ကျွန်တော်တို့ ဗုဒ္ဓဘာသာမှာ အနန္တောအနန္တ (၅) ပါးရှိပါတယ်။ အဲဒါတွေကတော့
၁။ ဗုဒ္ဓဂုနောအနန္တော
၂။ဓမ္မဂုနောအနန္တော
၃။သံဃာဂုနောအနန္တော
၎။မာတာပိတုဂုနောအနန္တော
၅။အာစရိယဂုနောအန္တော ဆိုပြီး (၅)ပါးဖြစ်ပါတယ်။
ဤ (၅)ပါးအနက်မှ ရင်ခွင်မဲ့သားငယ် အနေနဲ့ တင်ပြချင်တာကတော့ စတုတ္ထမြောက်ဖြစ်သော မာတာပိတုဂုနောအနန္တော ၏ ခမ်းနာကြီးကျယ်ပုံကို ရင်တွင်းခံစားချက်လေးတစ်ခုအဖြစ် တင်ပြချင်ပါတယ်။
မိသားစုတစ်ခုမှာ ဖေဖေ ၊မေမေ ၊ သား ၊ သမီး ဆိုပြီး ပုဂ္ဂိုလ် လေးဦးဟာ မရှိမဖြစ်လိုအပ်မယ်လို့ထင်ပါတယ်။ မိသားစုတိုင်းဟာ သားသမီးတွေရှိမှ လင်နဲ့မယား အိမ်ထောင်သက်တမ်းရှည်ပြီး ပျော်ရွှင်ရမှာဖြစ်သလို ၊ မဖေ ၊အမေ အဓိကကျသောသူ ရှိနေမှလည်း သားသမီးတွေက လူပုံအလည်မှာ မျက်နှာမငယ်ရမှာ ဧကန်အမှန်ဖြစ်မယ်လို့ ကျွန်တော်ယူဆမိပါသည်။
ဥပမာအားဖြင့်....... .......သားသမီးမရှိတဲ့ မိသားစုတစ်ခု၏အကြောင်းကို ပြောကြည့်ရအောင်....
လက်ထပ်ပြီးခါစကတော့ တစ်ယောက်နဲ့တစ်ယောက်ကလည်းအရမ်းချစ်တယ်၊ စီပွါးရေးကလည်းပြည့်စုံတယ်.အရမ်းသင့်မြတ်နေပါလိမ့်မယ်။ အိမ်ထောင်သက်လည်းကြာလာရော ကွက်လပ်လေးတစ်ခုက ထင်းခနဲ့ပေါ်လာပါတော့တယ်။ အဲဒါဘာလည်းဆိုတော့ သားသမီးရတနာလို့ ခေါ်တဲ့မိသားစုတစ်ခုရဲ့ မရှိမဖြစ်လိုအပ်သော အဆင်တန်ဆာဖြစ်ပါတယ်..အခုချိန်ကစပြီး လင်နဲ့မယားကြားမှာပြဿနာကစတတ်ပါပြီး။ နောက်ဆုံး ဘယ်လိုမှ အဆင်မပြေတော့ ဘာဖြစ်ကြလဲ...
တချို့ကတော့ လင်မယားချင်း ကွာရှင်းကြ ၊ ပိုက်ဆံတတ်နိုင်သောသူကတော့ ဖန်ပြွန်သန္ဒေသားဖြင့် သားသမီးရတနာ ရယူပြီး ပျော်ရွှင်စရာ မိသားစုလေးတစ်ခုဖြစ်အောင် ဖန်တီးသွားကြပါတယ်..။
အဓိက ကျွန်တော်ပြောချင်တဲ့အကြောင်းက အဖေ မရှိသော သားသမီးများရဲ့ ခံစားချက်၊ အမေမရှိသော သားသမီးများရဲ့ခံစားချက်၊ အဖေ၊ အမေ နှစ်ဦးစလုံးမရှိသော သားသမီးများရဲ့ ခံစားချက် လေးတွေအကြောင်း ကို မျှဝေ ခံစားစေချင်တာပါ။ ကျွန်တော် ( မြတ်နိုးချစ်မောင်) ဟာ အမေမရှိသော သားတစ်ယောက် ဖြစ်ပါတယ်။ ပထမဦးစွာ ကျွန်တော့်ခံစားချက်လေးပဲ မျှဝေပေး ခံစား
ပေးချင် ပါတယ်။ ကျွန်တော့်အမေဟာ ကျွန်တော် ၅နှစ်သားကတည်းက ပျော်စရာကောင်းတဲ့မိသားစု အသိုက်အမြုံထဲကနေ ထွက်ခွါ သွားတာပါ။ ခုဆိုရင် ၂၂နှစ်တောင်ကျော်သွားပါပြီး။ ဒီလောက်တောင်ကြာပြီဆိုရင် ကျွန်တော် ရင်ထဲမှာ ခံစားချက်တွေ ဘယ်လောက်တောင်ရှိနေမလဲဆိုတာ စာဖတ်သူ အရမ်းသိချင်နေမှာပဲလို့ ခံစားမိပါတယ်။ ရင်နင့်နေအောင်ခံစား ခဲ့ရပါတယ်။
ဥပမာ.... စာဖတ်သူအနေဖြင့် ဗုဒ္ဓဂုနောအနန္တော ကိုတောင်းတခဲ့ရင် ဘာလုပ်မလဲ?
