ကျွန်တော် ခံစားချက်လေးတွေကို ဆက်လက်ဖော်ပြလိုက်ပါသည်။ မိသားစုတစ်ခုမှာ မိဘနှစ်ပါးဟာ သေကွဲသော်လည်းကောင်း ၊ရှင်ကွဲသော်လည်းကောင်း ကွဲကြပြီးဆိုရင် နောက်ဆုံး မှာတော့ သားသမီးများဟာ လူပုံအလယ်မှာ မျက်နှာငယ်စွာဖြင့် ကြီးပြင်း ရုန်းကန်ရတာ အတော်လေးကို ခံစားချက်ပြင်းလွန်းပါသည်။ ကိုယ်တွေ့ ဖြစ်ရပ်မှန်လေးတစ်ခု တင်ပြချင်ပါသည်။
အညာဒေသ ရွာလေးတစ်ရွာမှ မိသားစု နှစ်စုရဲ့အကြောင်းဖြစ်ပါသည်။ မိသားစုတိုင်းမှာ သားသမီး သုံးယောက်စီရှိကြ ပါသည်။ ကံကြမ္မာမုန်းတိုင်းက တိုက်ခတ်လာတော့လည်း ရှောင်ပြေးမရခဲ့ကြပါဘူး။ ပထမ မိသားစုမှာကြတော့ ဖခင်ဖြစ်သူက ပျော်စရာကောင်းသောမိသားစုမှ သေကွဲ ခွဲသွားပါတယ်။ ဒုတိယ မိသားစုမှာကြတော့ ဆန့်ကျင်ဘက် ဗျ...... မိခင်ဖြစ်သူက နွေးထွေးမှုတွေ စုစည်းရာ မိသားစုမှ သေကွဲ ခွဲသွား ပါတယ်။ ကျွန်တော်တင်ပြချင်တဲ့ အကြောင်းအရာက ဒီမိသားစု နှစ်စု၏ မိသားစု ခိုင်မြဲအောင် ဆက်လက်ထိန်းသိမ်း သွားပုံ၊ ဖရိုဖရဲ ဖြစ်ရရှာပုံ တွေကိုပြောပြချင်တာပါ။ိ
မိခင်သာရှိတော့တဲ့ မိသားစုကြတော့ မိခင်လုပ်သူဟာ နောက်အိမ်ထောင်ပြုချင်သော်လည်း အရှက်တရားကို လက်ကိုင်ထားပြီး သားသမီးတွေကို ဖခင်မေတ္တာတစ်မျိုး၊ မိခင်မေတ္တာ တဖုံ အမျိုးမျိုး ပေးပြီး ပျော်ရွှင်စရာကောင်းသော မိသားစုကြီးကို ဆက်လက်ထိန်းသိမ်းသွားတာ ယနေ့တိုင်ထိပါပဲဗျာ... ခုလောက်ဆိုရင် သားသမီးတွေ အိမ်ထောင်ကျပြီးဆိုတော့ မြေးတွေ ရနေလောက်ပါပြီး။ ဖခင်မရှိသော်လည်း ပျော်စရာကောင်းနေခဲ့ပါတယ်။
ဒုတိယမိသားစုမှာကြတော့တစ်မျိုးဗျ.... ဖခင်ဆိုတော့ မိခင်လောက်တော့ စေ့စေ့ စပ်စပ် ဂရုစိုက်မစိုက်ပေးနိုင်တော့ဘူးလေဗျာ.. ယောင်္ကျားဆိုတော့လည်း တစ်ပင်လဲတော့ နောက်တစ်ပင်ထူချင်ကြတာပေါ့.....နောက်အိမ်ထောင်ပြုရှာတော့ သားသမီးတွေမှာ ပိုပြီးတော့မျက်နှာငယ်ရရှာတာပေါ့.။ မိသားစုက ပိုပြီးတော့ စိတ်ပျက်ဖို့ကောင်းသွားပါတယ်....ခုချိန်ထိလည်း အဲဒီ မိသားစုဟာ တစ်ကွဲတစ်ပြားစီပါပဲ..
ကျွန်တော်ပြောချင်တာက ဖခင်ယောင်္ကျားတွေကို အပြစ်ပြောချင်တာမဟုတ်ပါဘူး။ မိသားစုတစ်ခုမှာ မိခင်၊ဖခင်တွေဟာအင်မတန် အရေးပါပုံ အရာရောက်ပုံကို ပြောပြ ချင်တာပါ။ မိစုံဖစုံ နေရတဲ့ သားသမီးတွေရဲ့ စိတ်ထားနဲ့ ဖအေမိဘ မစုံပဲ နေရတဲ့ သားသမီးတွေဟာ အင်မတန်ကွာခြားပါတယ်။ လက်တွေ့ ခံစားဖူးမှ နားလည်ကြမှာပါ.။
၁။ ကျွေးမွေးမပြတ်
၂။ ဆောင်ရွက်စီမံ
၃။ မွေခံထိုက်စေ
၎။ လှူမျှဝေ၍
၅။ စောင့်လေမျိုးနွယ် ဝတ်ငါးသွယ် ကျင့်ဖွယ်သားတို့သာ။
ဒါကြောင့် သားသမီးဖြစ်သူတွေဟာ မိဘနှစ်ပါး ရှိနေစဉ်မှာ သားသမီးဝတ္တရား (၅)ပါး အညီ ပြုစုစောက်ရှောက်ပေးကြပါလို့ တောင်းဆို ဂါရဝ ပြုချင်ပါသည်။
ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ
ေ

No comments:
Post a Comment