ရာများ လွှမ်းမိုးမှုရှိခြင်းကြောင့် ဂျာဗားကျွန်းတွင် အိန္ဒိယယဉ်ကျေးမှု လွှမ်းမိုးမှုရှိခဲ့သည်ဟု ဆို နိုင်သော်လည်း ဒေသရိုးရာဟန်များ ရောယှက်နေခြင်းကြောင့် အင်ဒိုနီးရှား လက်ရာစစ်စစ် ဖြစ်နေစေသည်။ ၁၄ ရာစုတွင် ဂျာဗား၌ ဗုဒ္ဓဘာသာနှင့် ဟိန္ဒူဘာသာ တိမ်ကောသွားချိန်တွင် တောတွင်း၌ တိမ်မြုပ်နေခဲ့ပြီး ဂျာဗားကျွန်းကို အင်္ဂလိပ်တို့ အုပ်စိုးသည့်ခေတ်အရောက် ၁၈၁၄ ခုနှစ်တွင်မှ ဘုရင်ခံသောမတ်စတန်းဖို့ဒ် ရက်ဖယ်လ်က ဒေသခံတို့၏ ပြောစကားမှတစ်ဆင့် သိရှိကာ ပြန်လည်ရှာဖွေ ဖော်ထုတ်ခဲ့ခြင်းဖြစ်သည်။ ယင်းနောက်ပိုင်းကာလတွင်မှ ပြန်လည်ထိန်းသိမ်းစောင့်ရှောက်မှုများ ပြုလုပ်ခဲ့ကြပြီး ၁၉၇၅ မှ ၁၉၈၂ ခုနှစ်အတွင်း အင်ဒိုနီးရှားအစိုးရနှင့် ယူနက်စကိုတို့ ပူးပေါင်းပြီး ထိန်းသိမ်းစောင့်ရှောက်မှုများ အကြီးအကျယ် ပြုလုပ်ခဲ့ကြသည်။
Ref: Eleven
 

Thursday, 11 October 2012

မြန်မာ ကို ကမ္ဘာက သိစေရမယ်....

  
တခြား ဘယ် Miss ပုံတွေကိုမှ မကြည့်ပဲ နန်းခင်ဇေယျာရဲ့ ပုံလေးကိုပဲ တိုက်ရိုက် ခဏခဏကြည့် ပေးခြင်းဖြင့်... View account တက်အောင် ကူညီပေးကြပါ...

နန်းခင်ဇေယျာရဲ့ Miss International 2012 Organizing ကော်မတီ အဖွဲ့မှ တာဝန်ရှိသူတစ်ဦးနဲ့ အဆက်အသွယ်ရပါတယ် ။ နန်းခင်ဇေယျာက ပေးပို့တဲ့မေးလ်ကို ဘာသာပြန်ပြီး တင်ပေးလိုက်ပါတယ် ။

“ မင်္ဂလာပါ မြန်မာ !!!


ကျွန်မ နန်းခင်ဇေယျာ ပါ အခုလို ၀ိုင်းပြီးအားပေး
တဲ့အတွက်ရော Vote လုပ်ပေးတဲ့အတွက်ရော ကျေးဇူးအများကြီးတင်ပါတယ် Thai beauty fan page က တကယ်တော့ တရားဝင် vote ပေးရမယ့်လင့်မဟုတ်ပါဘူး တရားဝင်vote ပေးရမယ့်လင့်ကို မျှဝေပေးချင်ပါတယ် ။

အခုအောက်မှာပေးထားတဲ့လင့်ဟာ တစ်ကမ္ဘာလုံး တစ်ကမ္ဘာလုံးက Miss Internet အတွက် ၀ိုင်းပြီး ပေးကြတဲ့ လင့်ဖြစ်ပါတယ် ။ ဒါကြောင့် Official မဟုတ်တဲ့လင့်တွေကို Share မလုပ်ကြဖို့ မေတ္တာရပ်ခံပါတယ် ။ အရင်ဆုံးအောက်ပါလင့်ကိုသွားပါ ။

http://www.flickr.com/photos/64086169@N03/sets/72157631640709082/with/8062634660/

