ဗုဒ္ဓမြတ်စွာဘုရား

ဗုဒ္ဓမြတ်စွာဘုရား
ဤ ဘလော့ပိုင်ရှင်သည် မြတ်ဗုဒ္ဓ၏ အရိပ် အောက်တွင် တည်ရှိပါသော ကြောင့် ဝင်ရောက်ကြည့်ရှု့သူအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေ

Thursday, 6 December 2012

လိုအပ်ဆုံးက မင်းလေးပါ

" I NEED U " 
နင့်မှာ " I " ဆိုတဲ့ ငါမပါဘဲ ဘယ်လို ပြုံး နေနိုင်မှာလဲ ...
နင့်မှာ " I " ဆိုတဲ့ ငါမပါဘဲ ဘယ်လို ကောင်းကောင်း နေနိုင်မှာလဲ ...
နင့်မှာ " I " ဆိုတဲ့ ငါမပါဘဲ ဘယ်လို ဆန္ဒပြည့် နေနိုင်မှာလဲ ...
နင့်မှာ " I " ဆိုတဲ့ ငါမပါဘဲ ဘယ်လို ခင်မင်မှုဆိုတာကို နားလည်နိုင်မှာလဲ ...
" I " ဆိုတဲ့ “ ငါ ” က နင့်အတွက် အရေးပါတယ်ဆိုတာ နင်သိမှာပါ ...
ဒါပေမဲ့ " I " ဆိုတဲ့ “ ငါ” က ...
“ နင် ” ဆိုတဲ့ " U " မရှိရင် ...
" SUCCESS " ဆိုတဲ့ “ အောင်မြင်မှု ” ဖြစ်မလာနိုင်ပါဘူး ..
အဲဒါကြောင့် " I NEED U " ....
ဆိုတဲ့ စကားလုံးက ငါ့အတွက် အရေးကြီးပါတယ် ...

 

                                             
by Patricia Lun Lun

မျိုးဂုဏ်ကို ထိန်းသိမ်းကြစို့

     သာကီနွယ်ဖွား မောင်မယ် များတို့
........ကိုရီးယာထုံး နှလုံးမူစို့........

ကိုရီးယားနိုင်ငံမှာ ၇၈၆ တွေကို ကောင်းကောင်း တော်လှန်ခဲ့ကြတယ်။
သူတို့တော်လှန်တဲ့နည်းက တုတ်တွေ ၊ ဒါးတွေ ၊ သေနတ်တွေမပါဘူး။
၇၈၆ တွေရောင်းတဲ့ဆိုင်တွေကို သူတို့တွေ အားမပေးကြပါဘူး။
သူတို့လူမျိုးတွေရောင်းတဲ့ဆ
ိုင်မှာပဲအားပေးကြတယ်။
၇၈၆ တွေ ဘယ်လောက်ပဲဈေးချရောင်းရောင
်းပါ။
သူတို့လူမျိုးတွေ ဘယ်လောက်ပဲ ဈေးတင်ရောင်းရောင်း သူတို့လူမျိုးတွေဆီမှာပဲ အားပေးကြတယ်။
ကြာတော့ ၇၈၆ တွေ နိုင်ငံထဲမှာ နေဖို့ ခက်ခဲလာကြတယ်။
စီးပွားရေးလုပ်လို့မရတော့ဘူ
း။ စားဖို့သောက်ဖို့ ခက်ခဲလာကြတယ်။
ဒါနဲ့ပြေးကရောပေါ့ ဗျာ။
အခုလည်း ကျွန်တော်တို့ ဒီနည်းကိုသုံးဖို့ အချိန်တန်နေပါပြီ.......

 

 


 by black angel

   

လိမ်လည်ပြောဆိုသူကို အကဲခတ်နည်း

      

 လိမ်ပြောမပြော အလွယ်တကူ အကဲခတ်နည်း လူတစ်ယောက် 

လိမ်ပြောတယ် မပြောဘူးဆိုတာ      သိရခက်ပါတယ်။  အထူးသဖြင့် 

လည်လည်ဝယ်ဝယ် ရှိတဲ့ သူတစ်ယောက်နဲ့ စကားပြောမိရင်

 ကိုယ်ခံလို့ ခံလိုက်ရမှန်းမသိ လိမ်သွားတာမျိုးတို့တောင်  


 ဖြစ်တတ်ပါတယ်။ ဒီတော့  လူတစ်ယောက်နဲ့ 


စကားပြောတဲ့ သူ လိမ်လားမလိမ်လားဆိုတာ သိဖို့ လိုအပ်လာပါတယ်။



1. Eye contact

လူတစ်ယောက် လိမ်ပြီဆိုရင် နံပါတ် ၁ လုပ်နိုင်ချေအမူအရာက မျက်လုံးက အမြင်လွဲတာ ဖြစ်ပါတယ်။ 

စိုက်မကြည့်ရဲပါဘူး။ တောင်ကြည့်၊ မြောက်ကြည့် လုပ်နေတတ်ပါတယ်။ နောက်ထပ် ဖြစ်နိုင်ချေ 

တစ်ခုကတော့ စိုက်ကြည့်ခြင်း ဖြစ်ပါတယ်။ သူလိမ်နေတာ မရိပ်မိအောင် တစ်ဖက်ရဲ့ မျက်နှာ အမူအရာကို 

လိမ်ပြောသူ စောင့်ကြည့်နေလို့ ဖြစ်ပါတယ်။ ဒါကြောင့် တစ်ခါခါဆို လိမ်ပြောတဲ့သူက မျက်တောင်ခတ်တဲ့ 

အကြိမ်တောင် သာမန် မြင်နေကျအချိန်ထက် နည်းသွားပါတယ်။


2. Forced smile


Force smile ဆိုတာ ဘာသာပြန်လိုက်ရင် တွန်းအားပေးမှုကြောင့် ပြုံးရယ် မှု ဖြစ်ပါတယ်။ ဆိုလိုရင်က 

လုပ်ရယ် ရယ်ခြင်း ဖြစ်ပါတယ်။ 

အမှန် တကယ် မဟုတ်သော်ငြားလည်း ရယ်ချင် ယောင်ဆောင်ပါတယ်။ အရမ်း 

ဟားရယ်တာမျိုး မဟုတ်ပဲ နှုတ်ခမ်း လှုပ်ရုံလေး ရယ်တတ်ပါတယ်။ သဘာဝအတိုင်းသာ ရယ်မယ်ဆိုရင် 

Natural Smile က - ပါး၊ မျက်လုံး၊ နှာခေါင်း၊ နှဖူး စတာတွေ အကုန်လုံး တွန့်သွား အေင်ကို အမူအရာ 

ပီပြင်ပါတယ်။ စင်စစ် ရယ်မောမှု (Genuine smile) ဆိုရင် မျက်လုံးက 

ကျဉ်းသွားပြီး မှေးပါမှေးသွားပါတယ်။ ဟန်ဆောင် အပြုံး ကတော့ ပါးစပ်တစ်ဝိုက် လှုပ်ရှားမှုသာ 

ပိုမြင်ရမှာ ဖြစ်ပါတယ်။


3. Head & Eye direction


ညာသန် (Right Handed) လူဆိုရင် များသောအားဖြင့် ဖြစ်ရပ်မှန် တစ်ခုခု ကို ပြန်လည်စဉ်းစားတဲ့အခါ၊ 

တကယ်ဖြစ်ခဲ့တာ၊ တွေ့ခဲတာ၊ သိခဲ့တာ ကို ပြန်တွေးတဲ့အခါ မျက်လုံးက ညာဘက်အပေါ်ကို 

ကြည့်ရှုပါတယ်။ အင်္ဂလိပ်လိုဆိုရင် (the right in an upward direction) ဖြစ်ပါတယ်။ ဒါဆိုရင် 

အမှန်အတိုင်းပြောနေတာ ဖြစ်ပါတယ်။ သို့ပေမယ့် စိတ်ကူးထဲ ရှိရာပြောမယ်. စိတ်ကူးယဉ်ပြီးပြောမယ်၊ 

တစ်ခုခု ဇာတ်လမ်း ဆင်ပြီးပြော မယ်ဆိုရင် ဘယ်ဘက် အပေါ်ကို ကြည့်မှာ ဖြစ်ပါ တယ်။ (the left in an 

upward direction). ဒါကြောင့် ဒါက လိမ်ပြောတာ ဖြစ်ပါတယ်။ ဘယ်သန် ဆိုရင်တော့ ညာသန်ရဲ 

့ဆန့်ကျင်ဘက် ဖြစ်ပါတယ်။

  အထက်ပါ သုံးချက်ကို ပုံသေမှတ်လို့တော့ မရပါဘူး။ များသော အားဖြင့် ဖြစ်နိုင်ချေကို သီအိုရီ 

ထုတ်ယူထားခြင်း ဖြစ်ပါတယ်။ တစ်ခါ တစ်လေကျ မှားတတ်ပါတယ်။ ဒါကြောင့် လူတစ်ယောက် လိမ်ပြော 

မပြော ကို ဒါတွေ သိရုံနဲ့ မလုံလောက်သေးပါဘူး။ လိမ်ပြောနေသူ ကို ထောက် လှမ်းနိုင်မယ့် အခြားသော 

Body Language, ကိုယ်ပိုင် အသိဥာဏ်၊ စဉ်းစား ဆင်ခြင်ချက်တွေကို ပေါင်းစပ်မယ်ဆိုရင် အနည်းနဲ့ 

အများတော့ အလိမ်ခံ ရခြင်းက ကင်းဝေးမှာ ဖြစ်ပါတယ်။

--

Ref:ezinearticles.com
--
International news for myanmar
                             

‎"လူတစ်ယောက်သေသောအခါ ကူးတို့ခထည့်ကြသော အယူအဆ အလွဲများ"

   
   
                                  
"လူတစ်ယောက်သေသောအခါ ကူးတို့ခထည့်ကြသော အယူအ အလွဲများ"


* သေရွာကာလ ၊ရောက်ကြသောအခါ 
 
ကိုယ့်နောက် ကိုကား ၊ ဘာများပါမှာ

ပစ္စည်းစုစု ၊ တစ်ခုမပါ

ကိုယ်ပြုထားကံများပါ မည်သာ ။

* အထုပ်ကလေး တစ်ပြင်ပြင်

ကိုယ့်နောက်ပါမည်ထင်

အထုပ်ရှင် သေလို့သွား 

ကျန်တဲ့သူတွေ ဝေလို့စား

အထုပ်ရှင်မှာအလကား

ဘာမှလည်းပါမသွား


သေရွာ ကျတော့ အပါယ်လား

နိဗ္ဗာန်ရောက် ဖို့အခက်သား ။

( တိပိ ဋကဓရဆရာတော် ဦးကောသလ္လ )

အထက်ပါကဗျာလေးကို ဗုဒ္ဓဘာသာဝင်တိုင်း နာဖူးကြ ၊ကြားဖူးကြပါ၏ ။ 

ကိုယ်သေရင် ဘာမှပါတာမဟုတ်ဘူး ။ ဝတ်ပေးလိုက်တဲ့အဝတ်စားက ကောင်းနေရင်တောင် 

သုဘရာဇာကချွတ်ယူလိုက်သေးတယ်။

ကိုယ်လုပ်ထားတဲ့ ကုသိုလ်ပဲကိုယ့် နောက်ကိုပါမှာပါ ။

စသောသံဝေဂ စကားများကိုလည်း ဗုဒ္ဓဘာသာဝင်တိုင်းလိုလို ပြောဆိုဖူးကြ၏ ။ ဤကဗျာ၏ 

ဆိုလိုရင်းနှင့် ဤစကား၏

အဓိပ္ပါယ်တို့မှာ ဘုရားဟောနှင့် တစ်ထပ်တည်း ကျအောင်မှန်ကန်၏ ။ ဗုဒ္ဓဘာသာဝင်တို့သည် 

နားကမှန်ကန်သောအသံတို့ကို ကြားရ

ပြီး ပါးစပ်က မှန်ကန်သောစကားကို ပြောဆိုနေကြတော်လည်းအသိ ဥာဏ်သည်ကား 

မှားယွင်းသောအယူ အဆတစ်ခုခုကို 

လက်ခံနေတုန်းပင်ဖြစ်၏ ။

ထိုအယူဆကား သေသူ၏ ' ပါးစပ်ထဲတွင် ကူးတို့ခ ထည့်ရမည် ' ဟူသော အယူဆဖြစ်၏ ။ 

မည်သူစ၍ထွင်းခဲ့သည်မသိ

ကူးတို့ ခမထည့် လျှင်ပင် ဘဝကူးမကောင်းနိုင်တော့သလိုထင်နေ ကြ၏ ။ 


သံသရာကူးပြောင်းရာတွင် ကုသိုလ်ကံက ကောင်းသော

နေရာသို့ ပို့ပေး၍ အကုသိုလ်ကံက မကောင်းသောနေရာသို့ပို့ ပေးခြင်းဖြစ်သည် ။ 

ကူးတို့ခ ဆိုသည်ကား ဘဝကူးပြောင်းရာ၌ ဘာမှပတ်သက်မဟုတ်ပါချေ ။ ကူးတို့ခ 


သမိုင်းကြောင်းကို ကျွန်ုပ်တို့မှတ်သားရဖူးသည်မှာ ရှေးခေတ်မြန်မာများသည် သီလလုံခြုံ၏ 

။ လောဘအလွန်နည်း၏ ။ မည်သူမျှငွေကို အပိုအနေဖြင့် စုဆောင်းထားခြင်းမရှိ။

ပစ္စည်းဥစာ အသုံးအဆောင်များကို ငွေကြေးနှင့်ဝယ်ယူခြင်း မရှိကြပဲလဲလှယ် 

သုံးဆောင်လေ့ရှိကြသည် ။

ထို့ကြောင့်လောဘနည်းကြသော မြန်မာတို့၏အလည်တွင် ငွေကြေးဆိုသည်မှာ ဘာမှတန်ဖိုး 

ရှိသောအရာမဟုတ်ကြပေ ။

လောဘနည်းပြီး သီလလုံခြုံကြသော အနီးစပ်ဆုံးမြန်မာ များအကြောင်းကို တင်ပြရလျှင် 

အမရပူရခေတ် မှ ဘိုးတော်မင်းတရားနှင့်

ပြည်သူအားလုံးတို့သည် လောဘနည်းပြီး သီလလုံခြုံကြသောကြောင့် သက်တမ်းပြည့်နေကြရ၏ ။ 


အနာရောဂါ ကင်း၏ ။

အသက်တစ်ရာပြည့် မှသာသေကြရသဖြင့် အသုဘတစ်ခုနှင် ကြုံကြိုက်ဖို့ရာ အင်မတန်ခဲယဉ်း၏ ။ 

လူတစ်ယောက်သေလျှင်



ကြိတ်ကြိတ်တိုးကြည့် ကြရသည်ဆို၏ ထိုသို့ လူအသေပျောက်အလွန်နည်းပါးသောကြောင့် ' 