ဘုရား ၊ကျောင်းကန်သွားပြီးတောင်းတမှုကို ဖြေဖျောက်လို့ရပါတယ်။ ဓမ္မဂုနောအနန္တော သံဃာဂုနောအနန္တော ၊အာစရိယဂုနောအနန္တောတို့ကို တောင်းတခဲ့ရင်လည်း တောင်းတမှုကို လုပ်ယူပြီး ဖြေဖျောက်လို့ရပါမယ်..နောက်ဆုံး ဖအေမိဘ မပြည့်စုံသော သားသမီးတစ်ယောက်က မာတာပိတုဂုနောအနန္တော ကို တောင်းတလာ ခဲ့ရင် ဘယ်လိုအရာနဲ့ ဖြေဖျောက်မလဲ၊ အစားထိုးမလဲဆိုတာကို စာဖတ်သူ များသိခဲ့ရင် ကျွန်တော့်ကို အသိပေးစေချင်ပါတယ်။ ကျွန်တော်ကတော့ ဘာနဲ့မှအစားထိုးလို့မရခဲ့ပါဘူး။ အဲဒီအချိန်ဟာ ကျွန်တော့်အတွက် ကမ္ဘာပျက်တဲ့နေ့တစ်နေ့ပါပဲ... ဘယ်လိုအချိန်တွေမှာ တောင်းတမှုဖြစ်သလဲဆိုရင်... ကျွန်တော့်အတွက် အသုံးအဆောင်တစ်ခုခုလိုသောနေ့၊ ဆရာ၊ဆရာမတွေက ဒီနေ့ အဖေဖြစ်ဖြစ်၊ အမေဖြစ်ဖြစ် တစ်ယောက်ယောက် ခေါ်ခဲ့ရမယ်လို့ပြောတဲ့နေ့၊ ဟိုဟိုဒီဒီ လျှောက်သွားလို့ မိဘနဲ့ သားသမီး ရယ်မောပြီး ပျော်ပျော်ရွှင်ရွှင် နေတာတွေ့သောနေ့တွေဟာ ( မြတ်နိုးချစ်မောင်) အရှင်လတ်လတ် ငရဲကျသလို ခံစားခဲ့ရပါတယ် ဗျာ။ ဒီ post ကို ရေးနေရင်တောင် ငိုမိပါတယ်။ အထက်နားမှာ ကျွန်တော်ပြောထားခဲ့ပါတယ် ကျွန်တော်မှာ အမေမရှိဘူးလို့လေ.. ဒါဆိုရင် အဖေရှိရမှာပေါ့.. ဟုတ်တာပေါ့ .ရှိပါတယ်။ ယောင်္ကျားတို့ ထုံးစံကရှိထားပြီးသားလေ တစ်ပင်လဲတော့တစ်ပင်ထူပေါ့ ၊နောက်တစ်ပင်လဲပြန်တော့လည်း နောက်တစ်ပင်ထူး..ထုံးစံအတိုင်း လိုက်နာကြရတာပေါ့ဗျာ။ နောက်ဆုံးမှာတော့ သားသမီးတွေက မြေဇာပင်ဖြစ်ရရှာတာပေါ့........(ဖေဖေကို အပြစ်လုံးဝမမြင်ခဲ့ပါ )
ဘာလို့လည်းဆိုတော့ သူကကျွန်တော့်ဖေဖေလေ..ဘာပဲလုပ်လုပ်ကျေနပ်ခဲ့တယ်...ခံစားမှုတွေကိုတော့ ရင်ထဲမှာပဲ သိမ်းထားခဲ့တယ်.. ကျွန်တော့် ခံစားချက်လေးတွေ မျှဝေ ခွင့်ရတဲ့အတွက် စာဖတ်စသူ ပရိတ်သတ်များကို အထူးကျေးဇူး တင်ပါတယ်
ဆက်လက်မျှဝေသွားပါဦးမည်..
ကျန်းမာချမ်းသာကြပါစေ

No comments:
Post a Comment