   ကိုဖွင့်လိုက်ပါ အဲဒီမှာ အလယ်မှာ ကျွန်မရဲ့ပုံရှိပါတယ် ။ အဲဒီပုံလေးကို Click နှိပ်လိုက်ပါ ။ Favourites တွေဘာတွေလုပ်စရာမလိုပါဘူး ။ သူတို့လိုချင်တာက ကြည့်ရှုသူအရေအတွက် VEIWS ကိုဖြစ်ပါတယ် ။

အခု ကျွန်မ ဓါတ်ပုံမှာ ၁၁၆၀၀၀ ကြိမ်ရှိပြီး တခြားတိုင်းပြည်ကသူတွေကတော့ ၁၉၀၀၀၀ ရှိပါတယ် ။ ဒါကြောင့် အားလုံးဝိုင်းပြီးကူညီကြပါဦး ။ ကျွန်မ ဖေ့ဘုတ်အကောင့်က ဖွင့်လို့မရတော့ပါဘူး Hacking လုပ်ခံရတယ်လို့ထင်ပါတယ် ။ ဒါကြောင့် ကျေးဇူးပြုပြီး ဒီသတင်းလေးကိုဝေမျှပေးပါ ။ ဒါကြောင့် ကျေဇူးပြုပြီး တခြားနေရာတွေလိုက်ပြီး Vote လုပ်နေရင်အချိန်ကုန်ပြီး Views အရေအတွက်တက်လာမှာမဟုတ်ပါဘူး အခုပေးထားတဲ့လင့်ကသာ တရားဝင်ဖြစ်ပါတယ် ။

ကျေးဇူးတင်ခြင်းများစွာဖြင့်

နန်းခင်ဇေယျာ

(ကျွန်မရဲ့ဖေ့ဘုတ်အကောင့်ကို မသုံးနိုင်တဲ့အတွက် ၀မ်းနည်းစွာနဲ့တောင်းပန်ပါတယ် ဒါပေမယ့် မေးလ်ကနေတဆင့် Update တွေကို ပြောပြပေးသွားမှာဖြစ်ပါတယ် )

------------------------------------------------------

  “ အခုနည်းကပိုတောင်လွယ်သွားသေးတယ် ပုံကိုကလစ်နှိပ်တာနဲ့ view count တစ်ခုတက်သွားမယ် ဘာမှလုပ်စရာမလိုဘူး ကြည့်တဲ့အကြိမ်အရေအတွက်တက်အောင်သာ http://www.flickr.com/photos/64086169@N03/sets/72157631640709082/with/8062634660/ ကိုနှိပ်ပြီး ခဏခဏ view count တက်နေအောင်သူ့ပုံကို click နှိပ်ပေးဖို့ပဲလိုတယ် )


သက်တန့်ချို 

Wednesday, 10 October 2012

ကြီးကျယ် မြင့်မြတ် ~ မြတ်ဗုဒ္ဓဂုဏ်တော်..

ဗုဒ္ဓဘာသာအပေါ် ကမ္ဘာကျော်လူပုဂ္ဂိုလ်များ၏ အတွေး အမြင် နှင့် မှတ်ချက်များ

(၁) ဗုဒ္ဓဘာသာဟာ လူသားတိုင်း အတွက်ဖြစ်ပေမယ့်   လူသားအားလုံးက ဗုဒ္ဓဘာသာမဖြစ်ခဲ့ကြဘူးတဲ့။
(အိုင်စတိုင်းလ် - Albert Einstein)

 (၂) ဗုဒ္ဓသည် ဘာသာပြောင်းသူများကို အနိုင်ယူရန် တရားဟောခြင်းမဟုတ်ဘဲ၊ တပည့်သာဝကတို့ကို အသိညဏ်အလင်းရရှိစေရန် တရားဟောခြင်းဖြစ်သည်။        (စာရေးဆရာတစ်ဦး)