အမရပူရ- သေခြင်းမရှိသောမြို့ ' ဟုအမည်ပေးထားခြင်းဖြစ်သည်။

ရှင်အရဟံနှင့် အနော်ရထာမင်းတို့၏ ကျေးဇူးကြောင့် ထေရဝါဒ ဗုဒ္ဓဘာသာ 

စစ်စစ်များဖြစ်ကြသဖြင့် သေသူနှင့်ပတ်သက်၍ အပိုကုန်ကျမည့် ပကာသန အလုပ်များ တစ်ခုမျှ 

 မလုပ်ကြပေ ။ သေသူအတွက်တကယ် ကျိုးရှိမည့် အလုပ်များကိုကား 

ဟာကွက်မရှိအောင် ပြုလုပ်လေ့ရှိကြ၏ ။

ဥပမာအားဖြင့် - သေသည်နှင့်တစ်ပြိုင်နက် ရဟန်းသံဃာတော်များကိုပင့်ဖိတ်ပြီး ဆွမ်း ၊သင်္ကန်း 

စသောလှူဖွယ်ဝထ္ထု မျိုးစုံကိုပြည့်စုံအောင် လှူကားအမျှ အတန်းပေးဝေလေ့ရှိ၏ ။ 


တတ်နိုင်သောသူများဆိုလျှင် ၊ကျောင်းကန်ဇရပ်များကိုပါ  ဆောက်လုပ်လှူဒါန်းပြီးအမျှ အပေးဝေ၏ ။

ကျန်ရစ်သူများက အစားအစာလှူဒါန်း ပြီးအမျှပေးဝေလျှင် တစ်ဖက်လူမှာ အစားစာကိုရရှိ၏ ။     

အဝတ်အထည်လှူပြီး အမျှပေးဝေလျှင် အဝတ်အထည်ကိုရ၏ ။ အဆောက်အဦးပေးလှူပြီး 

အမျှပေးဝေလျှင်အဆောက်အဦးကို ရရှိ၏ ။

 ရေကန်ကိုပေးလှူပြီး အမျှပေးဝေလျှင် ရေကန်ကိုရရှိ၏  

။ထိုအချက်ကို သေချာစွာသိရှိထားသောရှေးမြန်မာကြီးများသည် 

၊အလှူမျိုးစုံကိုပေးလှူပြီး အမျှပေးရန်ကိုသာ အဓိကထားကြ၏ ။

သေသူအတွက်ရော ၊ ကျန်သူများအတွက်ပါ ဘာမျှအကျိုးမရှိသည့်အလောင်းကောင်ကို မိတ်ကပ် 


၊ပေါင်ဒါ ခြယ်သခြင်းဓါတ်ပုံများရိုက်ခြင်း ၊ဝမ်းနည်း ကြောင်းကြော်ငြာထည့်ခြင်း ၊ငွေများစွာကုန်သည့် 

အခေါင်းကိုပြု လုပ်ခြင်း ၊အုပ်ဂူပြုလုပ်ခြင်း စသော အလုပ်တို့ကို တစ်ခုမျှမလုပ်ပေ ။ 

ဖျာဟောင်းတစ်ခုပတ်ပြီလူ နှစ်ယောက်ထမ်းကာ မြစ်ကမ်းစပ်တွင်သွားထားသည် ။

မြစ်တစ်ဖက်ကမ်းရှိ လူသူမရှိသော တောကြီးကို သုသာန်အဖြင့် သတ်မှတ်ထားသည် ။ပြန်ခါနီးတွင် 

လူသေ၏ ပါးစပ်ထဲတွင်လည်း

သုဘရာဇာ အတွက်ဟိုဘက်ကမ်းပို့ ခ (ကူးတို့ခ) အဖြစ် ငွေတစ်မတ်ထည့်ပေးခဲ့သည် ။

အချို့ကလည်း ခေါင်ရမ်းပန်းကို လူသေ၏ ခေါင်းတွင် ပန်ပေးလိုက်သည်နှင့် ရှေး မြန်မာကြီးတို့၏ 

သီလတန်ခိုးကြောင့်လူသေ

သည် သူ့အလိုလို သုသာန်ရှိရာ မြစ်ကမ်းစပ်သို့ ထသွားသည်ဟုအဆိုရှိ၏ ကမ်းစပ်ရောက်သည်နှင့် 

သုဘရာဇာက ခေါင်းမှ ခေါင်ရမ်း

ပန်းကို ဖြုတ်လိုက်သည် ။ ထိုအခါလူသေသည် မြေပေါ်သို့လဲကျသွား၏ သုဘရာဇာက 

ပါးစပ်ထဲမှငွေ တစ်မတ်ကိုထုတ်ယူပြီးတစ်  ဖက်ကမ်းသို့ ပို့ပေးလိုက်သည် ။ 

တစ်ဖက်ကမ်းရောက်သည်နှင့် မြေကြီးပေါ်သို့ အသာချထားလိုက်သည်။ ညအခါတွင်သားစား

တိရစ္ဆာန်တို့က လာရောက်စားသောက်ပစ်လိုက် တဖြင့်သေသူအတွက် 

ဒါနကုသိုလ်ထပ်မံ ဖြစ်ရပါသေးသည် ။ဤရည်ရွယ်ချက်ဖြင့် 

အလောင်းကို မြေမြုပ်ခြင်း၊ဂူသွင်းခြင်၊မီးရှို့ခြင်းတို့ကိုရှေး မြန်မာကြီးများမပြုလုပ်ကြခြင်းဖြစ်သည်။

လူသေ၏ ခေါင်းတွင် ခေါင်ရမ်းပန်းပန်ပေး ရုံမျှနှင့် မည်သူမျှလိုက်ပို့ စရာမလိုပဲ 

သူ့အလိုလိုထသွားသည်ဆိုသော အချက်ကို ယခုခေတ်လူများအနေဖြစ် ယုံချင်မှယုံမည် ။

ဣဇ္ဈယတိ ဘိက္ခဝေ သီလဝတော

စေသောပဏိဓိ ဝိသုဒ္ဓတ္တာ ။( အဂုင်္တ္တျိရ်ပါဠိတော်)

ချစ်သား ၊ချစ်သမီးတို့ သီလရှိသောသူတို့၏ အလိုဆန္ဒသည် စင်ကြယ်သောကြောင့် 

အလိုဆန္ဒမှန်သမျှပြည့် စုံရ၏ ။ 

ဤကား ဘုရားဟောဖြစ်၏ ။ ကျွန်းကြီးလေးကျွန်းတွင် တောင်ကျွန်းနေသူများသည် 

သက်တမ်းအမြဲမရှိ ၊ဆယ်နှစ်နင့်သေသူများရှိသလို အနှစ်တစ်ရာနေမှ သေသူများလည်းရှိ၏ ။ 

အရှေ့ကျွန်းနေသူများမှာ နှစ်ပေါင်း ခုနှစ်ရာအသက်ရှည်၏ ။ 

အနောက်ကျွန်းကား အနှစ် ငါးရာအသက်ရှည်၏ ။မြောက်ကျွန်းကားအနှစ် တစ်ထောင်အသက်ရှည်၏

မြောက်ကျွန်းသူ ၊မြောက်ကျွန်းသားများအသက် တစ်ထောင်ထိ အသက်ရှည်ရခြင်းမှာ      

သူတို့လုံခြုံအောင်စောင့်ထိန်းထားကြသောသီ လ  တန်ခိုးကြောင့်ပင်ဖြစ်၏ 

။ မြောက်ကျွန်းသူ မြောက်ကျွန်းသားများအားလုံး 

သည်သီလတန်ခိုးကြောင့် အားလုံးကျမ်းမာသန်စွမ်းပြီး

လူချော လူလှတွေချည်းဖြစ်၏ ။ 

ဗုဒ္ဓလက်ထက်တော်က ဇောတိကသူဌေး မယား အတုလကာ ရီ သည်မြောက်ကျွန်းသူဖြစ်၏ 

။ဇောတိက သူဌေးအတွက်  နတ်များကယူဆောင်ပေးခြင်းဖြစ်၏ ။ သူမ၏ ခန္ဓာ 

ကိုယ်သည်နွေအခါတွင်အေး ပြီး ဆောင်းအခါတွင်နွေ၏ ။ 

သီလတန်ခိုးကြောင့်  သဘာဝက  ဖန်တီပေးထားခြင်းဖြစ်၏။ မြောက်ကျွန်းသူ မြောက်ကျွန်းသား 

တို့သည် ကလေးမွေးပြီးလျှင်နို့ တိုက်ကျွေးစရာမလို ၊ကလေး

ကိုတွေ့သမျှလူများက ကလေး၏ပါးစပ် ထဲမိမိတို့လက်ထည့်ပေးလိုက် ဖို့သာလို၏ ။ 

ထိုလက်ညှိုးကပင် နို့ထွက်လေ ၏ ။

သူတို့တွင်မည် သည့်အနာရောဂါမှမရှိသဖြင့်ဆေးကုစရာလည်းမလိုအပ်ပေ ၊အဆောက် 

အဦးအတွက်လည်းကိုယ်တိုင် အိမ်ဆောက်စရာမလို သစ်ပင်က အိမ်ဖြစ်ပေးရ၏ ။

ဝတ်ရေးစားရေးအတွက် လည်းပူပင်စရာမရှိ ပဒေသာပင်များကလိုရာကို သီးပေးရသည် 

။အထူးခြားဆုံးက မြောက်

ကျွန်းသူ မြောက်ကျွန်းသားများတစ်ယောက်သေလျှင် ၊အပင်ပန်ခံပြီး သင်္ဂြိုဟ်စရာမလိုပေသေသူအား 


အဝတ်ဖြူနှင့် ပတ်ကာရွာလည်ရှိ ၊ကျောက်ဖျာပေါ်တွင်တင်ထားလိုက်ယုံ သာရှိသည် ။သူတို့၏ 

သီလတန်ခိုးကြောင့် 

ဧရာမငှက်ကြီးများက  ရုပ်အလောင်းကိုလာချီကာပင်လယ်ထဲသို့ ပစ်ချပြီ သင်္ဂြိုဟ်ပေးကြသည် ။

ဤအချက်ကိုထောက်ဆ၍ ရှေးမြန်မာကြီးများ၏ သီလတန်ခိုးကြောင့်လူသေကို ခေါင်ရမ်းပန်း 

ပန်ပေးလိုက်သည်နှင့် သူ့အလိုလို သုသာန်ရှိရာသို့ ထသွားသည်ဆိုခြင်းမှာ ဟုတ်နိုင်ဖွယ်ရှိသည်ဟု 

ထင်မိ၏ ။ ရှေးခေတ်က ကူးတို့ခ ထည့်ပေးသည်မှာသုဘရာဇာ အတွက်သာဖြစ်ကြောင်းစာရှုသူများ 

သိလောက်ပေပြီ ။ယခုခေတ်တွင်ကား- သုဘရာဇာများအတွက် ကျင်းတူးခ ၊ အခေါင်းခ 

များကိုသီးသန့်ပေးနေရပြီ ဖြစ်သဖြင့် ကူးတို့ခ ထည့်စရာမလိုကြောင်းထင်ရှာ၏ ။ 

တဖန်သံသရာအတွက်လည်း (ကူးတို့ခ) နှင့်ဘာမှမဆိုင် ' ကုသိုလ်၊အကုသိုလ် '  

နှင့်သာဆိုင်ကြောင်း ထင်ရှားပေါ်လွင်နေ 

လူဆယ်ယောက်သေလျှင်၊ငွေ နှစ်ကျပ်ခွဲ၊ မြေကြီးထဲရောက်ပြီး အလကားဖြစ်ရ၏ ။

အယောက်တစ်သန်းဆိုလျှင် ငွေ(၂၅၀၀၀၀) မြေကြီးထဲတွင်အလကား ဖြစ်ပြီးပျက်စီးသွားရ၏ 

။မြန်မာပြည်၏ ခေတ်အဆက်ဆက်တွင်လူပေါင်း

သန်းနှင့်ကျော်၍သေဆုံး သွားခဲ့ပြီးဖြစ်ရာငွေများသည်လည်း သန်းနှင့်ချီ ခဲ့လေပြီ ။

မှားယွင်းသည့်အယူအဆ တစ်ခုကြောင့် ဘာသာရေး ၊လူမှုရေး ၊ကျန်မားရေး 

မည်သည့်အတွက်မှအကျိုးမရှိပဲ မြေကြီးထဲတွင်

ပျက်စီးသွားရသောငွေများကို တွေးမိတိုင်း နှမြောစရာ ကောင်းလှတော့၏ ။ 

မည်သည့်ကောင်းကျိုးမှမရှိသော  အယူအဆကြီးကို အလျှင်အမြန် ပယ်စွန့်နိုင်ကြပါစေ ။



မေတ္တာရှင် ( ရွှေပြည်သာ)

ထေရဝါဒမှတ်ကျောက် စာအုပ်မှထုတ်နူတ်တင်ပြပါသည် ။ 

ထေရဝါဒ မှတ်ကျောက် အချိန် 19:22


   by Tat Khaungnyunt

Tuesday, 4 December 2012

လေးစားဂုဏ်ယူဖို့ကောင်းတဲ့ ဗိုလ်ချုပ် မိန့်ခွန်း


၁၉၆၂ ခုနှစ်မှ ယနေ့အထိ ဖုံးကွယ်ဖျောက်ဖျက်ထားခြင်းခံရသော ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်း
            ရဲဘော်တို့........
ယနေ့ ရဲဘော်တို့ အစုအချို့ဟာ စစ်ဗိုလ်လောင်းကလေးများအဖြစ် ဘွဲ့အဆင့်အတန်းကို ခံယူကြရတော့မယ်။ ယနေ့ အထိ ရဲဘော်တို့ဟာ ကျောင်းသားများဖြစ်ပြီး တာဝန်ရယ်လို့ မိမိတို့အပေါ်မှာ မရှိကြသေးဘူး။