(၃) ဗုဒ္ဓနှင့် သာမန်လူသားတစ်ဦး၏ ကွဲပြားချက်မှာ လူကောင်းနှင့် အရူးကွဲပြားသကဲ့သို့ပင် ဖြစ်သည်။ (စာရေးဆရာတစ်ဦး)

(၄) အကယ်၍ ခေတ်သစ်သိပ္ပံပညာလိုအပ်ချက်များနှင့် ဖက်ပြိုင်သည့် ဘာသာရေးတစ်ခု ရှိခဲ့သည်ဆိုလျှင် လည်း ၎င်းသည် ဗုဒ္ဓဘာသာ ဖြစ်ပေလိမ့်မည်။   (အိုင်စတိုင်းလ် - Albert Einstein)

(၅) သတ်ပစ်လိုက်
ခန္ဓာကိုယ်ကို သတ်ပစ်ခြင်းသည် အကျိုးမရှိပါ၊ ခန္ဓာကိုယ်က အပြစ်ကျူးလွန်ခြင်းကိစ္စမှာ တာဝန်မရှိပါ၊ မသိမိုက်မဲစိတ်ကသာ အပြစ်ကို ကျုးလွန်၍ တာဝန်ရှိသူဖြစ်တယ်၊ မသိမိုက်မဲမှုလျင် လူသတ်သမားအစစ်ဖြစ်ပါတယ်။
ဒါ့ကြောင့် မသိမိုက်မဲမှုကိုသာ သတ်ပစ်ရမယ်၊ ကြိုးပေးရမယ်၊ ဘယ်လိုသတ်ဖြတ်ကြိုးပေးရမလဲ?
လူသတ်သမားကို သစ္စာ ပညာ ဗုဒ္ဓဒေသနာတရား ဟောကြားပြီး မိုက်မဲမှု မသိမှုကို ပယ်သတ်ပြစ်နိုင်တယ်။ (မဟတ္တမဂန္ဒီ - Ghandi)

(၆) အနာဂါတ်ဘာသာတရားက သဘာဝလောကဓာတ်တခွင်လုံးအတွက် အဖြေပေးစွမ်းနိုင်သော အယူဝါဒတစ်ရပ်သာဖြစ်ရလိမ့်မည်။ အနှီးဘာသာသည် ပုဂ္ဂလအဓိဌာန်အယူအဆဖြင့် ဖန်တီးတီထွင်ထားသော ဖန်ဆင်ရှင်တရားနှင့် မသက်ဆိုင်စေသင့်။ တစ်ယူသန်အစွဲအလမ်းများနှင့် ယင်တို့မှ ပေါက်ဖွားခဲ့သော အကိုးအကြောင်းဆက်ပညာကိုလည်း ကျော်လွှားလွန်မြောက် ရလိမ့်မည်။ ထိုဘာသာတရားသည် သဘာဝလောကဓာတ်(ရုပ်တရား)နှင့်တကွ နာမ်တရာများကို လွှမ်းခြုံ၍ ဒိဌဓမ္မဖြင့် အဓိပ္ပါယ်ပြည့်ဝသော ပေါင်းစည်းညီညွတ်မှုကို ဖော်ဆောင်နိုင်စွမ်းရှိရပေလိမ့်မည်။ ဗုဒ္ဓဘာသာသည် ထိုအရည်အချင်းများနှင့် ပြည့်စုံသည်ကို တွေ့ရ၏။ မျက်မှောက်ခေတ် သိပ္ပံပညာ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်စွမ်သောဘာသာတရားတစ်ခုရှိသည်ဆိုပါလျှင် ထိုဘာသာတရားက ဗုဒ္ဓဘာသာဖြစ်လိမ့်မည်။  (အိုင်စတိုင်းလ် - Albert Einstein)

(၇) ကမ္ဘာပေါ်တွင် မည်သည့်ဘာသာသည် ကြီးကျယ်မြင့်မြတ်သော ဘာသာဖြစ်သည်ဆိုခြင်းကို မပြောလျှင်မဖြစ်ပြောပါဟု သင်ကကျွနုပ်အား တိုက်တွန်းခဲ့သော် ကျွနုပ်  စိတ်ပါလက်ပါ စာနာထောက်ထားသောအားဖြင့် "ဗုဒ္ဓဘာသာသည် ကြီးကျယ်မြင့်မြတ်သော ဘာသာဖြစ်သည်" ဟု မဆိုင်းမတွ အဖြေပေးရမည်ဖြစ်ပါသည်။   (ရာဘင်ဒြာနတ်တဂိုးလ် - Rabindranath Tagroe)

(၈) ဗုဒ္ဓ၏ကြီးမားသော အနစ်နာခံမှု၊ စွန့်လွတ်မှုနှင့် ဘဝ၏သန့်ရှင်းစင်ကြယ်မှုတို့ဖြင် ဟိန္ဒူဝါဒအပေါ်တွင် မပျက်ပြယ်နိုင်သည့် အမှတ်တံဆိပ်တစ်ခုကို ထားရစ်ခဲ့ပြီး ဟိန္ဒူဝါဒသည် ထိုမြတ်သောဆရာအား အနန္တကျေးဇူးကြွေးများ ပေးဆပ်ရန် ရှိနေပေသည်။     (မဟတ္တမဂန္ဒီ - Ghandi)

(၉) အကယ်၍ ပြဿနာတစ်ခုခုဖြေရှင်းဖွယ်ရာရှိခဲ့လျှင် ဗုဒ္ဓဟောကြားခဲ့သည့် လမ်းစဉ်ဖြင့် ငြိမ်းချမ်းစွာ ဒီမိုကရေစီကျကျ စဉ်းစားဆင်ခြင်ရပေသည်။    (နေရူး - Nehru)

(၁၀) ဗုဒ္ဓ၏ အဆုံးအမများသည် ဟိန္ဒူဝါဒတွင် တစ်စိတ်တစ်ဒေသအားဖြင့် ပါဝင်အကျုံးဝင်နေသည်ဟု ကျွနုပ်ဆင်ခြင်ယူဆမိပါသည်။    အိန္ဒိယနိုင်ငံရှိ ဟိန္ဒူဝါဒအပေါ် ဂေါတမဗုဒ္ဓ က မည်ကဲ့သို့ ကြီးမားစွာ ပြောင်းလဲစေခဲ့သည်ကို  မည်သို့မျှ   ပြန်လည်စူးစမ်းရှာဖွေရန်   မဖြစ်နိုင်တော့ချေ။  (မဟတ္တမဂန္ဒီ - Ghandi)

(၁၁) သန့်ရှင်းသော နည်းနာနိဿယနှင့် မြင့်မြတ်သောသင်ကြားမှုများမှာ တစ်စုံတစ်ရာသော အယူဝါဒကြီး တစ်ခုကမျှ အလွမ်းသင့်အောင် မဆောင်ရွက်နိုင်သဖြင့် ဗုဒ္ဓဘာသာမှ ကူးယူကြရပေသည်။       (အိပ်ခ်ျဂျီဝဲလ် - H.G. Wells - ဗြိတိသျှသမိုင်းပညာရှင်)
(၁၂) ရှင်တော်ဗုဒ္ဓ --- အရှင်ဘုရားဟောကြားတဲ့   ဒေသနာမှာရှိတဲ့    တခြားအရာတွေထက် အကြောင်းအရာ      တစ်ခုအတွက်နှင့်ပဲ တပည့်တော် အရှင်ဘုရားရဲ့ တရားဒေသနာတော်ကို လေးစားမြတ်နိုးလှပါသည်။ အဲဒီအကြောင်းအရာဟာ ဘာလဲဆိုရင် တရားဒေသနာမှာ ပါတဲ့ အရာဝတ္ထုအားလုံးဟာ       ပြတ်သားနေခြင်းဖြစ်ပါတယ်။                           သူ့အလိုလိုပင် ထင်ရှားနေခြင်း ဖြစ်ပါတယ်။      (ဟာမန်ဟက်စ် - ၁၈၈၇ - ၁၉၆၂ )