ယနေ့ကျောင်းကထွက်ပြီး ဗမာ့တပ်မတော်အသီသီး ဋ္ဌာနအသီးသီးမှာ ရာထူးအလုပ်ဝတ္တရားများရတာနဲ့
တပြိုင်နက် ရဲ ဘော်တို့ အသီးသီးမှာ ကိုယ့်တာဝန်နှင့် ကိုယ့်ဝတ္တရားနှင့် ဖြစ်သွားပြီ။ ဒီလို ကိုယ့်တာဝန် ကိုယ့်ဝတ္တရားနှင့် ဗမာနိုင်ငံ တော်နဲ့ ဗမာ့တပ်မတော်ရဲ့ အမှုကိုထမ်းကြတဲ့အခါ ရဲဘော်တို့ကို မှာသင့်မှာရာ အချက်တွေကို ငါတို့မှာကြားလိုတယ်။
ပထမဆုံး ရဲဘော်တို့ကိုမှာချင်တာက ငါတို့ အခု ဗမာနိုင်ငံဟာ ကိုယ့်မင်းကိုယ့်ချင်းနိုင်ငံ ဖြစ်တယ်။ ဒို့တပ်မတော်ဟာ တနိုင်ငံလုံးတမျိုးသားလုံးရဲ့အကျိုးအတွက်ဖြစ်တယ်။ ဒါကြောင့် ဒီနိုင်ငံ ဒီအကျိုးကို ကာကွယ်ရမယ့် ဗမာ့တပ်မတော် ဟာလည်း ဗမာတနိုင်ငံလုံး တမျိုးသားလုံးအတွက် ဖြစ်တယ်ဆိုတာ နားလည်ရမယ်။
ဒီတပ်မတော်ဟာ လူတဦးတယောက်အတွက် တည်ထောင်ထားတာမဟုတ်။ တနိုင်ငံလုံး တမျိုးသားလုံးအတွက် ဖြစ် တယ်။ ဒီတပ်မတော်ဟာ တဖွဲ့တပါတီ လူတစုအတွက် တည်ထောင်ထား တာမဟုတ်။တနိုင်ငံလုံးတမျိုးသားလုံးအတွက် ဖြစ်တယ်။

တကယ့်သစ္စာဖြစ်ရမယ်..........

 
        ဒီတပ်မတော်ဟာ ရှေးအင်္ဂလိပ် လက်ထက်ကလို ကြေးစားတပ် မဟုတ်။ နိုင်ငံနဲ့ အမျိုးကို ကာကွယ်စောင့်ရှောင့်ဖို့ နိုင်ငံ နှင့်အမျိုးကို မတင်ပေးဖို့ ဖြစ်တယ်။  ဒါကြောင့် ဒီတပ်မတော်ဟာ နိုင်ငံနဲ့အမျိုး၏ သစ္စာကို အမြဲစောင့်ရမယ်။ ရှေးတုန်း ကလို တခြားနိုင်ငံ တခြားအမျိုးကို သစ္စာစောင့်တာမဟုတ်။ အဲဒီလိုစောင့်တဲ့ သစ္စာဟာ ဝတ်ကြေတမ်းကြေစောင့်တဲ့ သစ္စာ ဖြစ်တယ်။ အခု ငါတို့ဟာ ငါတို့အမျိုး ငါတို့နိုင်ငံကို သစ္စာစောင့်ရမယ်။ ဒါကြောင့် ငါတို့စောင့်တဲ့သစ္စာဟာ တကယ့် သစ္စာဖြစ်ရမယ်။ အပေါ်ယံသာဖြစ်တဲ့ သစ္စာမဖြစ် ရဘူး။ ဘယ်လိုစောင့်ရမလဲ။ ယခုအခါ ရဲဘော်တို့ပေါ်မှာ နည်းလမ်းအ တိုင်း အဆင့်ဆင့်ခန့်အပ်ထားတဲ့ အကြီးအမှူးအားလုံးတွေဟာ ဒီနိုင်ငံ ဒီအမျိုးရဲ့ ကိုယ်စားတွေပဲ။ အဲဒီ ကိုယ်စား နိုင်ငံနဲ့ အကျိုးကို သစ္စာစောင့်ခြင်းဟာ ကိုယ့်နိုင်ငံနဲ့ ကိုယ့်အမျိုးကို သစ္စာစောင့်တာပဲ။ ဒီတော့ ရဲဘော်တို့ မေးစရာ စကားတခွန်း ရှိတယ်။ တကယ်လို့ ဒီအကြီး အမှူးတွေထဲက ဘယ်သူဖြစ်ဖြစ် ကိုယ်ကြိုးငဲ့ပြီး နိုင်ငံနဲ့ အမျိုးကိုသစ္စာမဲ့ပြီး လုပ်ရင် ဘယ့် နှယ့်လုပ်မလဲ။ ဒီလို ကိုယ်ကျိုးငဲ့ပြီး လူမျိုးရဲ့အကျိုးနဲ့ နိုင်ငံကို ဆန့်ကျင်တဲ့ အကြီးအမှုးတွေ ဟာ ကြာကြာ မနေနိုင်ပါဘူး။ အချိန်တန်တဲ့အခါ ပြုတ်ကျမှာပဲ။ ရာဇဝင်မှာ ကြည့်လို့ရှိရင် ဘယ်လောက် ကြီးတဲ့လူ ဖြစ်ဖြစ် မတရားလုပ်တဲ့အခါ ပြုတ် ကျတာချည်းပဲ။ ဒီလိုမတရားတဲ့ အကြီးအမှုးတွေ ရှိရင် ရဲဘော် တို့ရဲ့ အပေါ်မှာလည်း တည်တယ်။ ဥပမာ မတရားတဲ့ အ ကြီးအမှုးတယောက်က ဝတ္တရားနဲ့ မဆိုင်တဲ့ နိုင်ငံနှုင့် အများအကျိုးနဲ့ မပတ်သတ်တဲ့ အမိန်ကမျိုးပေးတဲ့အခါ အမိန့်ဟာ နည်းကျမကျ တရား မတရား နိုင်ငံနဲ့ အမျိုးမှာ အကျိုးရှိမရှိ ကြည့်ရမယ်။ အဲသလိုကြည့်တဲ့အခါ ကိုယ့်စိတ်ထဲမှာ မရှင်းရင် သူ့ထက်ကြီး တဲ့အကြီး အမှုး တယောက်ကို ဖြစ်ဖြစ် အခြားအကြီးအမှုးတယောက် ကိုဖြစ်ဖြစ် သွားမေးရမယ်။ ဒီအခါမှာ ရဲဘော်တို့ဟာ ဘယ်ဒင်း မှန်တယ် မှားတယ် သိနိုင်ရမယ်။

တော်အောင်ကြိုးစားကြပါ........

ကျုပ်အဖို့ပြောရရင် ရဲဘော်တို့ထဲကဖြစ်ဖြစ် အခုတပ်ထဲမှာ ရှိတဲ့ စစ်သားကလေးက စပြီး အားလုံး ရဲဘော်တွေထဲက ဖြစ် ဖြစ် ကျုပ်ထက် အရည်အချင်း အကျင့်စာရိတ္တ အလုပ်အကိုင် နိုင်ငံချစ်စိတ် အမြော်အမြင် ရှိတယ်လို့ တွေ့တာနဲ့တပြိုင် နက် ကျုပ်ဟာ အဲဒီလိုတော်တဲ့လူကို ထိုးတင်ပြီး နောက်လိုက်လုပ်ဖို့ အသင့်ရှိတယ်။ ဒါကြောင့် ရဲဘော်တို့ အားလုံး ကြိုး စားကြပါ။ တော်အောင် ကြိုးစားကြပါ။

ရာထူးအဆင့်အတန်း
ကနေ့ ရဲဘော်တို့အားလုံးကို စိတ်ထဲမှာ ရှိသည့်အတိုင်းပြောပြမယ်။ ယခုအခါ ငါတို့အထဲမှာ နိုင်ငံအတွက် အမျိုးမျိုး အ နစ်နာခံဘူးတဲ့ လူတွေရှိတယ်။ ငါတို့ သိတာလည်း ရှိတယ်။ မသိတာလည်းရှိတယ်။ သို့သော်လည်း ရှေးကသာ ဒီလို အ နစ်နာခံပြီး အခုအလုပ်မလုပ်ရင် ဘယ်သူမှ မတိုးတတ်နိုင်ဘူး။ အကယ်၍ အခုလည်း အလုပ်လုပ်တယ်။ ရှေးကလည်း အနစ်နာခံဖူးတယ်ဆိုရင် ဒီလိုလူမျိုးဟာ လူများတကာထက် တိုးတတ်မှာ အမှန်ပဲ။ ကနေ့ ဆိုင်ရာလူကြီးတွေ မသိသေး လို့ မတိုးတတ်သေးရင် နောက်တနေ့ တိုးတတ်မှာပဲ။ တကယ်တော်တဲ့သူတွေဟာ ဘယ်သူမှ နှိမ်ထားလို့ မရပါဘူး။ ကိုယ့်ကိုယ်ကိုလည်း သိဒ္ဓိတင်နေစရာမလိုဘူး။ လူကြီးတွေကိုလည်း မျက်နှာလုပ်စရာမလိုဘူး။ ဒါပေမယ့် နီပွန်က ပြန် လာလို့ စစ်ကျောင်းကဆင်းလို့ ရှေးက အနစ်နာခံဖူးလို့ဆိုပြီး ယခုအခါ အလုပ်ကောင်းကောင်း မလုပ်ရင် ဘယ်သူမှတတ် မှာ မဟုတ်ဘူး။ ဒီ့ပြင်လူတွေအတွက် ကျုပ်မပြောနိုင်ပေမယ့ှ်ဗမာ့တပ်မတော်မှာ ကျုပ်အခုနေရာမှာ တာဝန်ယူနေသမျှ အခု ကျုပ်ပြောခဲ့တဲ့ စနစ်က တဆံခြည်မှ ခွာမသွားဘူး။ ရွေ့မသွားဘူးဆိုတာ အားလုံးသိစေချင်တယ်။ ဒါက ရာထူးအ ဆင့်အတန်း တိုးတတ်တာနဲ့ ပတ်သတ်ပြီးရဲဘော်တို့ကို သိဘို့ပြောပြခြင်းပဲ။

တန်ခိုးပြဘို့မဟုတ်.........

တခြား မှာကြားလိုတဲ့ အချက်ကတော့ ပြောနေကြစကားပဲ။ ဒါပေမယ့် ထပ်ပြီး အဓိပ္ပာယ် လေးနက်အောင် ပြောလိုက် ဦးမယ်။ ငါတို့စစ်တပ်ဟာ နိုင်ငံသူ နိုင်ငံသားတွေကို ညှဉ်းဘို့မဟုတ်။ လက်နက်အားကိုးတန်ခိုးပြဘို့ မဟုတ်။ စစ်တပ်ဟာ နိုင်ငံရဲ့ အစေခံဖြစ်ရမယ်။ နိုင်ငံဟာ စစ်တပ် ရဲ့ အစေခံ မဖြစ်ရဘူး။ ဒါက စကားရိုင်းရိုင်းနဲ့ နားလည်အောင်ပြောပြတာ ပဲ။ဒီစကားကို ကျုပ်ပြောတာက စစ်တပ်ကို ကျုပ်ပြန်နှိမ်ချင်တဲ့ သဘောနဲ့ပြောတာ မဟုတ်ဘူး။ ငါတို့ဟာ လက်နက်ကိုင် လူတွေဖြစ်ကြသော်လည်း မတရား မလုပ်။ နိုင်ငံရဲ့ ရန်သူတွေမဟုတ်။ နိုင်ငံရဲ့ မိတ်ဆွေတွေဆိုတာ အားလုံးသဘော ပေါက်အောင် ပြောပြခြင်းပဲ။ အမှန်ပြောရရင် လူတွေဟာပုထုဇဉ်တွေဘဲ အားရှိတဲ့အခါ အားနည်းတဲ့လူတွေကို ညှဉ်းချင် တဲ့ စိတ်ရှိတယ်။ အားနည်းတဲ့သူတွေကလည်း အားနည်းတဲ့အခါတုန်းကတော့ အားကြီးနေတဲ့လူကို လက်နက် အားကိုး အာဏာအားကိုး လုပ်ချင်တယ်ပြောကြတာပဲ။ မိမိတို့ကိုယ်တိုင် အားကြီးတဲ့နေရာ အာဏာရှိတဲ့နေရာ ရောက်တဲ့အခါကျ တော့ အရင်တုန်းကပြောတာတွေမေ့ပြီး တမျိုးလုပ်ကြတာပဲ။ ဒါထုံးစံဘဲ။ ငါတို့က ဒီလိုမဟုတ် အားနည်းတဲ့အခါလည်း အားကြီးတဲ့လူကို မတရားရင် မကြောက်။ အားကြီးတဲ့အခါလည်း အားငယ်တဲ့လူကို မတရားမလုပ် ဆိုတဲ့အတိုင်း လုပ်ချင် တယ်။ ပြချင်တယ်။ အဲဒါကြောင့် စစ်တပ်ဟာ နိုင်ငံရဲ့ အစေခံဖြစ်တယ်လို့ ပြောတာဘဲ။ နိုင်ငံဟာ ဘာလဲ။ နိုင်ငံဟာ အ မျိုးပဲ။ အမျိုးဟာ ဘာလဲ။ အမျိုးဟာ တနိုင်ငံလုံးမှာရှိတဲ့ နိုင်ငံရဲ့အကျိုးကိုလုပ်ပြီး နိုင်ငံရဲ့အမှုကို ဘယ်ခါမဆို ထမ်းမယ် ဆိုတဲ့လူ အားလုံးပဲ။ ဒီနေရာမှာ လူမျိုးရေးတရားအစစ်ကို ပြောပြချင်တယ်။

မှန်ကန်သော လူမျိုးရေးတရား..........
 

လူမျိုးရေးတရားဆိုတာ ဘာလဲ။ ကိုယ့်အမျိုးသာ ချစ်ပြီး ဒီ့ပြင် လူမျိုးတွေကို မုန်းထားတာ လူမျိုးရေး တရားဘဲလား။ မ ဟုတ်ဘူး။ ကိုယ့်အမျိုးချစ်ယုံနဲ့ ဒီ့ပြင်လူမျိုးကိုလည်း မုန်းဘို့မလိုဘူး။ သို့်သော်လည်း ကိုယ့်အမျိုးအကျိုးကို လာထိတဲ့ လူတွေကိုတော့ အတွင်းကလူ ဖြစ်ဖြစ် အပြင်ကလူ ဖြစ်ဖြစ် တိုက်ခိုက်နှိမ်နင်းရမှာပေါ့။ ဒါက ငါတို့အမျိုးရဲ့ ရန်သူ အဖြစ် သာ နှိမ်နင်းခြင်းဖြစ်တယ်။ ဘယ်လူမျိုး ဘယ်သူ ဘယ်ဝါဆိုပြီး နှိမ်နင်းတာမဟုတ်ဘူး။ ရာဇဝင်ကိုကြည့်ရင် ကမ္ဘာ့လူမျိုး တွေဟာ အချင်းချင်းတိုက်တဲ့အခါ တိုက်ကြတာ တွေ့ရမှာပဲ။ မတည့်သည့်အခါ တိုက်ကြတဲ့အခါ တိုက်ကြရမှာပေါ့။ ဒါ ပေမယ့် တခြားလူမျိုးတွေကို မုန်းတာဟာ လူမျိုးေ၇းလို့ ထင်တာ တထစ်ချမှားတယ်။ ကျုပ်တို့ဟာ မဆိုင်တဲ့တခြားလူမျိုး တွေကို မုန်းဘို့မလိုဘူး။ ကျုပ်တို့ နိုင်ငံအတွင်းမှာလည်း တိုင်းရင်းသားအချင်းချင်း ဗမာပဲ ရှမ်းပဲ ကရင်ပဲ ချင်းပဲ စသဖြင့် ခွဲစရာ မလိုဘူး။
ငါတို့တတွေဟာ မှားပြီးတာတွေကို ထပ်မမှားကြရဘူး။ ငါတို့ဟာ အမှန်နဲ့အတု ဟုတ်တာနဲ့ မဟုတ်တာ ခွဲခြားသိရမယ်။ လူမျိုးရေးတရားဖြစ်ဖြစ် ဘာဖြစ်ဖြစ် အမှန်တရားကို ယူတတ်ရမယ်။ ဒါက လူမျိုးရေး တရားနဲ့ပါတ်သတ်ပြီး ကျုပ်မှာချင် တာပဲ။
ဇာတိမာန် ကောင်းကောင်းထားတတ်အောင် လုပ်ကြပါ။ ကိုယ့်နိုင်ငံကို ချစ်ပါ။ ဗမာတွေက လူဖျင်းတွေ လူပျင်းတွေ လူ ကြောက်တွေ လူပိုတွေ လူရိုင်းတွေ လူ့ဂွစာတွေ လူ့မတရားတာတွေ ဒီလို ကမ္ဘာမှာ အထင်ခံရအောင် မလုပ်ပါနဲ့။ ဗမာ တွေဟာ ဒီလိုမဟုတ်ဘူးဆိုတာ အလုပ်လုပ်ပြီး ဂုဏ်ယူကြပါ။ အဲဒါ ကျုပ် လူမျိုးရေးတရားနဲ့ပတ်သတ်ပြီး မှာချင်တာပဲ။

လူကြီးဆိုတာ ဘာလဲ.........

နောက် မှာချင်တာက ရှေ့ကို ရဲဘော်တို့ဟာ လူကြီးဖြစ်နေပြီ။ လူကြီးဆိုတာ ဘာလဲ။ အသက်ကြီးတာကို ဆိုလိုတာ လား။ မဟုတ်ဘူး။ အသက်မကြီးပေမယ့် လုပ်တဲ့အလုပ်ကြီးရင် လူကြီးဘဲ။ အခု ငါတို့ ရဲဘော်တို့ရဲ့ အလုပ်ဟာ ငါတို့ နိုင်ငံရဲ့ အချုပ်အခြာအာဏာ ဒါတွေကို ငါတို့ ရင်မြေကတုတ်လုပ်ပြီး ကာကွယ်ဘို့ပဲ။ ဒီ့ထက်ကြီးတဲ့အလုပ် ရှိနိုင်ပါဦးမ လား။ မရှိနိုင်ဘူး ဒါကြောင့် ငါတို့ဟာ လူကြီးစိတ်ပေါက်ရ မယ်။ အစစ အရာရာ ဆင်ခြင်တတ်ရမယ်။ ကောင်းသည် မကောင်းသည် တော်သည် မတော်သည် ဟုတ်သည် မဟုတ်သည်ကို ဆင်ခြင်တိုင်းထွာနိုင်ရမယ်။ အခု ငါတို့ အချို့အ လုပ်တွေက သက်သေပြနေတယ်။ ဘေးကလူတွေပြောတိုင်း အရမ်းမယုံကြနဲ့။ စူးစမ်းဆင်ခြင်ပြီးမှ ယုံကြရမယ်။ ငါတို့ ဝတ္တရားနဲ့မဆိုင်တဲ့ အကျယ်အကျယ် ဖြစ်မယ့်ကိစ္စဆိုရင် ငါတို့ရှောင်ရမယ်။ ဘယ်လို ဘေးကလူက ဗိုလ်ကြီးရဲ့— ဘာ ကြီးရဲ့— နဲ့ လာမြှောက်ပေးပေး ငါတို့မပါရဘူး။ ဝတ္တရားနဲ့ ငါတို့တော့မဆိုင်ဘူး။ ဒါပေမယ့် ကောင်းတဲ့ကိစ္စ တရားတဲ့ ကိစ္စ လူအများ ကျေးဇူးတင်မယ့် ကိစ္စဆိုရင် ကိုယ်နဲ့မဆိုင်ဘူးဆိုပြီး လျစ်လျူမရှု့ပါနဲ့။ ကူညီပေးကြပါ။ ဆွေမျိုးကိစ္စ မိတ် ဆွေကိစ္စတွေဟာ ကိုယ်တာဝန်လုပ်တဲ့အရေးမှာ မနှောက်ယှက်ပါစေနဲ့။

ဘယ်တော့မှ သစ္စာမဖောက်..........
နောက်ပြီးမှာချင်တာက ပြောခဲ့တဲ့အတိုင်း ကိုယ့်ကိုယ်ကို အထင်မကြီးပါနဲ့။ ဒီမှာသင်လိုက်တာတွေဟာ ပညာကုန်ပြီ မ ယူဆကြနဲ့။ ပညာဟာ ဘယ်တော့မှ ကုန်တယ်မရှိဘူး။ လူမျိုးဖြစ်ဖြစ် နိုင်ငံဖြစ်ဖြစ် လူတဦး တည်းဖြစ်ဖြစ် တိုးတတ်မှုဟာ လက်ရှိအခြေအနေနဲ့ အားမရဘဲ တင်းမတိမ်ဘဲ ရှေ့ဆက်လက် ကြိုးစားမှသာ တိုးတတ်မှုဖြစ်နိုင်တယ်ဆိုတာ ရာဇဝင် သမိုင်းတွေက ကောင်းကောင်းပြထားတယ်။ ကိုယ်ပိုင်ဉာဏ်နဲ့ စဉ်းစားကြည့်လည်း သိနိုင်တာပဲ။ဒါကြောင့် ဘယ်ဟာကိုမှ လှေနံဓါးထစ် မယူပါနဲ့။ အထင်မကြီးပါနဲ့။ ဒီ့ထက်တိုးအောင်လုပ်ကြပါ။ အခု ငါတို့နိုင်ငံဟာ လွတ်လပ်တယ် ဆိုပေမယ့် ဟန်မကျတာတွေ အများကြီးပဲ။ ကျုပ်မှာလည်း ချွတ်ယွင်းချက်တွေ့ရှိတာဘဲ။
ကိုယ့်ချို့ယွင်းချက်ကို ကိုယ်ပြင်ကြရမယ်။
သို့ပေမယ့် ကျုပ် ရဲဘော်တို့ကို ကတိတခု ပြုမယ်။ နိုင်ငံနဲ့ အများအကျိုးရဲ့သစ္စာကို ကျုပ် ဘယ်တော့မှ မဖောက်။ ရဲဘော်တို့ထဲက ဖြစ်ဖြစ် ဒီ့ပြင်ထဲက ဖြစ်ဖြစ် ကျုပ်ထက်တော်တဲ့လူ ထွက်ပြ နိုင်ပါစေ။ ကျုပ်ဖယ်ပေးဘို့ အသင့်ပဲ။

စစ်သားမှစစ်သားဆိုတဲ့ စိတ်ကို ဖျောက်ကြ.......

နောက်ဆုံးတခု မှာချင်တာက ငါတို့သာ နိုင်ငံချစ်တယ်ဆိုတဲ့ စိတ်ဓါတ်မထားကြဘို့ပဲ။ ဒီနိုင်ငံမှာ ဖြစ်ဖြစ် ဒီ့ပြင်နိုင်ငံမှာ ဖြစ်ဖြစ် စစ်သားတွေချည်း နိုင်ငံချစ်တဲ့ လူတွေရှိကြတာမဟုတ်ဘူး။ တခြားစစ်သားမဟုတ်ပေမယ့် နိုင်ငံအတွက် အမျိုး မျိုး အနစ်နာခံ အမျိုးမျိုးစွန့်စား လုပ်ကြတဲ့ လူတွေလဲရှိတာပဲ။ အဲဒါကြောင့် စစ်သားမှစစ်သားဆိုတဲ့ စိတ်သဘောထားကို ပြောင်းကြရမယ်။ သို့ပေမယ့် တခုနားလည်စေချင်တယ်။ ကျုပ်ဟာ စစ်တပ်ကို မတရားနှိမ်မယ်။ လူလည်လုပ်မယ်။ စစ် တပ်ရဲ့ အခွင့်အရေးများကို မတရားချိုးဖျက်မယ်ဆိုရင် ကျုပ် အစွမ်းကုန်ကြိုးစား တိုက်ဖျက်မယ်ဆိုတာ ရဲဘော်တို့ သိစေ ချင်ပါတယ်။

ကနေ့ ဒီမှာပြောတာတွေကို အားလုံးစစ်သားတွေ သိပါစေ။ သိအောင်ပြောပြကြပါ။ အဲဒါ နောက်ဆုံးမှာကြားခြင်းပဲ။


 ( Thuya Soemoe Daweithar ထံမှတဆင့် ကူးယူပါသည်)
( အထက်ပါ မိန့်ခွန်းမှာ ဂျပန်ခေတ် ၁၉၄၄ -ခု မတ်လ ၁၃ ရက်နေ့ နံနက်အချိန်တွင် မင်္ဂလာဒုံ ဗိုလ်သင်တန်းကျောင်းဆင်း ပွဲ၌ ဗမာ့ကာကွယ်ရေးတပ်မတော် စစ်သေနာပတိနှင့် စစ်ဝန်ကြီး ဗိုလ်ချုပ်အောင်ဆန်း ပြောကြားသော မိန့်ခွန်းတရပ် ဖြစ်ကြောင်း။ သူကျဆုံးသွားခဲ့ရသော ဤဇူလိုင်လတွင် သူ့အား ပြန်ပြောင်းသတိရမိသည့်အားလျှော်စွာ သူ၏ ပြောင် မြောက်သော မိန့်ခွန်းကို ရှာဖွေဖော်ပြလိုက်ရခြင်းဖြစ်ကြောင်း။

 
                           

Wednesday, 31 October 2012

အမျိုးသားတွေအတွက် ကိန်းဂဏန်း တွေကပြောပြမဲ့ မြန်မာရိုးရာဗေဒင်နည်း

ယောက်ကျာင်္လေးများ ဖတ်ဖြစ်အောင်ဖတ်ပါ ဒီဗေဒင်ဟောကိန်းလေးက အမျိုးသားတွေအတွက် သီးသန့်ဟောကိန်းလေးပါ။ ဘယ်လိုမိန်းမမျိုးရမလဲဆိုတဲ့ မေးခွန်းလေးက အမျိုးသား လူလွတ်တို့ အသိချင်ဆုံး မေးခွန်းလေးပါ။

ကြီးမှာလား၊ ငယ်မှာလား၊ စစ်၊ မစစ်။ ဒါလေးတွေ သိချင်တာပေါ့။ မြန်မာရိုးရာနည်းလေးတစ်ခု ရှိပါတယ်။ လက်ဆင့်ကမ်း ဖော်ပြလိုက်ပါတယ်နော်။ ပထမဆုံး မွေးသက္ကရာဇ်ကို

တော့ သိဖို့လိုတယ်။

မြန်မာခုနှစ် မွေးသက္ကရာဇ် ဖြစ်ရမယ်။ ၄င်းကိုတည်ပြီး (၄) နဲ့ မြှောက်၊ ရလာတဲ့ ကိန်းဂဏန်းကို (၇)နဲ့စား၊ အကြွင်းကို ကြည့် ပြီးဟောကိန်း ထုတ်ထားတာကို ဖတ်ကြည့်ပါ။ လိုချင်တဲ့ အဖြေကိုရပါလိမ့်မယ်။

ဆိုလိုတာက ၁၃၄၀ မှာမွေးတဲ့ အမျိုးသားတစ်ဦး ဘယ်လိုမိန်းမမျိုးနဲ့ ရမလဲဆိုပါစို့။

၁၃၄၀ x ၄ = ၅၃၆၀ ရပါတယ်။

၅၃၆၀ / ၇ (အကြွင်း ကိုရှာရမယ်) အကြွင်း (၅) ရပါတယ်။ အကြွင်း (၅) ဆိုတဲ့နေရာ ဖတ်ရုံပေါ့။

မွေးနှစ်တူတွေ အားလုံးအတွက် တစ်ပုံစံတည်း ဖြစ်နေမှာပေါ့ဆိုတဲ့ မေးခွန်းမေးသင့်တယ်။ ဟုတ်ပါတယ်။ ကိန်းခြင်းအတူတူပါပဲလို့ ပြန်ဖြေပါမည်။ တကယ်တန်း လက်တွေ့ အခြေံတူတာ ချင်းကိုလည်းတွေ့ ရပါတယ်။