(၁၃) ပြစ်မူကျူးလွန်သူသည် ဘုရားသခင်ထံ တောင်းပန်အသနားခံရန် ဆုတောင်းဝတ်ပြုကြိုးစားမူတို့ဖြင့် အကုသိုလ်ဆိုးကျိုးမှ လွတ်မြောက်နိုင်သည်ဟု ဗုဒ္ဓဝါဒီ တို့က မယုံကြည်ချေ။   (ဂျွန်ဝေါလ်တားစ် - John Walters)

(၁၄) စိတ်ချမ်းတာစေတာက
ကျွနုပ်တို့ တတွေသည် ရုပ်ဝတ္ထုကြွယ်ဝမူ ဝိုင်းဝိုင်းလည်နေသည့် ကြားတွင် စိတ်ဓာတ်ရေးရာအားဖြင့် ချွတ်ခြုံကျနေကြရပါသည်။ ရုပ်ဝတ္ထုကြွယ်ဝသော်လည်း စိတ်ချမ်းသာမူ ကင်းသော အခြေအနေတွင် စိတ်၏ချမ်းသာမူ အမှန်တကယ်ရရန်အတွက် ဗုဒ္ဓ၏ကျင့်စဉ်ကိုကျင့်ကြံအားထုတ်ကြည့်ဖို့သင့်လှပါသည်။ ဗုဒ္ဓကျင့်စဉ်သည် စိတ်ချမ်းသာမူကို အမှန်တကယ်ဖြစ်စေနိုင်သည်။ (ဂျွန်ဝေါလ်တားစ် - John Walters)
(၁၅)သက်ရှိသတ္တဝါများကို မညှင်းဆဲရန် နတ်ဘုရားများထံဝယ် ဆုတောင်းပတ္တနာပြုခြင်း၊ ဘုန်းတော်ဘွဲ့များရွတ်ဆိုခြင်း၊ ယစ်ပူဇော်ခြင်းများကို မပြုလုပ်ရန် ဗုဒ္ဓသည် လူ့သမိုင်းတွင် အဦးဆုံး အပြစ်ပြ၍ ဆုံးမပဲ့ပြင်ခဲ့သည်။ (Prof. Phys Davids)

(၁၆) ဗုဒ္ဓ၏တရားတော်သည် ကမ္ဘာပေါ်ဝယ် အနုမြူဗုံးများ၊ ဟိုက်ဒရိုဂျင်ဗုံးများ ရှိနေသည်ထက် ပို၍လိုအပ်သော  အချိန်ဖြစ်သည်။ (နေရူး - Nehru)

(၁၇) ကမ္ဘာပေါ်ရှိ ဘာသာတရားတီထွင်သူ ခေါင်းဆောင်အများစုမှာ မဟာခရီးသည်များဖြစ်ကြသည်။ ဘာသာတရားခေါင်းဆောင် ဓမ္မနာယကများထဲတွင် အကျင့်သိက္ခာ၊ ပညာဥာဏ်၊စဉ်းစားဥာဏ်၊ စိတ်နေသဘောထား အရာတို့၌ အမြင့်မြတ်ဆုံးဖြစ်သည့် ဗုဒ္ဓသည် ခရီးသည်ဘုရင် ဖြစ်သည်။   (ရာဟုလာသံ ကစ္စည်း)

(၁၈) လူမှု့ဒုက္ခ သုက္ခအရှုပ်အထွေးများအတွက် ဗုဒ္ဓ၏ ငြိမ်းချမ်းရေးတရားဒေသနာတော်သည် အတိတ်ကထက် ယနေ့တွင် ပို၍လိုအပ်ပေသည်။ (နေရူး - Nehru)