အကြွင်း (၁) ။ ရခဲ့ရင် အတော် ကံကောင်းပါပေတယ်။ ကိုယ်ရမယ့် မိန်းကလေးက အလွန်သန့်စင် တဲ့မိန်းကလေးပါ။ ကိုယ်ကျင့်သိက္ခာလုံအောင် ထိန်းတဲ့သူ။ အတွေ့အကြုံကလည်း မရှိသလောက် ပါဘဲ။ရည်းစားတောင်မှ ထားဖူးရဲ့လား မသိ။ အေးအေးနေတတ်တယ်။ လုပ်ငန်းတစ်ဖက်၊ ပညာတစ်ဖက်
ဘ၀တိုက်ပွဲဝင်နေတဲ့သူ။ ကိုယ်ပိုင်အစွမ်းအစနဲ့ အသက်မွေးနိုင်တယ်။ ဥာဏ်ကောင်းတယ်။

တစ်ခါတစ်ခါနွဲ့ဆိုးဆိုးတတ်တယ်။ တည်တည်ကြည်ကြည်နေတယ်၊ သွက်သွက်လက်လက်နဲ့ မိန်းမ သားပါပဲ။ ခေတ်မီတယ်။ ဒါပေမယ့် ခေတ်မဆန်ဘူး။ သိပ်သ၀န်ကြောင်တတ်တာ။ သူ့ရှေ့မှာ သွားပြီး တခြားသူအကြောင်း သွားမပြောလေနဲ့နော်။ စိတ်ကောက်ပြီး ချော့လိုက်ရမှာ အမော။ကိုယ်နဲ့ အဆင်ပြေမယ်။

တစ်ခါတစ်လေ အလွန်လူကြီးဆန်ပြီးအများအားဖြင့် ကလေးဆန်တတ်တဲ့အတွက် ကိုယ့်မိဘနဲ့ တော့ ပြသနာပဲ။ ဘာပဲပြောပြော ကိုယ့်အပေါ်မှာ သစ္စာထားတဲ့သူပေါ့။

အကြွင်း (၂)။ ရခဲ့ရင် ကိုယ့်နှလုံးသား ကိုယ်ပြန်စစ်ကြည့်။ မေတ္တာတရားမှာ အပေးသမား သက်သက်ပါပဲ။ ကိုယ့်ကခွင့်လွှတ်တတ်တယ်။ သနားတတ်တယ်။ ကိုယ်ရမယ့် အိမ်ထောင်က ကရုဏာ အပေါ်အခြေ တည်တဲ့ အိမ်ထောင်မျိုး။ ကိုယ်နဲ့ အကြောင်းပါမဲ့ မိန်းကလေးခမျာ ဘ၀မှာ လူလည် လူရှုပ်တွေရဲ့ လှည့်စားမှုခံရပြီး အသည်းကွဲဒဏ်ရာတွေနဲ့။ သူရဲ့ နောက်ကြောင်းကိုလည်း မခြွင်းမချန် ပြောပြမှာပါ။

သဘောထားကြီးကြီး နဲ့ သူ့ဘ၀ကို သိမ်းပိုက်ကာကွယ်ပေးရမှာ။ သူက အတိတ်လူဟောင်းဆီ စိတ်ညွှတ်မသွားပါဘူး။ ကိုယ်နဲ့ အိမ်ထောင်ကျပြီး အလွန်သာယာတဲ့ အိမ်ထောင်တစ်ခုကို တာဝန်ကျေစွာ တည်ဆောက်မှာပါ။ အချောအလှလေးပါ။ ဘ၀က မလှပေမယ့် ရုပ်ဆင်းရူပကာ အလုံးစုံ ငေးရ လောက်အောင် လှပတဲ့သူ။ အိမ်ထောင်ကို နိုင်နိုင်နင်းနင်း ထိန်းမှာ။ လုပ်တတ် ကိုင်တတ်။

ကိုယ့်မိဘအသိုင်းအ၀ိုင်း အရိပ်အောက်ကို ၀င်လာမှာ။ အောက်ကျို့ပြီး ဆက်ဆံမှာ။ နောက်ဆို ကိုယ့် မိဘတွေကတောင် သမီးအရင်းလေးလို ချစ်မှာ။

အကြွင်း(၃)။ ရခဲ့ရင်တော့ ဆွေကြီးမျိုးကြီးထဲက ဖြစ်ဖြစ်။ မြင့်မြတ်သော အမျိုးအနွယ်ကဖြစ်ဖြစ် ဒီလိုမိန်းကလေးနဲ့ အိမ်ထောင်ကျမှာ။ ဂုဏ်ပကာသန ၀န်းကျင်အလယ်ကပေါ့။ တော်တော်မာနကြီးမှာ၊ စိတ်ကြီး၊ ခေါင်းမာ၊ ပညာတတ် နှလုံးသာချိုသော်လည်း ဘုဂွပြောတတ်ပြီး တော်ရုံတန်ရုံ ကိုအဖက် မလုပ်တတ်တဲ့ မိန်းကလေးမျိုးဖြစ်သည်။

ပညာအတတ်ကို အခြေတည်ပြီး အသက်မွေးတဲ့ မိန်းကလေး။ တစ်ခုတော့ ပြောမယ်။ အိမ်ထောင်ကျပြီးရင် ကိုယ့်အသိုင်းအ၀န်းထဲ သူဝင်မှာမဟုတ်ဘူး။ သူအသိုင်းအ၀န်းထဲ ကိုယ့်ရောက် လိမ့်မယ်။ အနိုင်လိုတာ မဟုတ်ပေမယ့် အနိုင်ကျင့်တာ ၀ါသနာပါတယ်။ သူနဲ့ အိမ်ထောင်ကျပြီး အပေါင်းအသင်း၊ သူငယ်ချင်းမိတ်ဆွေထဲမှ ခပ်ညံ့ညံ့လာလည်ရင်တောင် ရန်ဖြစ်မှာ။

ဒါပေမဲ့ အိမ်ထောင်ကံကောင်းပါတယ်လေ။ အိမ်ထောင်ကြောင့် ဘ၀မှာ ထူးထူးခြားခြား တိုးတတ် မှုလေးတွေရမှာ။ သူကလည်း ကိုယ့်ကို တိုက်တိုက်တွန်း တွန်းလေး အလုပ်လုပ်ခိုင်းမှာ။ ကွယ်ရာမှာ သူငယ်ချင်းတွေက မိန်းမကြောက်လို့ ပြောရင် ငြိမ်ခံပေရော့။

အကြွင်း(၄)။ ရခဲ့ရင် အတော် က္ကနြေ္ဒကြီးပြီးမြင့်တဲ့ အသိုင်းအ၀န်းကြားက တင့်တယ်တဲ့ မိန်းကလေး ကိုယ့်ဘ၀ထဲ တိုးဝင်လာမှာ ပင်တိုင်စံနဲ့ စောင်သမားလေးဇာတ်လိုပေါ့။ သူမက ချစ်လွန်းလို့ အရာ ရာကိုစွန့်ပြီး ဘ၀ကို ပုံအပ်မှာ၊ လေးစားဖို့ကောင်းတဲ့ မိန်းမသားပေါ့။

ဘ၀အတွေ့အကြုံကလဲနည်း၊ပင်ကိုကလည်း ကျောင်းနဲ့အိမ် ဖြတ်သန်းတဲ့ခဲ့တာဆိုတော့ ဘ၀ကလည်း ပြည့်ပြည့်စုံစုံနဲ့ အေးချမ်း ဖြစ်သန်းလာပီး၊ သန့်ဇင်လှတဲ့ သဇင်ပန်းလို တော်ဝင် မိန်းမမျိုးနဲ့ ဆုံစည်းရမှာပါ။ ကိုယ့်ဘ၀ကို သူ ငယ်ချင်းတွေကတောင် မုဒိတာပွား ကြပါလိမ့်မည်။ အလွန်သည်းခံတတ်၊ ခွင့်လွတ်တတ် ပေမယ့် မဟုတ်တာတော့ သွားမလုပ်လေနဲ့ မီးပွင့်သွားမယ်။ မာနခဲမလေး၊ ကိုယ့်မိဘနဲ့ အဆင်ပြေမည်။

အရာရာ ကိုယ့်သဘောပဲ၊ အလုပ်ထွက်လုပ်ချင် လုပ်လိမ့်မည်။ အိမ်ထောင်ကိစ္စ မလစ်ဟာစေရဘူး။ မိန်းမရ ကံကောင်းပါတယ်။ ဒါပေမဲ့ မိန်းမနောက်တစ်ယောက် ရှုပ်ဖို့ မစဉ်းစားနဲ့ ခံနေမှာမဟုတ်ဘဲ တစ်ခါတည်း အပြီးပြတ်စဲပြီး လှည့်တောင်မကြည့် ဘဲ ကွဲပစ်လိုက်မှာ၊ သဘာထားကြီး ခေတ်မှီပေ မယ့် ဒီကိစ္စမျိုးတော့ လုံးဝ ခွင့်မလွတ်တတ်ဘူး။

အကြွင်း(၅)။ ရခဲ့ရင်တော့ ကိုယ့်လူအိမ်ထောင်ကျမယ့် အမျိုးသမီးကတော့ ဆိုရှယ်ခပ်ကျကျထဲကပဲ။ အတော် ခေတ်ရှေ့ပြေးမှာ၊ ဘိုဆန်မှာ၊ ၀တ်တာစားတာ နေတာထိုင်တာ ပြောတာဆိုတာက အစ ခေတ် စကားနဲ့ပြောရရင် Hot short ပေါ့။ လိုကိုယ့်နဲ့တွဲသွားရင်တောင် သူများက ငေးကြည့်ရအောင် စတိုင်ကျ မှာ။ ခေတ်မီတဲ့ အပြင်အဆင်၊ မိတ်ကပ်၊ နှုတ်ခမ်းနီ၊ လက်သည်းခြေသည်းနီ နဲ့ ကြွေရုပ်လေးလိုပေါ့။

စူပါတ်ကြီးတွေမှာ ချိတ်ထားတဲ့ ဟန်ပြမယ်တွေနဲ့ အပြိုင် စတိုင်ကျ စမတ်ကျကျပဲ။ ရည်းစားများတာ လာမပြောနဲ့။ ကိုယ့်တောင် သနားလို့ ယူထားတာ။ အိမ်ထဲမှာ ပိတ်လှောင်ထားဖို့ စိတ်မကူးလေနဲ့။ လွတ်လပ်မှုကို မြတ်နိုးပြီး ကိုယ်ပိုင်အစွမ်းအစ နဲ့ ကိုယ့်တိုင် အလုပ်လုပ်ရမှ ကျေနပ်မှာ။ တစ်ခါတလေ (ရှင်က တော်တော် ခေတ်နောက်ကျတာပဲ တောကျလိုက်တာ) စသဖြင့်။

သူနဲ့ အိမ်ထောင်ကျပြီး နိုင်ငံခြားမှာ သွားအလုပ်လုပ်ဖို့ ပြောလွန်းလို့ သွားနေရဦးမှာ။ အပေါစား လုံးဝမသုံးဘူး။ တံဆိပ်ဆိုရလည်းအမြင့်စားမှ။ BRANDED ဆိုတဲ့ စကား နှုတ်ဖျားမှာ ချမှာမဟုတ်ဘူး။ အိမ်မှာတော့ ထမင်းချက်ကောင်း ကောင်းခန့်ထားဦး။ တစ်ခါတလေ စိတ်ပါမှ သူကချက်ကျွေးမှာ။ သူနဲ့စတွဲပြီး အိမ်ထောင်ကျပြီး ကိုယ် တောင် ဘောင်းဘီဝတ်၊ ပေါင်မုန့်စား ဖြစ်လာလို့ လမ်းထွက် ရင်တောင် သူငယ်ချင်းတွေက မှတ်မိမှာ မဟုတ်ဘူးနော်။

အကြွင်း (၆)။ ရခဲ့ရင်တော့ မေတ္တာကြီးမား လှတဲ့ အမျိုးသမီးနဲ့ရမှာ။ သူနဲ့ကိုယ်နဲ့ အတွင်းသိ အဆင်းသိ။ သူငယ်ချင်းလို မိတ်ဆွေလိုက တစ်ဆင့် (နင်)ရယ်၊ (ငါ) ရယ်၊ ကနေ (မောင်)ရယ်၊ (ကို)ရယ်၊ တွေဖြစ် လာတာ။ သူနဲ့မရခင် ကိုကလည်း ရည်းစား များများ။ ဒါတွေ သူသိပြီးသား။ ဒီကြားထဲမှာ သူငယ်ချင်း လိုကနေ မမျှော်လင့်ဘဲ ရေစက်ပါတယ် ဆိုရမလား မသိဘူး။

တစ်ဦးနဲ့ တစ်ဦး သံယောဇဉ်တွေ လွန်ကဲ ပြီးချစ်ကြမှာ။ဆုံဖို့ အရေးလည်း ခက်ခက်ခဲခဲပဲ။ အိမ်ထောင်ကျပြီး သူ့မေတ္တာရိပ်မှာ အတော်တည်ငြိမ် သွားမှာ။တစ်ဦးနဲ့တစ်ဦး သံယောဇဉ်တွေ လွန်ကဲ ပြီးချစ်ကြမှာ။ ဆုံဖို့ အရေးလည်း ခက်ခက်ခဲခဲပဲ။ အိမ်ထောင်ကျပြီး သူ့မေတ္တာရိပ်မှာ အတော်တည် ငြိမ်သွားမှာ။ ဆိုးတိုင်ပင်၊ ကောင်းတိုင်ပင်၊ နှစ်ယောက် သွားအတူလာအတူ။

ဒီမိန်းကလေးကချစ်တတ်တယ်။ သဘောထားကြီးတယ်။ ကိုယ့်အပေါ် နားလည်တယ်။ ကိုယ့် အသိုင်းအ၀ိုင်းနဲ့ ညီညွတ်မယ်။ ကိုယ့်နဲ့ အိမ်ထောင်ကျပြီး သူလုပ်နေတဲ့ အလုပ်ကထွက်ပြီး ကိုယ့် အလုပ်ကို ကူလုပ်လိမ့်မယ်။ နှစ်ယောက် ပေါင်းပြီးစီးပွားကြီး၊ လုပ်ငန်းကြီးတွေလုပ်ပါ။

တွဲဖက်တကယ်ညီတာ။ သူချက်ထားတဲ့ ဟင်းမှ စားစေချင်တာ။ တစ်ခါတစ်လေ နေမကောင်းတဲ့ကြားမှ ကိုယ့်အ၀တ်တွေ ၀င်လျှော်၊ အပြင်သွားဖို့ အ၀တ်အစားစီစဉ်ပေးတာ အစရေချိုးပြီး အိမ်နေရင်း အ၀တ်တောင်သူ့လက်နဲ့ ထုတ်ပေးရမှ ကျေနပ်တာ။ ငယ်သူချင်း တွေက နောက်ပြောင်ကြလိမ့်မယ်။ မိန်းမနားတစ်ချိန်လုံးကပ်နေတာပဲ လို့.... စိတ်မဆိုးနဲ့ သူတို့က ကိုယ့်ကို အားကျနေကြတာပါ။

အကြွင်း(၀)။ ရခဲ့ရင်တော့ အတော်လေးကို ထူးခြားတဲ့ အိမ်ထောင်ရေးကို ရပါလိမ့်မယ်။ ကိုယ့်ရတဲ့မိန်းမကကိုယ့်ထက်အသက်ကြီးမယ်။ မမ နဲ့ မောင်လေး ပေါ့။ ဒါမှမဟုတ် ဘာသာ လူမျိုးတစ်ခုခု ကွာခြားမယ်။ပညာဖြစ်စေ၊ ဂုဏ်ဖြစ်စေ၊ အသက်အရွယ်ဖြစ်စေမိမိထက်ကြီးမှာ ဖြင့် သေချာပါတယ်။ ကိုယ့်အပေါ်အတော်အလိုက်သိမယ်။အလိုလိုက်မယ်။ စိတ်ချမှာလည်း မဟုတ်ဘူး။

အရိပ် တကြည့်ကြည့်နဲ့။ သိပ်ပြီးအလှပြင်မှာပဲ။ အသက်ကြီးတဲ့ သူကို အလှပျက်လို့ ပစ်သွားမှဖြင့် ဆိုတဲ့ မသိစိတ်ကလေးက စိုးမိုးနေမှာ။ဒီစိတ်ကလေး သူရင်ထဲ ပျောက်သွားအောင် လုပ်ပေးရမှာ ကိုယ်ပဲပေါ့။ ကိုယ်အပေါ်မှာ မိခင်တစ်ယောက် ငဲညှာချစ်ခင်မယ်။ ဦးစားပေးမည်။ ကိုယ်နွဲ့သမျှ ဒဏ်ခံမယ်။

တစ်ခုခုစိတ်အလိုမကျရင်မျက်ရည်လေးနဲ့ တကယ်ချစ်လို့ ကိုယ့်ဘ၀ထဲ အခက်အခဲများရင်ဆိုင် ပြီး လက်တွဲကြတာ ကိုတော့ ဘယ်တော့မှမမေ့နဲ့ပေါ့ဘာပဲဖြစ်ဖြစ် မရဲ့ မောင်လေးဘ၀မှာ အေးချမ်းတဲ့ မေတ္တာရိပ် အောက်မှာ ပျှော်ရွင်နေတဲ့ ဘ၀လေးကို ထူထောင်ရမှာပါ။

မိန်းကလေး ခေတ်ပညာတတ်။ ကိုယ်စွမ်းကိုယ်စနဲ့ သူတစ်ပါးကို ဆရာလုပ် အမိန့်ပေးတဲ့ လူမျိုးပေါ့။ ဒီဟောကိန်းလေးကို ဖတ်ပြီးတော့ ကိုယ်တိုင်လည်း တွက်ကြည့်ပြီးရင် သူငယ်ချင်းတွေ ကိုလည်း ဗေဒင်ပြန် ဟောကြည့်ပေါ့။

အိမ်မှာရှိတဲ့ အစ်ကို လူပျိုကြီးတွေ ဦးလေး လူပျိုကြီး တွေပါ ချန်မထားဘဲတွက် ကြည့်ပြီး ဟောကိန်း ထုတ်ပေးလိုက်ပါ နော်။

(စံ -ဇာဏီဘို) အချစ်ဗေဒင် 
 

Tuesday, 30 October 2012

ကျန်းမာရေးထိခိုက်စေနိုင်သော အန္တရာယ်များ ဟန်းဖုန်း ၁၀ လုံး


ဟန်းဖုန်းက လူကို ဘယ်လို ကျန်းမာရေး ထိခိုက်တယ်ဆိုတာ စာဖတ်သူ တော်တော်များများ သိရှိပြီး ဖြစ်မယ်လို့ ယူဆပါတယ်။

အဓိက ထိခိုက်စေတာက ဦးနှောက် ဖြစ်ပြီး ဖုန်းက ထုတ်လွတ်တဲ့ ရေဒီယို လိုင်း ကြောင်း ဖြစ်ပါတယ်။ ယင်း radiation ကြောင့်ပဲ ဖုန်းကို သထိထား သုံးဖို့ မှာကြခြင်း ဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံတကာ ဆေးပညာရှင်နဲ့ Scientist များက အတူတူလေ့လာပြီး Specific Absorption Rate (SAR) သတ်မှတ်ပါတယ်။    ဥပမာ- တစ်ယူနစ်ကို ရေဒီယိုလိုင်း ဘယ်လောက်ထိ ထုတ်လွတ်ပြီး လူဦးနှောက်ထဲကို ဘယ်လောက် ဆုတ်ယူ (adsorb) လုပ်စေ တာမျိုးကို ဖြစ်ပါတယ်။

ယခု SAR ယူနစ်ကတော့ တစ်ကီလိုဂရမ်စာ ဖုန်းမှာ ပါဝင်တဲ့ ဆက်သွယ်ရေး ပစ္စည်း အလေးချိန်ဟာ လျှပ်စစ်လှိုင်း/ ရေဒီယိုလှိုင်း ဘယ် နှစ်ဝပ် ထုတ်နီုင်တယ်လို့ သတ်မှတ်ထားပေးတာ ဖြစ်ပါတယ်။  ဥပမာ - 1.5 watts/kg ဆိုရင် တစ်ကီလိုဂရမ် ယူနစ်အတွက်ဖြစ်ပါတယ်။ ၁.၅ ဆိုရင် အတော်များနေပြီ ဖြစ်ပါတယ်။ ဒါကြောင့် အန္တရာယ်များတဲ့ ၁.၅ အထက် မိုဘိုင်းဖုန်းများကို စာဖတ်သူတို့ သိရှိအောင် မျှဝေပေးလိုက်ရပါတယ်။

၁၀။ Motorola W385

ုအမေရိကန် မိုတိုရိုလာက ထုတ်တဲ့ CDMA ဖုန်း ဖြစ်ပါတယ်။ အမေရိကန်ရယ်လို့ မဟုတ်ပဲ တရုတ်ပြည်က စက်ရုံခွဲမှာလည်း ထုတ်ခဲ့ပါတယ်။ တော်တော်ကြာပြီ ဖြစ်တဲ့ ခေါက်ဖုန်း ဖြစ်ပါတယ်။ ရေဒီယိုလှိုင်း ဆုပ်ယူနိုင်မှု ယူနစ် Specific Absorption Rate (SAR)- တစ်ကီလိုဂရမ်မှာ ၁.၅၄ ဝပ် အထိ ရှိပါတယ်။

၉။ HTC Magic

၂၀၀၉ ခုနှစ် ဖေဖော်ဝါရီလက ထုတ်တဲ့ ထိုင်ဝမ် HTC ထုတ် စမတ်ဖုန်း ဖြစ်ပါတယ်။ Android 1.6 Donut ကိုအသုံးပြုခဲ့ပြီး သူ့ခေတ် သူ့ခါမှာတော့ တော်တော်ကို ပေါက်တဲ့ ဖုန်း ဖြစ်ပါတယ်။ သူ့ရဲ့  SAR ကလည်း တစ်ကီလိုဂရမ်ကို ၁.၅၅ ဝပ် အထိ ရှိပါတယ်။

၈။ Motorola i335

၂၀၀၅ ခုနှစ်က တစ်ကြိမ်၊ ၂၀၀၇ ခုနှစ်က တစ်ကြိမ်ထုတ်လုပ်ရအောင် အတော်ကို အောင်မြင်တဲ့ ဖုန်း ဖြစ်ပါတယ်။ လိုင်းဆွဲအား အင်မတန် ကောင်းပြီး ဘက်ထရီတော်တော်ခံတဲ့ ဖုန်း ဖြစ်ပါတယ်။ သို့ပေမယ့် သူ့ရဲ့  SAR က ၁.၅၅ ရှိပါတယ်။

၇။ Blackberry Bold

ကနေဒါ RIM ထုတ်တဲ့ Blackberry ဖုန်းလည်း ပါဝင်နေပါတယ်။ Bold စီးရီး တစ်ခုလုံးလို့တော့ မဆိုထားပါဘူး။ သို့ပေမယ့် ၂၀၀၈၊ ၂၀၀၉ မော်ဒယ်တွေကို အသားပေးပြောထားပါတယ်။ ၁.၅၅ အထိ radiation rate ရှိနေလို့ ဖြစ်ပါတယ်။ Blackberry ကလည်း မြန်မာပြည်မှာ ရေပန်းစား တဲ့ ဖုန်း ဖြစ်ပါတယ်။

၆။ Motorola Boost

Android 1.5 သုံးပြီး keypad ရော၊ Touchscreen ပါတဲ့ Motorola Boost ကလည်း နာမည်ကြီးဖုန်းပဲ ဖြစ်ပါတယ်။ ကင်မရာကလည်း 5megapixel ရှိတယ်လို့ ဆိုပါတယ်။ သို့ပေမယ့် သူ့ရဲ့  SAR rating ကလည်း ၁.၅၅ ပဲ ဖြစ်ပါတယ်။

၅။ Kyocera Jax S1300

ဒီဂျစ်တယ် ဖုန်းအဆင့်ပဲ ရှိတဲ့ Kyocera Jax S1300 ကိုတော့ လူသိနည်းပါတယ်။ လိုင်းဆွဲအားကောင်းမှုကို အဓိကထားထုတ်တဲ့ ခပ်ရှင်းရှင်း ဖုန်း ဖြစ်ပါတယ်။ ၁.၅၅ ရှိတဲ့အတွက် SAR rate ကတော့ မသေးပါဘူး။

၎။ Sony Ericsson Xperia X10 Mini Pro

၂၀၁၀ ဖေဖော်ဝါရီ နောက်ပိုင်းထွက်ရှိတဲ့ ဖုန်း ဖြစ်ပြီး မြန်မာပြည်မှာလည်း အသုံးများနေပါတယ်။ Sony Ericsson Xperia X10 Mini မဟုတ်ပဲ ဗားရှင်း နည်းနည်း Upgarde လုပ်လိုက်တဲ့အတွက် Pro လို့ ထပ်ဖြည့် အမည်ပေး ထားတဲ့ ဖုန်း ဖြစ်ပါတယ်။ Android စမတ်ဖုန်းကောင်း တစ်မျိုး ဖြစ်ပေမယ့် SAR rate ကတော့ ၁.၅၅ ရှိပါတယ်။

၃။ Sony Ericsson Satio

Symbian OS 9.4 နဲ့ ထွက်ရှိတဲ့ ဆိုနီရဲ့  Ericsson Satio လည်း မြန်မာပြည်မှာ အသုံးပြုနေကြပါတယ်။ GSM ဖုန်း ဖြစ်ပြီး Wi-Fi, bluetooth စုံလင်စွာ ပါရှိတဲ့အတွက် အကြိုက်တွေ့နေကြသေးတဲ့ ဖုန်း ဖြစ်ပါတယ်။ သူ့ရဲ့  SAR ကလည်း ၁.၅၆ အထိ ရှိပါတယ်။

၂။ Motorola Droid 2 Global

သြဂုတ် ၂၀၁၀ လေးတင် ထွက်ရှိခဲ့တဲ့ Android 2.2 စမတ်ဖုန်း ဖြစ်ပါတယ်။ Droid 2 လို့လည်း လူသိများပါတယ်။ user interface ကောင်းမွန်မှု၊ ကင်မရာနဲ့အခြား touchscreen နည်းပညာတို့ ကောင်းမွန်မှုကြောင့် အကြိုက်တွေ့ နေကြသေးတဲ့ ဖုန်း ဖြစ်ပါတယ်။ SAR ကတော့ ၁.၅၈ အဆင့်အထိ ရှိပါတယ်။


၁။ Motorola Bravo

Motorla Bravo ဆိုတာကလည်း ၂၀၁၀ ခုနှစ် နှစ်ကုန်ပိုင်းလောက်မှ ထွက်ရှိခဲ့တဲ့ WVGA display သုံး စမတ်ဖုန်းသေးလေး ဖြစ်ပါတယ်။ Android ဖုန်းပဲ ဖြစ်ပါတယ်။ Processor ကောင်းမွန်မှု၊ အကြမ်းခံမှုတို့က အားသာ ချက် ဖြစ်ပေမယ့် အဓိကား အားနည်းချက်ကြီးကတော့ ရေဒီယို လှိုင်း ထုတ်လွင့်မှု ဖြစ်ပါတယ်။ ဒါကြောင့်ပဲ သူ့ကို အန္တရာယ်အကြီးဆုံး နံပါတ် ၁ အဖြစ် သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။ SAR rating - ၁.၅၉ ရှိတဲ့အတွက် လက်ရှောင်ရန် တိုက်တွန်းထားတဲ့ ဖုန်း ဖြစ်ပါတယ်။


ဒီမှာ အဓိက ဇာတ်ကောင်က Motorola ဖြစ်ပြီး Motorola ထုတ်ဖုန်း တွေ တော်တော်ပါနေတာ တွေ့ရပါတယ်။ အထက် ၁၀လုံးကို လေ့ လာသိရှိပြီး စာဖတ်သူတို့ သတိထား အသုံးပြုနိုင်မယ်လို့ မျော်လင့်ပါတယ်။
--
Ref: gizmocrazed.com
အောင်ခမ်း (TSJ team)

http://techspacejournal.blogspot.com/2012/10/blog-post_6372.html

ကျေးဇူးဆပ်မကုန် အနန္တော အန န္တ ငါးပါးဂုဏ်

ဗုဒ္ဓဘာသာထုံးတမ်းစဉ်လာတွင် ကျေးဇူးဆပ်၍မကုန်နိုင်သော ပုဂ္ဂိုလ်ငါးယောက်ရှိသည်ဟု ဖော်ပြ ထားပါသည်၊၊