(၁၉) ဗုဒ္ဓမြတ်စွာတွင် ဒေါသအလျှံ ထွက်သောအခါဟူ၍ မည်သည့်အခါမျှ မရှိချေ။ ဘုရားရှင်၏ နှုတ်တော်မှ အကြင်နာမဲ့သောစကားထွက်ပေါ်လာသည်ဟူ၍ မည်သည့်အခါမျှ မရှိပေ။ (Dr. S. Radhakrishnan)

(၂၀) ရှည်လျားလှသည့် သမိုင်းကြောင်းတစ်လျှောက်တွင် ဗုဒ္ဓဘာသာဝင်များအနေဖြင့် အခြားဘာသာဝင်များကို ညှင်းပန်းနှိပ်စက်မှုဟူသော မှတ်တမ်းမှတ်ရာ တစ်စုံတစ်ရာမျှ မရှိပါပေ။ (ပါမောက္ခရီးစ်ဒေးဗစ် - Prof. Rhys Davids )

(၂၁) ဘာသာကို ကျုပ်လက်ခံယုံကြည်နိုင်ခြင်း မရှိပါ၊ သို့သော် ကမ္ဘာ့ဘာသာကြီးများအနက်ံတစ်ခုသော ဘာသာကို လက်ခံရန် အကြောင်းများပေါ်ပေါက်လာခဲ့သော် မိမိလက်ခံနိုင်မည့် ဘာသာတရားမှာ " ဗုဒ္ဓဘာသာ" ဖြစ်ပါသည်။ (Bertrand Russell, English Philosopher)

(၂၂) ဗုဒ္ဓဝါဒသည် ယုံကြည်မှု့ထက် သိမှု့နှင့် ရှုမြင်မှု့ ကိုသာ အဓိကထားသည်။ ဗုဒ္ဓ၏ သွန်သင်ဆုံးမမှု့ (တရားတော်) များသည် "ဧဟိ ပဿိကော လာလှည့် ရှူလှည့်" ဟုဖိတ်ခေါ်ခြင်းကိုသာ ပြု၍လာပြီး ယုံကြည်လော့ ဟုမဆိုပေ။ (ဆရာတော် ဒေါက်တာဝါပိုလာရာဟုလာ - Ven. Dr. W. Rahula)

(၂၃) ဗုဒ္ဓသည် ပုဂ္ဂိုလ်ရေးကိုးကွယ်မှုဆိုင်ရာ ဘုရားသခင် (သို့) နတ်ဘုရားများ၏ ကူညီမှု့ မြူတစ်စိမျှမပါဘဲ လူတိုင်းကိုယ်တိုင်ရယူနိုင်သည့် လွတ်မြောက်ရေးကို ကမ္ဘာ့သမိုင်းတွင် အဦးဆုံး ထုတ်ဖော်ကြေငြာခဲ့သည်။ (Prof. Eliot)

(၂၄) နှလုံးသားမှာ ချမ်းသာစေတဲ့ တရားမရှိလျှင် စည်းစိမ်ဥစ္စာ မည်မျှပြည့်စုံစေကာမှု ချမ်းသာနိုင်မည်မဟုတ်ပေ။ (ဒလိုင်လားမား - Dalai Lama)

(၂၅) လွတ်လပ်မှု မပေးစွမ်းနိုင်တဲ့ အမိန့်ဟာ ညှင်းဆဲနှိပ်စက်မှု ဖြစ်သွားနိုင်တယ်။ အမိန့်မပါတဲ့ လွတ်လပ်မှုဟာလည်း ဖရိုဖရဲ ဖြစ်သွားနိုင်တာပဲ။ ဒါကြောင့် ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် လွတ်လပ်မှုကိုလည်း ပေးစွမ်းနိုင်ရမယ်။ ဖရိုဖရဲဖြစ်မှုကိုလည်း ကာကွယ်နိုင်စွမ်းရှိရမယ်။ (ဒလိုင်လားမား - Dalai Lama)