(၁) ဘုရားရှင်၊
(၂) တရား၊
(၃) သံဃာ၊    

 (၄) မိဘ၊
 (၅) ဆရာ တို့ဖြစ်ကြပါသည်၊၊
                                              
ဗုဒ္ဓဘာသာဝင်တို့တွင်မက လူသားတိုင်းတွင်လည်း သက်ဆိုင်ရာဘာသာရေးမှ ဘုရား၊ သင်ပြချက်၊ ဘာသာရေးခေါင်းဆောင်များနှင့်၊ မိဘ၊ ဆရာဟူ၍နည်းတူပင်ရှိကြပါသည်၊

ဖော်ပြထားသည့် ပုဂ္ဂိုလ်ငါးယောက်တို့၏ကျေးဇူး သည် များလွန်းသဖြင့်ရေတွက်ရန် မတတ်သာသော ကြောင့် ပါဠိစာပေတွင် “အနန္တကျေးဇူးရှင်များ”ဟူ၍ အထူးပြုသုံးနှုံးထားပါသည်၊၊

လူတစ်ယောက်အတွက် နေ့စဉ်ဘ၀ရောက်ပြီးချိန်တွင် မည်မျှခက်ခဲသည်ဆိုစေကာမူ ဘ၀ရပ်တည်မှု အခက်ခဲဆုံးအချိန်သည် မိခင်၏၀မ်းတွင်သန္ဓေနေရချိန် ဖြစ်ပါသည်၊၊ သန္ဓေသားအတွက်တင်မက ထိုအချိန်သည် မိခင်လောင်း၏ဘ၀ရှင်သန်ရပ်တည်မှုသည်လည်း အခက်ခဲဆုံးနှင့်သေဆုံးရန်အနီးဆုံး အချိန်ဟုဆိုလျင် မမှားနိုင်ပါ၊၊

မိခင်များသည် ရင်သွေးငယ်အတွက် အဆင်အပြေဆုံးနှင့်သက်သာမှုအဖြစ်စေဆုံး နည်းလမ်းများကို   လေ့လာစုံစမ်း၍ နေထိုင်စားသောက်ကြရပါသည်၊၊ ဤသို့ဖြင့် ရင်သွေးငယ်လူသားမျိုးဆက်များကို မိဘတို့မွေးဖွားပေးကြရပါသည်၊၊
မိဘများသည် သားသမီးများအတွက် လက်ဦးဆရာဖြစ်ကြပါသည်၊၊ ရင်သွေးများအတွက် ဘာသာစကားနှင့်
 နေ့စဉ်ဘ၀ပြုမူနေထိုင်ပုံများကို မိဘများမှသင်ပေးကြရပြီး၊ လူလားမြောက်သော် စာသင် ကျောင်းများသို့ ပိုပြီးပညာများကိုသင်စေကြရပါသည်၊၊

ကလေးများအတွက် ကျောင်းများသည်မည်မျှအသင်အပြကောင်းစေကာမူ အိမ်ပြန်ရောက်ချိန်တွင် မိဘများမှ ပံ့ပိုးသင်ပြမှုမရှိလျင် သားသမီးများ၏ပညာရေး ထက်မြက်တိုးတက်လာနိုင်မည် မဟုတ်ပါ ချေ၊၊

မိဘနှစ်ဦးတို့သည် သားသမီးဆယ်ဦးခန့်ကို သန္ဓေဘ၀တာဝန်ယူရခြင်း၊ ပညာရေးတာဝန်ယူရခြင်း၊ စီးပွားရေးတွင် အရင်းအနှီးပေး၍ဖြစ်စေ၊ လမ်းပြ၍ဖြစ်စေပျိုးထောင်ပေးရခြင်း၊ အိမ်ထောင်ပြုရာတွင် တာဝန်ယူပေးရခြင်းနှင့် တစ်သက်တာကိုယ်ပိုင်ပစ္စည်းများကို “အမွေ”ဟူသောအမည်ဖြင့် လွှဲအပ်ရ ခြင်းတာဝန်များကိုကျေပွန်အောင် ထမ်းဆောင်နိုင်ကြလေသည်၊၊

သားသန္ဓေကိုဝမ်းတွင် ထားရချိန်နှင့်မွေးဖွားရချိန်တွင် မိခင်၏ခန္ဓာဗေဒဆိုင်ရာပျက်စီးမှုများစွာရှိသည် ကိုအသိအမှတ်ပြုမိသည့် သားသမီးအလွန်နည်းပါးလှပါသည်၊၊ ထို့ကြောင့် သားသမီးမမွေးဖွားရသည့် အပျိုကြီးများနှင့် သားသမီးများစွာမွေးဖွားရသည့် မိခင်များအရွယ်တင်ပုံခြင်း ကွာခြားခြင်းဖြစ်ပါသည်၊၊

မိဘတို့သည် ရင်သွေးရရှိပြီးလျင် သူတို့ဘ၀အတွက်ဟူ၍ မည်သည့်အရာကိုမျှသိမ်းပိုက်မှုမရှိကြ တော့ဘဲ သားသမီးများအတွက်သာ ဘ၀ကိုမြှုပ်နှံလိုက်ကြတော့သည်ကို တွေ့ပါသည်၊၊ ထိုကဲ့သို့ပင် ဘ၀ကိုစတေး၍ ရင်သွေးများကိုပြုစုပျိုးထောင်သူများဖြစ်သောကြောင့် “ကျေးဇူးဆပ်မကုန်သူများ”စာ ရင်းတွင်ပါဝင်ရခြင်း ဖြစ်ပါသည်၊၊

ဗုဒ္ဓဘာသာစာပေနှင့် သင်ပြချက်များအရလေ့လာသုံးသပ်လျင် သာမန်လူများကိုမဆိုထားဘိ၊ မိဘ ကျေးဇူးကိုမြတ်စွာဘုရားရှင်သော်မှ ကျေပွန်အောင်ဆပ်မသွားနိုင်ဟူ၍ နောက်ပိုင်းသီဟိုဠ်ခေတ်များ တွင်ရေးသားသည့် ပါဠိစာပေကျမ်းများတွင် ဖော်ပြထားပါသည်၊၊

မိဘများကို ပါဠိစာပေတွင် “လက်ဦးဆရာများ”ဟူ၍၄င်း၊ “ဗြဟ္မာကြီးများ”ဟူ၍၄င်း အထူးဂုဏ်ပြုခေါ်ဆို ထားသည်ကို လေ့လာရပါသည်၊၊ လက်ဦးဆရာဟူသည်မှာ မိဘတို့သည်သားသမီးတို့အား အဦးဆုံး လူ့ဘ၀အခြေခံပညာရပ်များကို သင်ပေးသောကြောင့်ဖြစ်ပါသည်၊

ဗြဟ္မာကြီးများဟူသည် မှာ မိဘတို့သည်သားသမီးများနှင့်ပတ်သက်လျင် “ဗြဟ္မ၀ိဟာရတရားလေးမျိုး” ကို ကျင့်သုံးလေ့ရှိသောကြောင့် ဖြစ်ပါသည်၊၊ ဗြဟ္မ၀ိဟာရတရားလေးမျိုးဟူသည်မှာ---
(၁) မေတ္တာ၊
(၂) ကရုဏာ၊
(၃) မုဒိတာ၊
(၄) ဥပေက္ခာတို့ဖြစ်ကြပါသည်၊၊


ချစ်ခြင်း၊ စောင့်ရှောက်ခြင်း၊ အကျိုးလိုလားခြင်း၊ အကျိုးပြုခြင်းများကို “မေတ္တာ”ဟုခေါ်ပါသည်၊၊ မိဘတို့သည် သားသမီးများအပေါ်တွင် မေတ္တာစိတ်မည်မျှကြီးမားသည်ကို လက်တွေ့ဘ၀များတွင်၎င်း၊ စာပေများတွင်လည်း သာဓကများစွာတို့ဖြင့်ဖော်ပြထားပါသည်၊၊

သုဒ္ဓေါဓနမင်းကြီးသည် သားတော်ဖြစ်သည့် မြတ်စွာဘုရားရှင်ကို“သားတော်ဘုရားရှင် မိဘတို့၏ သား သမီးများကိုချစ်သည့်စိတ်သည် အရေထူ၊ အရေပါး၊ အသား၊ အကျော၊ အရိုးတို့ကိုဖောက်ထွင်းပြီး ရိုးတွင်းချင်ဆီကိုစွဲ၍ တည်ရှိပါသည်”ဟု လျောက်တင်ခဲ့ဖူးပါသည်၊၊

သနားခြင်း၊ ယုယခြင်း၊ ကြင်နာခြင်းများကို “ကရုဏာ”ဟုခေါ်ပါသည်၊၊ သားသမီးများ၏အလေးအပေါ့ များများကို ရွံရှာခြင်းမရှိဘဲပြုစုနိုင်ခြင်းမှာ ကရုဏာကြောင့်ဖြစ်ပါသည်၊၊ မိဘများ အိုမင်းမစွမ်းရှိသော အခါသားသမီးများမှ အလေးအပေါ့မနိုင်တော့၍ ချောင်ထိုးထားပြီးရွံရှာကြသည်ကို တွေ့ရပါသည်၊၊

အမေတို့၏ပါးစပ်တွင်းသို့ သားသမီးတိုင်း၏အလေးအပေါ့ မစင်ဘူးသူဟူ၍မရှိကြောင်း သိရပါသည်၊၊ မိဘတို့သည် သားသမီးတို့၏အလေးအပေါ့ကို မရွံရုံမျှမကအရသာကို စူးစမ်း၍ပင်ကြည့်ပြီး၊ လိုအပ် သည့်ဆေးဝါးများကို သားငယ်သမီးငယ်များကို တိုက်ကျွေးလေ့ရှိပါသည်၊၊

သားသမီးများ၏တိုးတက်မှုကို ၀မ်းမြောက်ခြင်း၊ ကျေနပ်အားရခြင်းများကို “မုဒိတာ”ဟုခေါ်ပါသည်၊၊ မှန်ပါသည်၊၊ တချို့မိဘများသည် ကိုယ်တိုင်စာမတတ်ကြပါ၊ သားသမီးများကိုမူ ပညာတတ်အောင် သင်ပေးကြလေသည်၊၊

ပညာစုံသောအခါ အလုပ်ကောင်းများဖြင့် သားသမီးအချို့သည်မိဘများထက် ချမ်းသာကြွယ်ဝတတ် ကြပါသည်၊၊ အိမ်ထောင်ကျကောင်းလျင် ပိုမိုချမ်းသာကြရပါသည်၊၊ မိဘများသည် သားသမီး၏ချမ်း သာမှုကို မည်သည့်အခါတွင်မှမနာလိုသည်မရှိဘဲ ကျေနပ်အားရကြသည်ချည်းသာ ဖြစ်ပါသည်၊၊

ချစ်ခြင်းမေတ္တာကြီးမားသည့်တိုင် သားသမီးတို့၏စီးပွားဥစ္စာများနှင့်၊ ခွဲခွါမှုဒဏ်ကိုသည်းခံနိုင်ခြင်းကို “ဥပေက္ခာ”ဟု ခေါ်ပါသည်၊၊ ဤနေရာတွင်အချို့က “လျစ်လျူရှုခြင်းကို-ဥပေက္ခာ”ဟု ပြောလေ့ရှိကြပါ သည်၊၊

သဘာဝယုတ္တိဖြင့် လေ့လာကြည့်လျင်မိဘတို့သည် သားသမီးများကိုမည့်သည့်အချိန်တွင်မှ လျစ် လျူရှုလေ့မရှိဘဲ သားသမီးတို့၏ပိုင်ဆိုင်မှုကို လိုလားတပ်မက်ခြင်းမှဝေးခြင်းကိုသာ မိဘတို့၏ဥပေက္ခာ သဘောတရားဟူ၍ မှတ်သားသင့်ပါသည်၊၊

ထို့ထက်ပို၍ မိဘများသည် သားသမီးတို့၏ကိုယ်ရေးကိုယ်တာကိစ္စများကို ၀င်ရောက်စွတ်ဖက်မှု မရှိခြင်းများနှင့်၊ သားသမီးများကို လွပ်လပ်စွာဆုံးဖြတ်ပိုင်ခွင့်ပေးခြင်းများကိုလည်း မိဘတို့၏ဥပေက္ခာ သဘောတရားများဟူ၍ မှတ်သားနိုင်ပါသည်၊၊

ဗြဟ္မ၀ိဟာရတရားလေးမျိုးသည် နာမည်အားဖြင့်သီးခြားစီဖြစ်သော်လည်း တစ်မျိုး၏အထဲတွင် အခြား တစ်မျိုး၏ အနှစ်သာရနှင့်သဘောတရားများပါဝင်ပြီးဖြစ်၍၊ ခွဲခြားမရကောင်းသော မိဘတို့၏သား သမီးများအပေါ်ထားရှိသည့် စိတ်ဓာတ်အခြေခံစွမ်းရည်များဖြစ်ကြောင်း မှတ်သားရပါမည်၊၊

ဤတရားလေးမျိုးသည် ဘာသာအယူအဆမတူသည်ဖြစ်စေ တူသည်ဖြစ်စေ မိဘတိုင်းတွင်ရှိကြပါ သည်၊၊ ချွင်းချက်အားဖြင့် သားသမီးကိုစွန့်ပြစ်သည့်မိဘအချို့နှင့် သားသမီးနှင့်အဆင်မပြေသည့် မိဘအချို့လည်းရှိတတ်ပါသေးသည်၊၊ ထိုသို့ဖြစ်ရခြင်းမှာ မိမိ၏ဘ၀ကံကြမ္မာ မကောင်းခဲ့ခြင်းကြောင့် သာ ဖြစ်ရပါသည်၊၊

ထိုသို့ဖြစ်ရခြင်းအပေါ်တွင် မိဘအပေါ်စော်ကားမိသူများနှင့် ကျေးဇူးမဲ့ကိုပြုမိသူများသည် ဘ၀အ ဆက်ဆက် ဆိုးသည်ထက်ဆိုးသည့် မိသားစုပတ်ဝန်းကျင်နှင့်သာ တွေ့ရတတ်သောကြောင့် မိဘများ အပေါ် သားသမီးများအနေဖြင့် ကျေသင့်သည့်တာဝန်ကိုကျေပွန်စေရန် ကြိုးစားသင့်လှပါသည်၊၊