(၂၆) ဤအရာ လူသားသစ်ပင်မှာ နှစ်ပေါင်းကုဋေ့ကုဋ့ာ တစ်ကြိမ်သာပွင့်ခဲ့တာ ပညာရနံ့ မေတ္တာပျားရည်စက်များ  လောကကို ပြည့်ဝစေတာ လူသားပန်းတစ်ပွင့်ပါ။ (ဆာအက်ဒွင်အာနိုး - Sir Edwin Arnold)

(၂၇) ဗုဒ္ဓဘာသာနှင့်   ခေတ်သစ်သိပ္ပံပညာသည် အသိပညာဆိုင်ရာ အလွန်နီးကပ်ဆက်စပ်စွာ တည်ရှိနေကြောင်း ကျွန်ုပ်မကြာမကြာ ဆိုခဲ့ပြီး ထပ်ခါတလဲလဲ ပြောဆိုပါဦးမည်။ (ဆာအက်ဒွင်အာနိုး - Sir Edwin Arnold)

(၂၈) ဗုဒ္ဓဝါဒသည် လောကနှင့်ဘဝ ၏ တကယ်ပကတိ အဖြစ်မှန်ကိုသာ ဆင်ခြင်သုံးသပ်ရကား သဘာဝဓမ္မအတိုင်း ရှုမြင်သော ဝါဒဟု ဆိုရပေမည်။ (ဆရာတော် ဒေါက်တာဝါပိုလာရာဟုလာ - Ven. Dr. W. Rahula)
(၂၉) များသောအားဖြင့် ဘာသာရေးဆရာ များသည် ၎င်းတို့၏တပည့်များကို အခြားဘာသာများနှင့် စပ်ဆိုင်သည့် ကျမ်းစာများ၊ အယူဝါဒများ၊စာပေများကို ဖတ်ရှူလေ့လာခွင့် မပြုဘဲတားမြစ်ကြသည်။ ဗုဒ္ဓဝါဒတွင် ဤအဖြစ်မျိုး လွန်စွာနည်းပါးပေသည်။ (ဖရခန္တီပါလော)

(၃၀) စွမ်းရည်သတ္တိ ဘယ်လောက်သိမ်ဖျင်းသူပင်ဖြစ်ပါစေ တရားတော်ရဲ့ တန်ခိုးကြောင့် သတ္တိဗျတ္တိ ပြည့်ဝလာစေပါတယ်။ အညံ့စားလူတစ်ဦးကို အတော်ဆုံးလူဖြစ်လာစေတာဟာ ဗုဒ္ဓတရားတော်ရဲ့ ဂုဏ်ကျေးဇူးတော်ကြောင့်ပါပဲ(ဂိုအင်ဂါ - SN Goenka)
.................................................................
အရှင်သုခမိန္ဒ (စဝ်ဆုခမ်း) နှင့်  အရှင်ဝိဇယ ရေးသားပြုစုထားသော " ဗုဒ္ဓအနု ပညာပြခန်း " စာအုပ်မှ ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။

News from : Buddhism Beams(myanmar)

Friday, 5 October 2012

တောင်းပန်ပါတယ်

              ကျွန်တော် အလုပ်အဆင်မပြေတာနဲ့ စာရေးတဲ့ဘက်ကို မလှည့်နိုင်ဘူး ဖြစ်သွားတယ်ဗျာ...
အားလုံးကို  အနူးအညွတ်တောင်းပန်ပါတယ်.... အခုတလော  အလုပ်က အဆင်မပြေဆို.. အားလပ်ချိန်ကလည်း
မရဆိုတော့  ဘာမှကို မလုပ်ရပါဘူး......  တခြား ဆိုဒ်တွေမှာတော့ သတင်းတွေ တော့ လိုက်ဖတ်ဖြစ်ပါတယ်.........

အလွမ်းလေးနဲ့နှစ်ပါးသွားမယ်