“မိဘများသည် သားသမီးတို့အိမ်တွင် အမြဲတန်းဧည့်သည်ဖြစ်ခွင့်ရှိသူများ ဖြစ်ကြပါသည်၊၊ သားသမီး များအနေဖြင့် မိဘများမိမိတို့အိမ်သို့ လာရောက်ခဲ့သော်လက်မခံခဲ့လျင် သားသမီးတာဝန်ပျက်ကွက် ခြင်းသာဖြစ်ပါသည်၊၊”

“ပရာဘ၀သုတ်”တွင် “သားသမီးများသည် စီးပွားပြည့်စုံနေပါလျက် အရွယ်လွန်ပြီးသည့်  မိဘများ ကိ
 ထောက်ပံ့မှုပျက်ကွက်ခဲ့လျင် ဘ၀နှင့်သံသရာကျရှုံးခြင်း၏အကြောင်း ဖြစ်သည်”ဟု မြတ်စွာဘုရားရှင် ညွန်ပြ ထားပါသည်၊၊

“မိဘကိုပြုစုမှုမရှိဘဲ စွန့်ပြစ်သည့်သားသမီးများသည် လက်ရှိဘ၀တွင်အများကဲ့ရဲ့ခြင်းကို ခံရတတ်ပြီး၊၊ အကုသိုလ်ပွားများလျက်ရှိသည်၊၊ သေလွန်သော် အပါယ်ငရဲသို့ကျရသည်”ဟုပါဠိတော်တွင် ဖော်ပြ ထားပါသည်၊၊ ဆန့်ကျင်ဘက်အားဖြင့် “မိဘများကို ပြုစုလုပ်ကျွေး သည့်သားသမီးသည်ကို ပညာရှိသူ၊ သူတော်ကောင်း”ဟုခေါ်ကြောင်း ဖော်ပြထားပါသည်၊၊

မင်္ဂလသုတ်တွင် “မိဘကိုလုပ်ကျွေးပြုစုခြင်းသည် မင်္ဂလာတစ်မျိုးဖြစ်သည်”ဟု ဆိုပါသည်၊၊ “သားသမီး သည် တိုးတက်လာသောစီးပွားရေးဖြင့် မိဘကိုနှစ်သက်စေ၏၊ ပြုစုလုပ်ကျွေး၏၊ ထိုစီးပွားဥစ္စာကို ရန် သူမျိုးငါးပါးတို့ကမဖြက်ဆီးနိုင်ဘဲ ထာဝရတည်တန့်သည်”ဟု အခြားသောပါဠိတော်တနေရာတွင် ဖော် ပြထားပါသည်၊၊

သိင်္ဂါလောဝါဒသုတ်တွင် “မိဘတာဝန်”နှင့်“သားသမီးတာဝန်”များကိုလည်း မြတ်စွာဘုရားရှင်သည် တိ ကျစွာ လမ်းညွန်ထားပါသည်၊၊ မိဘများနှင့် သားသမီးများတို့သည် မြတ်စွာဘုရားရှင်ညွန်ပြတော်မူ သည့်တာဝန်များကိုကျေပွန်ကြလျင် မိဘနှင့်သားသမီး ချစ်မငြီးဘဲပျော်ရွှင်ဖွယ် သားသမီးနှင့်မိဘ ဆက်ဆံရေးကိုရရှိမည် ဖြစ်ပါသည်၊၊

မိသားစုတစ်စုတွင် မိဘနှစ်ဦးတို့သည် သားသမီး(၁၀)ခန့်ကို ပြုစုပျိုးထောင်နိုင်ကြသော်လည်း မိဘ နှစ်ဦးကို သားသမီး(၁၀)ဦးတို့မှ ၀မ်းဝအောင်မကျွေးမွေးနိုင်သဖြင့် မိဘအချို့လမ်းဘေးရောက်ရသည် ကို အရှင်ကိုယ်တိုင်တွေ့ရဘူးပါသည်၊ သားသမီးများအနေဖြင့် သတိပြုသင့်လှပါသည်၊၊

အရှင်“ဦးထွန်းလင်ခြံလမ်းရှိ ကျေးဇူးရှင်‘ဆရာကြီးဦးမြကြိုင်’၏ အင်္ဂလိပ်သင်တန်း”တွင် တက်နေစဉ်က ဖြစ်ပါသည်၊၊ သင်တန်းနှင့် ကိုက်တစ်ရာခန့်လမ်းဘေးတွင် နေ့စဉ်အဘွားအိုတစ်ဦး မြေနှင့်ဦးခေါင်းကို ထိထားပြီး တနေကုန်ပိုက်ဆံတောင်းနေသည်ကို တွေ့ရသည်၊၊

ဆရာကြီးမှ မိဘကျေးဇူးနှင့်ဆက်စပ်ပြီး သင်တန်းပို့ချရင်းပြောဆိုနေရာမှ အဘွားအိုအကြောင်းကို ပြောပြပါသည်၊၊ နံနက်မိုးမလင်းခင်တွင် ကားတစ်စီးနှင့်သမီးဖြစ်သူမှမိခင်အိုကြီးကို လမ်းဘေးတွင် ခွက်တစ်လုံးနှင့်ချထားခဲ့ပြီး ညနေမိုးချုပ်မှပြန်လာခေါ်သည်ဟု ပြောပြပါသည်၊၊

ထိုအကြောင်းကို သင်တန်းတက်သည့်ကျောင်းသားများ သိသွားကြသည်ကိုသိသောအခါတွင် အဘွား အိုကို ကျောင်းအနီးသို့လာမချတော့ဘဲ အခြားနေရာတွင်ချထားပြီး တောင်းစေပါသည်၊၊ ဤသည်မှာ အရှင်ကိုယ်တိုင်တွေ့ခဲ့ရသည့် ဖြစ်စဉ်လေးဖြစ်ပါသည်၊၊

နေ့စဉ်ဘ၀တွင် မိဘနှင့်သားသမီးအဆင်မပြေမှုများစွာကိုလည်း တွေ့ရပါသေးသည်၊၊ ထိုသို့ဖြစ်ရခြင်း မှာမိဘအချို့သည် ဗြဟ္မ၀ိဟာရတရားလေးမျိုးမှ “ဥပေက္ခာစွမ်းရည်”မရှိမှုကြောင့်ဖြစ်ရပြီး၊ အသားသမီး များဘက်မှမူလေးမျိုးလုံးကို သတိမမူသောကြောင့်ဖြစ်ရကြောင်း သုံးသပ်မိပါသည်၊၊

ဆိုလိုသည်မှာ မိဘများအနေဖြင့် သားသမီးများအသက်(၂၅)ကျော်ပြီးလျင် ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ကို ပေးရမည်ဖြစ်ပါသည်၊၊ အများအားဖြင့် မိဘများသည်သားသမီးတို့၏ အိမ်ထောင်ရေးကိုဝင်ရောက်စွပ် ဖက်လေ့ရှိကြပြီး၊ မိဘနှင့်သမီးအကြားပြဿနာများဖြစ်ပေါ်လာရခြင်း ဖြစ်ပါသည်၊၊

ပညာရေးနှင့် အလုပ်အကိုင်ရွေးချယ်ရာတွင်လည်း သားသမီးများ၏ ၀ါသနာနှင့်သီးခြားစီဖြစ်သော အလုပ်အကိုင်နှင့် ပညာရေးလမ်းကြောင်းများကို အတင်းအကြပ်စီစဉ်ပေးကြရာမှ မလိုအပ်သည့်မိဘ နှင့် သားသမီးပြဿနာများဖြစ်ပေါ်လေ့ရှိကြပါသည်၊၊

လူဟူသည် ကံအလျောက်လူ့ဘ၀ဟူသည်ကို ရရှိလာကြခြင်းဖြစ်ပါသည်၊၊ သားသမီးတို့အပေါ် ဗြဟ္မ၀ိ ဟာရတရားလေးမျိုးထားနိုင်လျင်ပင် မိဘတို့၏တာဝန်ကျေပွန်ပြီဖြစ်ပါသည်၊၊ အိမ်ထောင်ရေးစသည် များကို ပူပန်စိုးရိမ်ပြီးစီမံပေးခြင်းကိုမိဘများအနေဖြင့် သတိပြုသင့်လှပါသည်၊၊

“ဗြဟ္မ၀ိဟာရတရားလေးမျိုးကို စာပေတွင်မိဘများကျင့်ရသည်”ဟုသာ ဖော်ပြထားသောကြောင့် သား သမီးများသည် အမှုမဲ့အမှတ်မဲ့သာနေလေ့ရှိကြပါသည်၊၊ မိဘနှင့်သားသမီးကြားမှ ပြဿနာအချို့ သည် ဗြဟ္မ၀ိဟာရတရားလေးမျိုးကို သားသမီးများမကျင့်သုံးသောကြောင့်ဖြစ်ပေါ်လာရသည်ကို သတိပြုမိ သူ အလွန်နည်းပါသည်၊၊

မှန်ပါသည်၊၊ မိဘများသည်လည်း သာမန်လူများသာဖြစ်ကြ၍ သားသမီးများနည်းတူ အခွင့်အရေးရ သင့်ပါသည်၊၊ ဆိုလိုသည်မှာ သားသမီးများအနေဖြင့် မိဘများကိုနေရာတိုင်းတွင် ချုပ်ချယ်ရန်မသင့်ပါ၊၊ ဥပမာအားဖြင့် မိခင်သေဆုံးသဖြင့် ဖခင်များအိမ်ထောင်သစ်ပြုခြင်းနှင့်၊ ဖခင်သေဆုံးသဖြင့် မိခင်များ အိမ်ထောင်သစ်ပြုခဲ့လျင် လက်ခံရမည်ဖြစ်ပါသည်၊၊

အခြားသော မိဘများရသင့်သည့် နေ့စဉ်ဘ၀လွတ်လပ်ခွင့် အခွင့်အရေးများစွာလည်း ရှိပါသေးသည်၊၊ မိဘများသည် သားသမီးများနည်းတူ ပုထုဇဉ်များသာဖြစ်သည်ကို သတိပြုရပါမည်၊၊ လောကီရေး ရာပျော်ရွှင်မှုများနှင့် လူသားဆန်သည့်အပြုအမူများမိဘများပြုမူခဲ့သော် သားသမီးများမှ နားလည်ပေး ရမည် ဖြစ်ပါသည်၊၊

ဤသည်မှာ ဗြဟ္မ၀ိဟာရတရားလေးမျိုးမှ ဥပေက္ခာတရားကို သားသမီးများမှမိဘများအပေါ် ကျင့်သုံး ခြင်းဖြစ်ပါသည်၊၊ ဗြဟ္မ၀ိဟာရတရားလေးမျိုးကို ဆွေးနွေးခဲ့တင်ပြခဲ့သည့်အတိုင်း မိဘများတွင်မက သားသမီးများပါကျင့်သုံးလိုက်နာကြလျင် မိဘသားသမီး ပြဿနာမီးများမပွားတော့ဘဲ ပျော်ရွှင်ဖွယ် ဆက်ဆံရေးကို ရရှိမည်ဖြစ်ပါသည်၊၊

မိဘကျေးဇူးကို ဆပ်ပုံနှင့်ဆက်စပ်၍ ပါဠိတော်နေရာများစွာတွင် ဖော်ပြထားပါသည်၊၊ မိဘကျေးဇူးများ ကို လောကီနည်းဖြင့်မည်မျှကျေပွန်စေရန်ကြိုးပမ်းစေကာမူ မကျေနိုင်ဟူ၍ဖော်ပြထားပြီး၊ တရားဓမ္မ နည်းအားဖြင့်သာ ကျေပွန်စေနိုင်သည်ဟု ဖော်ပြထားပါသည်၊၊

မိဘများတွင် “သဒ္ဓါ သီလ ပညာစသည့် သူတော်ကောင်းတရား”များနည်းနေသေးလျင် ပြည့်ဝစေရန် ကျိုးစားပေးခြင်းနှင့်၊ ပြည့်ဝပြီးသည့်မိဘများဖြစ်လျင် ပိုမို၍သူတော်ကောင်းတရား တည်တန့်စေရန် အထောက်အပံ့ပြုပေးခြင်းဖြင့်သာ မိဘများ၏ကျေးဇူးကို ဆပ်နိုင်သည်ဟုဆို ညွန်ပြထားပါသည်၊၊

မြတ်စွာဘုရားရှင်သည် တာဝတိံသာနတ်ပြည်သို့တက်၍ မယ်တော်မာယာနတ်သားကို ပိဋကတ်သုံး ပုံမှ တစ်ပုံဖြစ်သည့်အဘိဓမ္မာပိဋကတ်ကို ဟောပြော၍ကျေးဇူးဆပ်တော်မူသည်ကို တွေ့ရပါသည်၊၊ ခမည်းတော်ဖြစ်သည့် သုဒ္ဓေါဓနမင်းကြီးကိုလည်း အနာဂါမ်တည်သည်အထိ တရားတော်များဟော ပြော၍ မိဘကျေးဇူးဆပ်တော်မူသည်ကို စာရှုသူတို့အတုယူသင့်လှပါသည်၊၊

ဤတွင် မိဘကျေးဇူးစာတမ်း အတိုင်းအတာတစ်ခုမျှပြီးပြည့်စုံပြီဟု ယူဆပါသည်၊၊ “အလင်းစက်စာပေ မြတ်နိုးသူများ” မိဘကျေးဇူးကိုသိတတ်ပြီး ကျေပွန်စွာဆပ်နိုင်စွမ်းရှိကြသည့် လူလိမ္မာ၊ အနာဂတ်၏ အဖိုးတန်၊ လူ့ယဉ်ကျေးများဖြစ်ကြပါစေကြောင်း ဆန္ဒပြုလျက်စာတမ်းကို အဆုံးသတ်အပ်ပါသည်၊၊ ၊၊


အရှင်ကေ၀လ(အလင်းစက်)
{မဟာဝိဇ္ဇာ-သီရိလင်္ကာ}
မကုဋာရာမမြန်မာကျောင်းတိုက်
ကိုလံဘိုမြို့၊ သီရိလင်္ကာနိုင်ငံ
 

အလွမ်းလေးနဲ့နှစ်ပါးသွားမယ်